ဆုိင္က uniform အက်ႌေတြကို ဒေါ်လာ ၄၅၀ နဲ့ ရောင်းချနေကြတဲ့ McDonald ဝန်ထမ်းများ

Instagram by travisscott

ပစ္စည်းရောင်းတဲ့ website တွေမှာတော့ McDonald မှ ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဆိုင်ကထုတ်ပေးထားတဲ့ ဝန်ထမ်းအင်္ကျီတွေကို ဒေါ်လာ ရာနဲ့ချီတဲ့ဈေးနဲ့ ရောင်းချနေခဲ့တယ်ဆိုပြီး XL magazine မှာ ဖတ်လိုက်ရပါတယ်။ အကြောင်းကတော့ ဒီလိုပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက McDonald မှ menu အသစ်ကြေငြာလိုက်ခဲ့ပါတယ်။ အဲဒါကတော့ ရက်ပ်ပါ Travis Scott နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တဲ့ menu အသစ်ပါ။ ဘာဂါတစ်လုံးပါတဲ့အပြင် Travis ကြိုက်တဲ့ အာလူးကြော်နဲ့ စပါကလင်ဆိုဒါတို့ ပါဝင်နေပါတယ်။ ဒီ menu အသစ်ဟာ ပရိတ်သတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေခဲ့ပြီး အလုအယက်ဝယ်ယူမှုတွေတောင် ရှိနေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by flame (@travisscott) on

 

View this post on Instagram

 

A post shared by flame (@travisscott) on

ဒီတော့ menu အသစ်ထွက်တိုင်း ကြေငြာကဏ္ဍအတွက် ဝန်ထမ်းတွေကို အမြဲတမ်း uniform အသစ်ထုတ်ပေးနေကျဖြစ်တဲ့အတွက် အခုလည်း Travis Scott menu အတွက် Cactus Jack တံဆိပ်တွေကိုပါ ပါတဲ့ တီရှပ်လေးတွေကို ပေးခဲ့ပါတယ်။ အနီရောင်ပေါ်မှာ logo လေးတွေပါတဲ့ ဒီတီရှပ်လေးဟာ McDonald ရဲ့ဝန်ထမ်းတွေဆီမှာပဲ ရနိုင်တဲ့ အင်္ကျီလေးတွေပေါ့။

READ
ရင်ခုန်သွားရင် တာဝန်မယူဘူးဆိုတဲ့ ရွှေမှုံရတီ

အဲဒီအင်္ကျီတွေကို ဝန်ထမ်းတွေဟာ Travis Scott နဲ့ collaborate ထားတဲ့ အတွက်ထူးထူးခြားခြားဖြစ်နေလို့ဆိုပြီး ရောင်းချနေခဲ့တာပါ။ အထူးသဖြင့် Travis Scott ရဲ့ fan တွေကိုပေါ့။ ဘယ်လောက်တောင်လဲဆိုရင် eBay မှာ တီရှပ်တစ်ထည်ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၄၅၀ တောင်ရှိနေခဲ့တာပါတဲ့။ ဒါဟာ streetwear brand ကောင်းကောင်းတစ်ခုကို မျက်စိမှတ်ဝယ်လို့ရနိုင်တဲ့ ငွေပမာဏတစ်ခုပါ။ ဈေးအနည်းဆုံးကတော့ ၁၂ ဒေါ်လာကနေ ဒေါ်လာ၂၅၀ အထိ အသီးသီးရှိနေကြပြီး ဝယ်တဲ့လူတွေကလည်း တကယ်ကို ဝယ်နေကြတာပါ။

eBay
eBay

ဒါကတော့ menu ကို စစရောင်းချခဲ့တဲ့ ပထမဆုံး ရက်မှာပဲ Travis Scott ကိုယ်တိုင်ရောက်လာကာ fan တွေကို လက်မှတ်ထိုးပေးခဲ့တာပဲဖြစ်ပါတယ်။

Travis Scott Surprised Fans at McDonald's

Travis Scott really pulled up to McDonald’s 🔥

Posted by B/R Kicks on Tuesday, September 8, 2020

La Flame Mc

Travis Scott turning up near McDonald's

Posted by Rap-Hub on Tuesday, September 8, 2020

penny

SHARE