ငယ်ငယ်က စာမဖတ်နိုင်ခဲ့လို့ ကျောင်းကနေ အထုတ်ခံဖူးတဲ့ မင်းသမီး Maya Hawke

Instagram

Lady World တို့၊ Once Upon a Time in Hollywood တို့ Mainstream တို့ အပြင် Stranger Things Season 4 မှာ မင်းသမီးအဖြစ်ပါဝင်ခဲ့တဲ့ Maya Hawke ကို ရုပ်ရှင်ချစ်ပရိတ်သတ်တွေကတော့ အနည်းနဲ့အများ မျက်မှန်းတန်းမိကြမယ်လို့ ထင်မိပါတယ်။

 

View this post on Instagram

 

A post shared by Maya Ray (@maya_hawke) on

 

View this post on Instagram

 

A post shared by Maya Ray (@maya_hawke) on

သူမဟာ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ NPR နဲ့ အင်တာဗျူးမှာ သူမရဲ့ ငယ်ငယ်တုန်းက ကျောင်းနေစဉ်အမှတ်တရတွေကို ပြောပြလာခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် Maya Hawke ဟာ ကျောင်းတုန်းက dyslexia ဝေဒနာရှိဖူးပါတယ်။ Dyslexia ဟာ သင်ယူမှုမှာ အားနည်းတဲ့  ဝေဒနာတစ်ခုပါ။

READ
သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော် ပါးပါး မွေးနေ့ပါတီ ကျင်းပခဲ့တဲ့ နေခြည်ဦး

ဒါကြောင့်ပဲ Maya Hawke ဟာ သက်တူရွယ်တူကလေးတွေအတိုင်း စာကိုသေချာမဖတ်နိုင်ပါဘူး။ ကျောင်းမှာစာမေးလိုက်တိုင်း သေချာစာမလုပ်နိုင်တဲ့အတွက်ကြောင့် ကျောင်းကနေတောင် သူမကို ထုတ်ပယ်ခဲ့တာပါ။ နောက်တော့ dyslexia ကျောင်းကိုပြောင်းကာ စာသင်ခဲ့ရပါတယ်တဲ့။ ငယ်ငယ်တုန်းကတော့ ဒါကြောင့် ကျောင်းသားအချင်းချင်း နှိမ်ချဆက်ဆံမှုတွေ၊ အနိုင်ကျင့်မှုတွေရှိနေခဲ့လို့ စိတ်ဓာတ်ကျ သိမ်ငယ်စိတ်တွေဝင်ခဲ့ဖူးပေမယ့်လို့ အခုတော့ ဒါဟာ သူမအတွက် အမြတ်တော်ထွက်နေပါပြီတဲ့။

 

 

View this post on Instagram

 

A post shared by Maya Ray (@maya_hawke) on

ဘာကြောင့်လဲဆိုရင် လောကမှာ စာတွေလေ့လာကျက်မှတ်ပြီးမှ လုပ်နိုင်မယ့်အသက်မွေးဝမ်းကျောင်းတွေအပြင် ဘဝမှာလည်း တခြားသော ရွေးချယ်စရာတွေ အများကြီးရှိတယ်ဆိုတာကို သူမရဲ့ dyslexia ဝေဒနာက သင်ပြသွားပေးလို့ပဲဖြစ်ပါတယ်တဲ့လေ။

READ
သင်္ကြန်ဖက်ရှင်ကြောင့် ဝေဖန်ခံနေရတဲ့အပေါ် ကျော်ထက်အောင်တုံ့ပြန်

penny

 

SHARE