ပန်းကော်ဇောကြီးခင်းထားသလို မျက်စိတစ်ဆုံးလှနေတဲ့ လာဗင်ဒါစိုက်ခင်းကြီး

Instagram/mayfieldlavender

မကြာသေးခင်က အင်္ဂလန်နိုင်ငံ ဆာရေးကောင်တီထဲမှာရှိတဲ့ ပန်းရောင်စုံခင်းကြီးတစ်ခုဟာ အွန်လိုင်းပေါ်မှာ အရမ်းခေတ်စားလာခဲ့ပါတယ်။ ၄င်းပန်းခင်းကြီးဟာ Mayfield Lavender farm လို့အမည်ရပြီး ပန်းခင်းကြီးကို ဘရန်ဒန်မေဆိုသူက (၉၀) ခုနှစ်နှောင်းပိုင်းမှာ စတင်ဖန်တီးခဲ့ပြီး (၂၀၀၈) ခုနှစ်အရောက်မှာတော့ စီးပွားရေးလုပ်ငန်းအတွက် စိုက်ခင်းကြီးကို ဖွင့်လှစ်ပြသခဲ့တာ ဖြစ်ပါတယ်။

လာဗင်ဒါစိုက်ခင်းကြီးဟာ ပြီးခဲ့တဲ့နှစ်တွေအတောအတွင်းမှာပဲ ဓာတ်ပုံရိုက်ယူဖို့ ရှူခင်းရှူကွက်တွေ ကောင်းလွန်းတဲ့အတွက် အလျင်အမြန်ပေါ်ပြူလာဖြစ်ခဲ့တာပါ။ အင်စတာဂရမ်အသုံးပြုသူတွေကလည်း ပန်းခင်းကြီးကို တော်တော်လေး နှစ်သက်ပုံရပြီး #MayfieldLavender နဲ့ရှာလိုက်ရင်ပဲ ရလဒ်() သောင်းကျော်လောက် ပေါ်လာနေပြီ ဖြစ်ပါတယ်။ ပန်းခင်းကြီးက အွန်လိုင်းပေါ်မှာ ကျော်ကြားလာပြီးတဲ့နောက် ဧည့်သည်အယောက်များစွာတို့က လာရောက်ကြတာကြောင့် လမ်းတွေပိတ်ကုန်တာရယ်၊ လူထူထပ်ပြည့်ကျပ်လွန်းလာတဲ့ ဘူတာရုံတွေနဲ့ ဆူညံသံတွေကြောင့် ဒေသခံတွေကတော့ ငြီးငြူလျက်ရှိနေပါတယ်။

mayfieldlavender/Instagram

ပန်းခင်းကြီးဟာ လန်ဒန်မြို့လယ်ခေါင်ကနေ (၁၅) မိုင်လောက်သာ ကွာဝေးပါတယ်။ ပန်းခင်းကြီးထဲကို အသက်(၁၆) နှစ်နဲ့အထက် လူတွေကိုသာ ပေးဝင်ပြီး တစ်ယောက်ကို (.၁၄) ဒေါ်လာကျသင့်မှာ ဖြစ်ပါတတယ်။ ပန်းခင်းကြီးထဲမှာတော့ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်နဲ့ ကော်ဖီဆိုင်လည်း ရှိပါတယ်။ ပန်းခင်းကြီးထဲကို ၀င်ရောက်ခွင့်ရတဲ့ ဧည့်သည်တွေဟာ ပန်းခူးတာတွေတော့ မလုပ်ရပါဘူး။ တစ်ကယ်လို့ ပန်းတွလိုချင်တယ်ဆိုရင်တော့ ပန်းစည်းတစ်စီးကို () ဒေါ်လာနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

mayfieldlavender/Instagram

MayfieldLavender ကတော့ စနေ၊တနင်္ဂနွေနှစ်ရက်ကို ရှောင်ပြီး ပန်းခင်းကြီးဆီလာကြဖို့ တိုက်တွန်းထားပယ်။ ပိတ်ရက်တွေမှာ လူအရမ်းများလွန်းတဲ့အခါ ကားပါကင်နေရာမှာလည်း အခက်အခဲတွေရှိတာကြောင့် အတတ်နိုင်ဆုံး ကြားရက်တွေမှာပဲ လာခဲ့ကြဖို့လည်း MayfieldLavender ၀က်ဆိုက်ဒ်မှာ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အောက်ပါတွေ့ရမှာကတော့ ပန်းခင်းကြီးတစ်လျှောက် လမ်းလျှောက်နေတဲ့သူ၊ ပန်းခင်းကြီးကြားထဲမှာ ဖြတ်ပြီး ထိုင်နေတဲ့သူ၊ ဓာတ်ပုံရိုက်ဖို့ သူငယ်ချင်းတွေနဲ့ ပို့စ်ပေးနေသူတွေကို အသီးသီးတွေ့ရမှာဖြစ်ပါတယ်။

mayfieldlavender/Instagram
mayfieldlavender/Instagram
mayfieldlavender/Instagram
mayfieldlavender/Instagram

လင်းလင်း (ShweMom)

READ
သွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံးစားသောက်ဆိုင်များ

Re : mayfieldlavender.com

SHARE