Maybelline ရဲ့ မျက်နှာသစ်မော်ဒယ်အဖြစ်ရွေးချယ်ခဲ့တဲ့ အာရှသူလေး Estelle Chen

@chen_estelle/Instagram

နယူးယောက်အခြေစိုက် Maybelline အလှကုန်တံဆိပ်ဟာ ပြီးခဲ့တဲ့ ၅ ရက်လောက်တုန်းက သူ့ရဲ့ Instagram ကနေပြီး မျက်နှာသစ်မော်ဒယ်လေးတစ်ယောက်ကို ကြောငြာခဲ့ပါတယ်။ သူမကတော့ အာရှသူလေး Estelle Chen ပါ။

@chen_estelle/Instagram
@chen_estelle/Instagram

ပြင်သစ်-တရုတ်သွေးနှောသူလေးဖြစ်ပြီး တရုတ်နိုင်ငံမှာ စူပါမော်ဒယ်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ Estelle Chen နဲ့ Maybelline တို့ဟာ အလုပ်တွေအတူတွဲလုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါပြီဆိုပြီး Star 2 မှာ ဖော်ပြထားခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး Estella Chen ကတော့ Maybelline New York မိသားစုထဲမှာ တစ်ယောက်အပါဝင်အဖြစ် သတ်မှတ်ခံခဲ့ရလို့ သိပ်ဝမ်းသာနေပြီဖြစ်ကြောင်းလည်း ပြောသွားခဲ့ပါသေးတယ်။ Estella Chen ဟာ အသက် ၂၁ နှစ်သာရှိသေးပြီး ဒီလိုငယ်ငယ်ရွယ်ရွယ်မှာတင် အမျိုးသမီးတို့ရဲ့ အင်အားကို အကောင်းဆုံးဖော်ပြတာတွေ၊ ထောက်ပံ့မှုပေးတာမျိုးတွေ လုပ်ပေးနေတဲ့ Maybelline မှာ အကိုင်းခတ်တစ်ခုအဖြစ် ပါဝင်ခွင့်ရတာဟာ အရမ်းကို ကံကောင်းလျက်ရှိနေပါတယ်။

READ
ရည်းစားကို ကိုယ်ဝန်ရှိပြီလို့ စနောက်လိုက်တဲ့အပေါ် ရည်းစားရဲ့တုန့်ပြန်မှုကြောင့် မင်သက်ခဲ့ရ
@chen_estelle/Instagram

Estella Chen အကြောင်းကိုပြောမယ်ဆိုရင်တော့ ပဲရစ်မှာမွေးတဲ့ တရုတ်သွေးတစ်ဝက်နှောကောင်မလေးတစ်ယောက်ဖြစ်ပြီး ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တို့ရဲ့ Victoria’s Secret fashion show မှာလည်း လျှောက်လှမ်းဖို့ ကမ်းလှမ်းခံခဲ့ရသလို နာမည်ကြီးဇိမ်ခံတံဆိပ်တွေဖြစ်တဲ့ Chanel, Dior, Dolce & Gabbana, Moschino နဲ့ Maison Margiela တို့ရဲ့ runway fashion show တွေမှာလည်း လျှောက်နေဆဲဖြစ်ပါတယ်။ ဒီအပြင် H&M တို့ Vera Wang တို့လို အဝတ်အထည်ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ကြောငြာရိုက်ကူးရေးတွေ လုပ်ပေးခဲ့ဖူပါသေးတယ်။

ဒီတစ်ခေါက်မှာတော့ Maybelline ရဲ့ ၁၀ နှစ်ပြည့်ပွဲကြီးမှာ ပင်တိုင်မော်ဒယ်များဖြစ်တဲ့ Gigi Hadid, Adriana Lima နဲ့ Herieth Paul တို့နဲ့အတူ Estella Chen ကိုလည်း စတင်မိတ်ဆက်ကာ ပွဲထုတ်သွားမှာပါတဲ့။

READ
ဈေးကြီးတဲ့ မင်္ဂလာဝတ်စုံဝတ်ချင်လို့ အရံသူငယ်ချင်းတွေကို ပိုက်ဆံစုထည့်ခိုင်းခဲ့တဲ့ သတို့သမီး
@chen_estelle/Instagram
@chen_estelle/Instagram
@chen_estelle/Instagram

Penny

SHARE