ဖယောင်းတိုင်ထွန်းလိုက်တာနဲ့ ဟမ်ဘာဂါစားချင်လာအောင်စီစဉ်ခဲ့တဲ့မက်ဒေါ်နယ်

McDonald

အောင်မြင်တဲ့ လုပ်ငန်းတစ်ခုရဲ့နောက်ကွယ်မှာ တကယ့်ကို ဥာဏ်ကြီးသူတွေ ရှိကြတယ်ဆိုတာ တကယ်ပါ။ သူတို့က တခြားသူတွေနဲ့ မတူတဲ့ နည်းလမ်းတွေကို စဉ်းစားမိကြပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဈေးကွက်မှာ ဘယ်လိုရောင်းရမလဲဆိုတာ ကောင်းကောင်းသိကြတယ်။

အခုလည်း အသင့်စားဈေးကွက်ကို ဦးဆောင်သူတွေထဲက တစ်ခုဖြစ်တဲ့ မက်ဒေါ်နယ်က အများနဲ့မတူတဲ့ စီးပွားရေးအကြံတစ်ခုနဲ့ ပွဲထွက်လာခဲ့ပြန်ပါပြီ။ ဟမ်ဘာဂါ တစ်ခုထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေရဲ့ ရနံ့အတိုင်း ဖယောင်းတိုင်တွေ ထုတ်ဖို့ မက်ဒေါ်နယ်က စီစဉ်လိုက်တာပါ။

McDonald

ဒီလိုဖယောင်းတိုင်တွေအများစုက ပန်းရနံ့တွေ၊ သစ်သီးရနံ့တွေပါဝင်ပြီး ရှူရှိုက်မိလိုက်တာနဲ့ စိတ်ထဲမှာ ကြည်လင်သွားတာမျိုးပါ။ ဒါပေမယ့် မက်ဒေါ်နယ် က ထုတ်လုပ်လိုက်တဲ့ ဖယောင်းတိုင်တွေမှာတော့ ထူးဆန်းတဲ့ ရနံ့တွေကို ရရှိမှာဖြစ်ပါတယ်။

ပေါင်မုန့်ရနံ့ ၊ ငရုတ်ဆီအနံ့ ၊ သခွားချဉ်အနံ့ ၊ ချိစ်အနံ့ ၊၊ ကြက်သွန်နီနံ့နဲ့ အမဲသားနံ့တို့ပဲ ဖြစ်ပါတယ်။ ရနံ့(၆)မျိုးနဲ့ ထုတ်လုပ်လိုက်တဲ့ ဒီဖယောင်းတိုင်တွေက အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်လိုက်တာဖြစ်ပြီး ထုတ်လုပ်ပြီး ရက်ပိုင်းအတွင်းမှာပဲ အွန်လိုင်းပေါ်မှာ ရောင်းလို့ ကုန်သွားခဲ့တယ်လို့ သိရပါတယ်။

READ
ဥယျာဉ်လာဧည့်သည်တွေကို တစ်ပတ်ရိုက်ဖို့ ကြိုးစားခဲ့တဲ့ အီဂျစ်တိရစ္ဆာန်ရုံ
McDonald

ဒါပေမယ့် သူတို့ရဲ့ ၀က်ဆိုက်မှာ ဒီဖယောင်းတိုင်အမျိုးအစားတွေကို ရရှိနိုင်ပြီလို့ ဆက်လက်ကြေညာထားပြီး ဖယောင်းတိုင် တစ်တိုင်ကို (၂၅)နာရီကြာ အထွန်းခံပါတယ်။

မက်ဒေါနယ်ရဲ့ တာဝန်ရှိသူတွေကတော့ ဒီရနံ့တွေဟာ ထွန်းညှိသူကို စိတ်သက်သောင့်သက်သာ ဖြစ်စေမှာဖြစ်ပြီး ကိုယ်နဲ့ရင်းနှီးပြီးသား ရနံ့တွေဖြစ်တာကြောင့် ထူးခြားတဲ့ ခံစားမှုမျိုး ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

McDonald

အများစုကတော့ မက်ဒေါ်နယ် တာဝန်ရှိသူတွေရဲ့ အကြံကို သဘောကျနေကြပြီး ဖယောင်းတိုင်ထွန်းလိုက်တာနဲ့ ဟမ်ဘာဂါစားချင်စိတ်တွေပေါ်လာအောင် ဖန်တီးလိုက်တာပဲလို့ မှတ်ချက်ပေးနေကြပါတယ်။

Linn

SHARE