
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၄.၁.၂၀၂၁)တုန်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ Conor McGregor နဲ့ Dustin Poirier တို့ရဲ့ ယှဉ်ပြိုင်ထိုးသတ်ပွဲကိုတော့ တော်တော်များများ ကြည့်ပြီးကြပြီလို့ ထင်ပါတယ်။ အဆိုပါပွဲရဲ့ ဒုတိယအချီမှာတော့ Dustin ဟာ McGregor ကို အပြတ်သတ် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး McGregor တစ်ယောက် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ယှဉ်ပြိုင်ထိုးသတ်ပြီးတဲ့ အချိန်မှာတော့ ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်တဲ့ Floyd Mayweather ကနေပြီးတော့ သူနဲ့ McGregor တို့နှစ်ယောက်ကြားက ခြားနားမှုအကြောင်း ဝေဖန်ထားတဲ့ ပို့စ်တစ်ခုကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီပို့စ်ကတော့ ringiqtvofficial လို့ အမည်ရတဲ့ IG အသုံးပြုသူတစ်ဦး ရေးသားထားတဲ့ ပို့စ်တစ်ခုကို Mayweather က screenshoot ရိုက်ပြီး သူ့ရဲ့ Instagram မှာ ပြန်တင်ခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
ringiqtvofficial ရေးထားတဲ့ အကြောင်းအရာကတော့ Mayweather နဲ့ McGregor တို့ နှစ်ယောက်စလုံး လေလုံးထွားတယ်ဆိုပြီး နာမည်ကြီးတဲ့ ဖိုက်တာတွေ ဖြစ်ကြပေမယ့် လူတော်တော်များများက McGregor ကို ပိုချစ်ခင်အားပေးကြပြီး Mayweather ကိုတော့ ဘာကြောင့်လူမုန်းတော်တော်များသလဲဆိုတာ သူ့အနေနဲ့ နားမလည်မိကြောင်း ရေးသားထားတဲ့ပို့စ်ပဲ ဖြစ်ပါတယ်။ Mayweather က IG အသုံးပြုသူ ringiqtvofficial ရေးထားတဲ့ ပို့စ်ကို ss ယူပြီး သူ့ရဲ့ IG မှာ လူတွေက ဘာကြောင့် သူ့ကိုပိုမုန်းကြောင်း၊ သူနဲ့ McGregor နှစ်ယောက်က ဘယ်လိုမျိုး ကွားခြားကြောင်းကို သေသေချာချာ ရှင်းပြထားတဲ့ ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။
View this post on Instagram
“McGregor နဲ့ ကျွန်တော့်ကို ခင်ဗျားတို့အနေနဲ့ ဘယ်လိုမှ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကောင်က ကျွန်တော့်နဲ့ တန်းညှိလို့ အဆင့်မမှီတဲ့ကောင် ဖြစ်နေတာကြောင့်ပါပဲ။ ကျွန်တော်ဟာ ဘာမှမရှိတဲ့ နေရာကနေလာခဲ့တာလူတစ်ယောက်ပါ။ ဒီနေ့ဒီလိုအချိန်မျိုး ဖြစ်လာဖို့အတွက် ကျွန်တော်အများကြီး ပေးဆပ်ခဲ့ရတာ ရှိပါတယ်။ အဲဒီအကြောင်းတွေ လူတိုင်းကို လိုက်ပြောပြီး မျက်ရည်ချူဖို့အချိန် ကျွန်တော့မှာ မရှိပါဘူး။ ကျွန်တော့်ကို ဘယ်လောက်တောင် လူမုန်းများလဲဆိုရင် လူမည်းအချင်းချင်းကပါ ကျွန်တော့်ကို ဝေဖန်ကဲ့ရဲ့ကြပြီး McGregor ကို ချီးကျူးကြတာပါ။ အဲဒီလို ချီးကျူးခံရတဲ့ကောင်က သူ့ကိုယ်ပိုင်အားကစား MMA မှာတောင် နိုင်အောင် ကစားနိုင်တာ မဟုတ်ပါဘူး။ ဒီလိုမျိုး ရှုံးနေတဲ့ကြားထဲကကို ဘောင်ကျော်ပြီး Pacquiao နဲ့ သွားထိုှးီုးမယ်။ ကျွန်တော်ကတော့ ရယ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်ထိုးတဲ့ပွဲက ရင်ခုန်ဖို့မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ နှစ်ယောက်စလုံးကို ကျွန်တော် အနိုင်ယူပြီးသား ဖြစ်နေလို့ပါ” ဆိုပြီး May Weather က သူ့ရဲ့ Instagram အကောင့်မှာ ရေးသားခဲ့ပါတယ်။
Pyi Hein Kyaw