အမေဇုန်(Amazon)ဟာ အမေရိကန်ရဲ့အိမ်ရာအကြပ်အတည်းကိုဖြေရှင်းဖို့အတွက် နောက်လာမယ့် ငါးနှစ်အတွင်း ဒေါ်လာ ၂ဘီလီယံကျော် သုံးစွဲသွားမှာဖြစ်ကြောင်း unilad သတင်းအရသိရပါတယ်။ မကြာသေးခင်နှစ်တွေအတွင်းမှာပဲ အမေဇုန်ဟာ လုပ်ငန်းအမျိုးမျိုးကို တိုးချဲ့လုပ်ကိုင်လာတာဖြစ်ပါတယ်။ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်လာတဲ့အပြင် ဂျက်လေယာဉ်တွေလည်း ပိုင်ဆိုင်လာတာ ဖြစ်လာပါတယ်။
အခုဆိုရင်တော့ အမေဇုန်ဟာ အမေရိကန်ရဲ့Puget Sound ဒေသမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံဖို့ဖြစ်လာပါပြီ။ နည်းပညာကုမ္ပဏီတွေအနေနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့ မူလနေထိုင်သူတွေကို ရွှေ့ပြောင်းနေရာချပေးဖို့အတွက်ပါ ပြင်ဆင်ရတာပါ။ အကြောင်းရင်းကတော့ လစာငွေမြင့်တဲ့သူတွေအနေနဲ့ ပိုပြီးဆင်းရဲတဲ့နေရာကိုပြောင်းရွှေ့ဖို့တိုက်တွန်းလိုတာဖြစ်ပါတယ်။
View this post on Instagram
ကြည့်ရတာတော့ အမေဇုန်က ဒီအချက်ကိုနားလည်ထားပြီး ကုမ္ပဏီက Seattle, Arlington, Nashville တို့လို့မြို့တွေကို ကတိပေးထားပါတယ်။ အမေဇုန်ရဲ့ကတိစကားဟာ Apple, Facebook, Google တို့ရဲ့ကတိကဝတ်နဲ့ အတူတူပဲဖြစ်ပါတယ်။ အားလုံးဟာ San Francisco Bay Area ထဲက အိမ်ခြံမြေဈေးနှုန်းတွေအရမ်းတတ်တဲ့အကြောင်းကို ဆွေးနွေးချင်ခဲ့တာဖြစ်ပါတယ်။
အခြားနည်းပညာကုမ္ပဏီတွေနည်းတူပဲ အမေဇုန်ဟာ သူ့ဝန်ထမ်းတွေရှိတဲ့နေရာမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Puget Sound ဒေသမှာ ဝန်ထမ်းပေါင်း ၇၅၀၀၀ ကျော်ကိုခန့်အပ်ထားပါတယ်။ အမေဇုန်ရဲ့ဌာနချုပ်တွေဟာလည်း အဲ့ဒီမှာပဲရှိပါတယ်။ အိပ်ရာအကြပ်အတည်းဖြစ်တဲ့ ပြဿနာကို ကျော်လွှားဖို့ Arlingto, Virginia, Nashville, Tennesse ပြည်နယ်တို့မှာ အဓိကရင်းနှီးမြှုပ်နှံမှုကြီးတွေ ပြုလုပ်ကြမှာဖြစ်တယ်လို့လည်း unilad အရ သိရပါတယ်။
View this post on Instagram
ShweMom