အအေးပိုက်တစ်ချောင်းမှ အစပြုခဲ့တဲ့ စားသုံးသူနဲ့ဝန်ထမ်းတို့ရဲ့ခပ်ကြမ်းကြမ်းရန်ပွဲ

ဖလော်ရီဒါမှ အမျိုးသားတစ်ဦးဟာ McDonald ဆိုင်မှ ဝန်ထမ်းနှစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် နှစ်သစ်ကူးအကြိုညမှာ ရဲအဖမ်းခံခဲ့ရပါတယ်။ ဖြစ်စဉ်တစ်ခုလုံးကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာဆိုလျှင်လည်း လူတွေကြားထဲ တော်တော်ကိုရေပန်းစားပြန့်နှံ့ခဲ့ပါတယ်။

အသက် (၄၀) အရွယ် Daniel Taylor ဆိုသူအမျိုးသားဟာ St. Peterburg တရားရုံးမှာ ပြစ်မှုနှစ်ခုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ McDonald မှ အအေးသောက်တဲ့ပိုက်ကို ထုတ်ယူဖို့အတွက် ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တစ်ခုကို အရင်းပြုကာ စားသုံးသူ Daniel Taylor နှင့် McDonald မှ ဝန်ထမ်းတွေကြား အခြေအတင်ဖြစ်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေအထိပါ ဖြစ်ခဲ့ကြပါတယ်။

First Coast News

ဖြစ်စဉ်ကတော့ Daniel Taylor ဟာ သူမှာထားတဲ့အစားသောက်တွေကို ကောင်တာစီသို့ သွားယူတဲ့အချိန်မှာတော့ အအေးသောက်စရာ ပိုက်မပါခဲ့တာကြောင့် စစချင်း စိတ်ကသိကအောက်ဖြစ်သွားခဲ့ပါတယ်။ အရင်ပိုက်ထားတတ်တဲ့အကန့်မှာလည်း ရှာကြည့်ခဲ့ပေမယ့် တစ်ချောင်းတလေတောင် မတွေ့ခဲ့ပါဘူး။

ဒါကြောင့် Daniel Taylor မှ ပိုက်တွေလည်းတစ်ချောင်းမှ မတွေ့ဘူး၊ ဆိုင်ကဝန်ထမ်းတွေ အလုပ်မလုပ်ဘူးလားဆိုပြီး အသံခပ်ကျယ်ကျယ်နဲ့ ပြောခဲ့တဲ့အတွက် ဆိုင်မှဝန်ထမ်းဖြစ်သူက ပိုက်တွေကိုလူမြင်ကွင်းမှာ လွယ်လင့်တကူ မထားပေးတော့တာဟာ McDonald ဆိုင်တိုင်းမှာ အသစ်ချမှတ်လိုက်တဲ့ စည်းကမ်းဖြစ်ကြောင်းနဲ့ ပိုက်လိုပါက စားသုံးသူတွေမှ ကောင်တာမှာ တောင်းလို့ရကြောင်း ပြန်ဖြေခဲ့ပါတယ်။

READ
ခရီးသွားတစ်ဦးရဲ့ကော်ဖီအပြင်းကိုခိုးသောက်မိပြီး (၁၀)နာရီသတိလစ်ခဲ့တဲ့မျောက်ကလေး
Facebook
Facebook

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ထမ်းဘက်မှလည်း စကားပြောရာမှ သိပ်အဆင်မပြေတဲအတွက် Daniel တစ်ယောက်ဒေါသထွက်လာကာ အော်ဟစ်ပြီးစကားပြောခဲ့ပါတယ်။ တစ်ဖက်မှ အမျိုးသမီးဝန်ထမ်းကလည်း အော်ပြောနေတဲ့အတွက် Daniel တစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ အပြင်ဘက်ကနေလက်လှမ်းပြီး အမျိုးသမီးဝန်ထမ်းရဲ့ အကျီင်္စကို ဆွဲဆောင့်ခဲ့ပါတယ်။

McDonald အမျိုးသမီးဝန်ထမ်းဟာ အကျီင်္ဆွဲဆောင့်ခံရပြီး Daniel စကားပြောနေတုန်းမှာတင် ချက်ချင်းဆိုသလို Daniel ရဲ့မျက်နှာကို အဓိကပစ်မှတ်ထားကာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ လက်သီးနဲ့ဆက်တိုက်ထိုးနေခဲ့ပြီး ပါးစပ်မှလည်း ဆဲရေးတိုင်းထွာခဲ့ပါတယ်။

Update: The employee was not fired!YES this really did happen last night for all those asking me… it all started…

Posted by Kinie Biandudi on Tuesday, January 1, 2019

ခဏအကြာမှာတော့ ဆိုင်မန်နေဂျာရောက်လာကာ လူစုခွဲလိုက်ခဲ့ပေမယ့် အမျိုးသမီးဝန်ထမ်းဟာ ပြန်ရောက်လာခဲ့ပြီး ဆက်လက်၍စကားနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ လက်ဝှေ့ထိုးလေ့ကျင့်လေ့ရှိတာကြောင့် Daniel အထိနာသွားခဲ့ပေမယ့် အရက်သောက်ကာမူးနေတဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရပါတယ်။ တစ်ဖက်အမျိုးသမီးဝန်းထမ်းဟာလည်း ကလေးမွေးပြီးတာ နှစ်နှစ်ကြာနေပြီဖြစ်တဲ့အတွက် လူအများကဝိုင်းသနားကာ အလုပ်မဖြုတ်ပစ်ဖို့တောင်းဆိုနေကြပါတယ်။

READ
ဖားတစ်ကောင်ကြောင့် ရုပ်ပျက်ဆင်းပျက် ထွက်ပြေးခဲ့တဲ့ စုံတွဲနဲ့ ခွေးလေး

ဆိုင်တွင်းမှ Daniel ထွက်သွားတဲ့အချိန်မှာတော့ တံခါးနားမှာ ရပ်နေတဲ့အမျိုးသမီးဝန်ထမ်းတစ်ဦးရဲ့ ဗိုက်ကို ခြေထောက်ဖြင့်ကန်ခဲ့တဲ့အတွက်ကြောင့် အဓိကအဖမ်းခံခဲ့ရတာပါ။ Daniel Taylor ဟာ အိမ်ခြေယာမဲ့တစ်ယောက်လည်းဖြစ်ပြီး အရက်စွဲနေသူတစ်ဦးလည်းဖြစ်ပါတယ်။

Source: Buzz Feed

Penny

SHARE