ခပ်တည်တည်နဲ့ ကိုယ့်ပုံကိုယ်ရိုက်ပြီး ဘာဂါဆိုင်မှာ ကြော်ငြာကပ်ခဲ့တဲ့ ဆယ်ကျော်သက်များ

တက္ကဆက်ပြည်နယ် ပါးလ်လန်းဒ်က မက်ဒေါ်နယ် ဘာဂါဆိုင်ထဲမှာ ဆယ်ကျော်သက်အမျိုးသား (၂) ဦးဟာ ဘာဂါကြော်ငြာကပ်ထားတဲ့နေရာမှာ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံပိုစတာကြီးကို အစားထိုး ကပ်ထားခဲ့ပါတယ်။ ဂျီဗာနဲ့ ခရစ်ရှန်အမည်ရတဲ့ သူတို့နှစ်ဦးဟာ အာရှသား ဆယ်ကျော်သက်လေးတွေ ဖြစ်ကြပါတယ်။

youtube

ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းက ဂျီဗာတို့ သူငယ်ချင်းနှစ်ယောက်ဟာ မက်ဒေါ်နယ်ဆိုင်ထဲ သွားစားရင်း တစ်စုံတစ်ခုကို သတိထားမိလိုက်ပါတယ်။ “ကျွန်တော်တို့ နှစ်ယောက် တစ်နေ့ မက်ဒေါ်နယ်သွားတော့ ဆိုင်ထဲက ကြော်ငြာပိုစတာတွေကို ကြည့်လိုက်တာ အာရှသားတွေနဲ့ ဓာတ်ပုံရိုက်ထားတာ တစ်ခုမှ မတွေ့ရဘူး။ အခြားလူမျိုးပုံတွေနဲ့ ရိုက်ထားတာတော့ ရှိပါရဲ့။ အဲဒါနဲ့ အာရှတိုက်သားပုံတွေပါအောင် ကျွန်တော်တို့ ဓာတ်ပုံနဲ့ ပိုစတာတစ်ခုလောက် ကပ်ကြည့်ဖို့ အကြံရလာတာ။” လို့ ဂျီဗာတို့က ဆိုပါတယ်။

READ
ခြေနှစ်ဖက်လုံးမရှိပေမယ့် လှေကားထစ်(၂၇၀၀)ကို တက်ပြနိုင်ခဲ့တဲ့ အာဂအမျိုးသမီး
youtube

ပြီးနောက်မှာတော့ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ဂျီဗာနဲ့ ခရစ်ရှန်ဟာ ဘယ်သူမှ မမြင်အောင် ဘာဂါပိုစတာပေါ်ကနေ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံပိုစတာကို ထပ်ကပ်လိုက်ပါတယ်။ ပိုစတာကပ်ဖို့ ပြင်ဆင်နေစဉ်မှာ ဂျီဗာက မက်ဒေါ်နယ်တံဆိပ်ပါတဲ့ ၀တ်စုံအင်္ကျီကို ၀တ်ထားတာကြောင့် သူ့တို့ကို ဘယ်သူမှ သတိမပြုမိခဲ့ပါဘူး။

တစ်လသာ ကြာသွားတယ်။ သူတို့ကပ်ထားတဲ့ ကြော်ငြာပိုစတာကြီးဟာ အတုကြီးမှန်း ဂျီဗာက ဟာသအနေနဲ့ တွစ်တာပေါ်မှာ တင်လိုက်တဲ့အခါမှ လူတွေအားလုံး သိသွားခဲ့ကြပါတယ်။ မက်ဒေါ်နယ်ကတော့ ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းကို သဘောကျသွားခဲ့တာကြောင့် ဆုချီးမြင့်တဲ့အနေနဲ့ ဒေါ်လာ (၂၅,၀၀၀) ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref:usatoday

SHARE