Club က အကမယ်နဲ့ စေ့စပ်လိုက်ပြီလို့ သတင်းထွက်နေတဲ့ လက်ဝှေ့ကျော် Mayweather

[email protected] thereal.annamonroe [email protected] floydmayweather

ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်တဲ့ Floyd Mayweather ကိုတော့ လူတော်တော်များများ သိရှိကြမှာပါ။ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Mayweather ဟာ လက်ဝှေ့လောကမှာ ပြိုင်ဖက် လက်ဝှေ့သမားတွေကို သူမတူအောင် ထိုးသတ်အနိုင်ယူနိုင်တဲ့ လက်ဝှေ့ချန်ပီယံတစ်ယောက် ဖြစ်သလို သူပိုင်ဆိုင်တဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို သူ့ရဲ့ IG မှာ မကြာခဏ ပို့စ်တင်လေ့ရှိတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ ဆိုရှယ်မီဒီယာမှာ Mayweather နဲ့ ပတ်သတ်ပြီး ရေပန်းစားနေတဲ့ ပို့စ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ Mayweather ကြီးတစ်ယောက် နိုက်ကလပ်က အဖော်အချွတ်မယ်တစ်ယောက်နဲ့ စေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Monroe 💋. (@thereal.annamonroe)

Mayweather တစ်ယောက် စေ့စပ်လိုက်တ်ဆိုတဲ့ အမျိုးသမီးကတော့ တစ်ခြားလူ မဟုတ်ပါဘူး။ Mayweather ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားတဲ့ Las Vegas Club ရဲ့ Girl Collection အဖွဲ့ထဲက Anna Monroe လို့ အမည်ရတဲ့ အဖော်အချွတ်မယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Anna ဟာ မကြာခဏဆိုသလို Mayweather နဲ့ ပါတီပွဲတွေမှာ အတူတူ ရှိနေခဲ့တာကို ပတ်ဝန်းကျင်ကလူတွေက သတိထားခဲ့မိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အပေါ်ကပုံကလည်း Mayweather တစ်ယောက် Anna ကို စေ့စပ်ခဲ့တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဓာတ်ပုံတစ်ခုဖြစ်ပါတယ်။ သေချာကြည့်လိုက်ရင်တော့ Anna ရဲ့ လက်မှာ ဝတ်ထားတဲ့ စိန်လက်စွပ်ကြီးက သက်သေပါပဲ။

READ
WWE ကနေ အနားယူတော့မယ့်အကြောင်း ပရိသတ်တွေကို ပြောပြခဲ့တဲ့ The Undertaker
[email protected] thereal.annamonroe

 

 

View this post on Instagram

 

A post shared by Monroe 💋. (@thereal.annamonroe)

အဆိုဓာတ်ပုံ မထွက်လာခင်ကတည်းက Mayweather တစ်ယောက် Anna နဲ့ စေ့စပ်တယ်ဆိုတဲ့ သတင်းတွေက မီဒီယာတွေကြား ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Anna ရဲ့ ပတ်ဝန်းကျင်က ကြားရတဲ့ သတင်းတွေအရဆိုရင်တော့ Anna ဟာ သူမရဲ့ မိသားစုကိုတောင် Mayweather နဲ့ စေ့စပ်ထားတဲ့ အကြောင်းကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ဒီ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ Anna နဲ့ Mayweather တို့ဟာ ကလေးယူဖို့ အစီအစဉ်ရှိကြောင်း သိခဲ့ရပါတယ်။

 

View this post on Instagram

 

A post shared by Floyd Mayweather (@floydmayweather)

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး The Sun သတင်းဌာနက Mayweather ကို လှမ်းမေးတဲ့ အချိန်မှာတော့ May-weather ဖက်ကနေ အဆိုပါ သတင်းတွေဟာ အလိမ်အညာတွေသာဖြစ်ကြောင်း၊ သူ့အနေနဲ့ Anna နဲ့ စေ့စပ်တယ်ဆိုတာ မဟုတ်မမှန်တဲ့ သတင်းအတုတွေသာဖြစ်ကြောင်း Mayweather က ပြန်လည်ငြင်းဆိုခဲတယ်လို့ သိရှိရပါတယ်။ ပရိသတ်အချို့ကတော့ The Sun က ဖော်ပြခဲ့တာ သတင်းမှန်ဖြစ်ပြီး Mayweather လို ကိန်းကြီးခန်းကြီး နိုင်လွန်းတဲ့ လက်ဝှေ့သမားက ကလပ်က အဖော်အချွတ်မယ်ကို အရူးအမူးစွဲလန်းနေတာကို ၀န်ခံရမှာ ရှက်လို့ ငြင်းဆိုခဲ့တာဖြစ်နိုင်ကြောင်း ထင်ကြေးပေး သုံးသပ်ခဲ့ကြပါတယ်။

READ
ပြဇာတ်က,နေရင်း မင်းသမီးဂျက်စမင်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ‘အာလာဒင်’သရုပ်ဆောင်

Pyi Hein Kyaw

SHARE