လမ်းမပြင်ပေးလို့ဆိုပြီး မြို့တော်ဝန်ကို ထရပ်ကားနဲ့လမ်းတရွတ်တိုက်ဆွဲခဲ့တဲ့ ရွာသားများ

TwitterEl/Heraldo de Mexico

မက္ကစီကိုမြို့တော်ဝန်တစ်ဦးဟာ ၄င်းစည်းရုံးရေးကမ်ပိန်းဆင်းခဲ့စဉ်က ပေးခဲ့တဲ့ကတိတွေကို မတည်တဲ့အတွက် ရွာသားတွေဟာ မြို့တော်ဝန်ကို လမ်းတစ်လျှောက် ကားနဲ့တရွတ်တိုက်ဆွဲခဲ့ကြောင်း dailymail သတင်းအရ သိရပါတယ်။ ၄င်းမြို့တော်ဝန်ဟာ Chiapas ပြည်နယ် Las Margaritas မြို့မှ Jorge Luis Escandon Hernandez ဆိုသူပါ။

မြို့တော်ဝန်ကိုတော့ ဒေါသထွက်နေတဲ့လူအုပ်ကြီးကနေ ၄င်းရဲ့ ရုံးခန်းထဲထိ လာပြီး အတင်း ခေါ်ဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဖြစ်ပျက်ခဲ့တာပါ။ El Heraldo de Mexico သတင်းအရ လူအုပ်ကြီးက မြို့တော်ဝန်ဟာ လူထုအပေါ်မှာ ပေးခဲ့တဲ့ကတိတွေကို ပျက်ကွက်တယ်ဆိုကာ ရုံးခန်းထဲမှာရှိနေတဲ့ မြို့တော်ဝန်ကို အင်အားသုံး ခေါ်ဆောင်သွားခဲ့ကြပါတယ်။

twitter/Tina Fresca Chapas

ပြီးတဲ့အခါ မြို့တော်ဝန်ကို ပစ်ကပ်ထရပ်ကားနောက်မှာ ကြိုးနဲ့ချည်ပြီး လမ်းတစ်လျှောက် ဆွဲသွားခဲ့ပါတယ်။ ထိတ်လန့်ဖွယ်ကောင်းတဲ့ ၄င်းဖြစ်ရပ်ကိုတော့ (၁၇) စက္ကန့်ကြာ ဗီဒီယိုအတိုလေးထဲမှာ တွေ့လိုက်ရတာ ဖြစ်ပါတယ်။ အခင်းဖြစ်ရာနေရာမှာတော့ မြို့တော်ဝန်ကို ပြန်ပေးဆွဲတဲ့သူတွေနဲ့ ပြန်လည်ခုခံကာကွယ်နေတဲ့သူတွေဟာ အချင်းချင်း တုတ်တွေနဲ့ရိုက်နှက်ပြီး ဖြစ်ချင်တိုင်းဖြစ်နေတာကိုလည်း မင်းမဲ့စရိုက်ဆန်စွာ တွေ့မြင်ရပါသေးတယ်။

READ
အိမ်ထဲမှာ ခြင်္သေ့မွေးထားမိလို့ အဝေဖန်ခံနေရတဲ့ ပါကစ္စတန်ခရစ်ကက် ကစားသမားဟောင်း

၎င်းမြို့တော်ဝန်ကို လူတွေက ကားနောက်မှာ ကြိုးချည်ပြီး မြို့ထဲလှည့်လည်မောင်းနှင်ခဲ့ပါတယ်။ ရဲသားအယောက် (၄၀) ဟာ ဒီအကြမ်းဖက်မှုဖြစ်စဉ်ကို တားဆီးခဲ့ကြရပြီး လူအယောက်(၂၀) ဒဏ်ရာရကာ အနည်းဆုံးအယောက် (၃၀) ကို စခန်းမှာ ဖမ်းဆီးထားခဲ့ပါတယ်။ မြို့တော်ဝန်ကတော့ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။

Twitter/El Heraldo de Mexico

ဒီဖြစ်ရပ်အပြီးမှာ မြို့တော်ဝန်ဟာ(၈) နာရီကြာ မိန့်ခွန်းပြောခဲ့ပါသေးတယ်။ မိန့်ခွန်းထဲမှာတော့ မြို့တော်ဝန်က သူဟာ ခြိမ်းခြောက်လည်း ကြောက်မှမဟုတ်ပဲ သူ့ကို အဓမ္မခေါ်ဆောင်မှု၊ လူသတ်ရန်ကြံစည်မှုတို့နဲ့ တရားစွဲမယ်လို့လည်း ဆိုပါသေးတယ်။ ၄င်းဒေသခံတွေအနေနဲ့ မြို့တော်ဝန်ကို တိုက်ခိုက်တဲ့အကြောင်းရင်းဟာ မြို့တော်ဝန်မဖြစ်ခင်တုန်းက ပေးထားတဲ့ ၄င်းရဲ့ကတိတွေကို မတည်လို့ဖြစ်ပြီး ဒေသတွင်းလမ်းတွေကို ပြင်မယ်လို့ပြောပြီး မပြင်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE