Sulli ရဲ့ ဘဝအကြောင်း Documentary ကို MBC ကနေ ပြသတော့မှာပဲ ဖြစ်ပါတယ်။ Sulli ကတော့ စိတ်ကျရောဂါကို ခံစားနေခဲ့ရသူ ဖြစ်ပြီး လွန်ခဲ့သော နှစ်က အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှ မထင်မှတ်ထားခဲ့သလို သူမရဲ့ အရင်းနှီးဆုံးသူတွေလည်း များစွာ ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့မှာတော့ MBC ကနေ Sulli အကြောင်း Documentary Teaser ကို ထုတ်လွှင့်ခဲ့ပါတယ်။ ဘာကြောင့် Sulli တစ်ယောက် အခုလို အဆင်မပြေ ဖြစ်ခဲ့လဲ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ Sulli ရဲ့ ပုံရိပ်တွေ ဒီ Teaser မှာ ပါဝင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ စက်တင်ဘာလ ၁၀ ရက်နေ့ ကိုရီးယား စံတော်ချိန် ည ၁၀ နာရီ ၅၀ မိနစ်မှာ MBC ကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်လို့ kstarlive ကနေ ရေးသားထားခဲ့ပါတယ်။
Teaser ထဲမှာတော့ အစမှာ Sulli က သူမကိုယ်သူမ Choi Sulli ပါလို့ မိတ်ဆက်ထားခဲ့ပြီး သူမရဲ့ စတူရီယိုမှာ လေ့ကျင့်နေတဲ့ မြင်ကွင်းတွေ၊ Goblin Promotion ကာလမှာ သူမ ဖြေခဲ့တဲ့ အင်တာဗျူးမှာ သူမက ကြိုးကြိုးစားစား နေထိုင်သွားမယ်လို့ ပြောခဲ့တာလေးတွေ ပါဝင်ထားပါတယ်။
သူမရဲ့ Documentary မှာတော့ သူမရဲက မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့ အင်တာဗျူးတွေ ပါဝင်ပါတယ်။ Sulli ရဲ့ အမေ၊ Girls’ Generation’s Tiffany နဲ့ တစ်ခြားသော အနုပညာရှင်တွေလည်း ပါဝင်ထားပါတယ်။ သူမရဲ့ ဘဝ၊ အနုပညာလှုပ်ရှားမှုတွေ လုပ်နေစဉ်မှာ သူ ဘယ်လို စိတ်ထားခဲ့လဲ ရင်ဆိုင်ခဲ့လဲ ဆိုတာကို စိတ်ခွန်အားပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ Documentary ကို ဖန်တီးဖြစ်ထားတာ ဖြစ်ပါတယ်။
သူမကတော့ ၂၀၀၉ ခုနှစ်မှာ f(x) အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းကို ပိုပြီး အားစိုက်ခဲ့ပါတယ်။ သူမ အသက် ၂၅ နှစ်ပြည့်ပြီးတဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာတော့ သူမက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။
ကောင်းရာဘုံဘဝမှာ ပျော်ရွှင်ရပါစေ Sulli လေးရေ..။
Kham