(၁) ယူရိုနဲ့ အလကားနီးပါး အိမ်တွေပေးနေတဲ့ အီတလီက စစ်စလီကျွန်း

အီတလီနိုင်ငံက စစ်စလီကျွန်းမှာ နှစ်လိုဖွယ်ကောင်းပေမယ့် အနည်းငယ် ပြန်လည်ပြုပြင်ဖို့ လိုအပ်နေတဲ့ အိမ်တွေကို (၁) ယူရိုထဲနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ရောင်းချမယ့် နေရာလေးကတော့ ဆန်ဗျူကာရွာလေးမှာ ဖြစ်ပြီး ၄င်းရွာလေးက နှစ်ပေါင်းများစွာ လူဦးရေ လျော့နည်းလာမှုကို ခံစားခဲ့ရတာပါ။ စစ်စလီကျွန်းမြို့ဝန်ကတော့ အိမ်တွေကို အလကားနီးနီးပေးပြီး (၃) နှစ်အတွင်းမှာ ပြန်လည်ပြုပြင်ပြီး နေထိုင်ကြဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

Afrinik

မြို့တော်ဝန်ရဲ့ အိမ်ရောင်းစီမံချက်နဲ့ ပတ်သက်လို့ သတင်းတွေ ထွက်လာပြီးနောက်မှာ ရာပေါင်း ထောင်ပေါင်းများစွာသော လူတွေက အိမ်တွေကို ၀ယ်ယူဖို့ လျှောက်လွှာတင်ခဲ့ကြပါတယ်။ ဆန်ဗျူကာရွာလေးက နယ်နယ်ရရတော့ မဟုတ်ပါဘူး။ သူက (၂၀၁၆) ခုနှစ်မှာ အီတလီရဲ့ အလှဆုံးရွာလေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရွာမှာနေထိုင်သူဦးရေက တစစနဲ့ နည်းပါးလာတာကြောင့် ရွာအိမ်တော်တော်များများက အခွံလွတ်ကြီးတွေသာ ဖြစ်နေပါတယ်။

Insider

တကယ်လို့များ အိမ်ခွံလွတ်တွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်မယ်၊ အိမ်ပိုင်ရှင်အသစ်တွေကလည်း အိမ်ကို ပြန်ပြီး ပြင်ပြင်ဆင်ဆင်နိုင်မယ်ဆိုရင် ရွာမှာ လူဦးရေ  ခေါင်ခိုက်နေတဲ့ ပြဿနာကို ဖြေရှင်းပြီး ဖြစ်မယ့်အပြင် ရွာဟာလည်း လူဦးရေစည်စည်ကားကားနဲ့ ပြန်လည်စိုပြေလာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ရွာခံအိမ်တွေက နှစ်ပေါင်းများစွာ အစွန့်ပစ်ခံထားရတာမို့ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြန်လည်ပြုပြင်နေထိုင်နိုင်ဖို့ အများကြီး လိုအပ်နေပါတယ်။

READ
ပုံမမှန်တဲ့ရင်သားကြောင့် ခွဲစိတ်မှုခြောက်ကြိမ်အထိလုပ်ခဲ့ရတဲ့မော်ဒယ်လ်

Telegraph

တစ်ယူရိုတန် အိမ်ဝယ်ယူမှုမှာ စပေါ်ငွေ ယူရို ငါးထောင်(မြန်မာကျပ် ၈၆ သိန်းဝန်းကျင်) နဲ့အတူ အိမ်ဟောင်းပြန်လည်ပြင်ဆင်ဖို့အတွက် အနည်းဆုံး ယူရိုတစ်သောင်းခွဲ (မြန်မာကျပ် သိန်း ၂၆၀ ၀န်းကျင်) ကို သုံးစွဲရမှာ ဖြစ်ပါတယ်။ အိမ်ပြန်လည်ပြင်ဆင်မှုဟာ (၃) နှစ်အတွင်း ပြီးစီးရမှာဖြစ်ပြီး အိမ်ပြင်ဆင်ပြီးတဲ့ အခါမှာတော့ စပေါ်ငွေကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ၄င်း စီမံချက်ကိုတော့ “Case1Euro” လို့ သိကြပြီး ပြီးခဲ့တဲ့အပတ်ကစလို့ အိမ်ရောင်းချခဲ့ရာမှာ တစ်နေ့တည်းနဲ့တင် လျှောက်လွှာပေါင်း (၃၉,၀၀၀) ကို လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail, homesandproperty

SHARE