စားသောက်ဆိုင်ဝန်ထမ်းဘ၀ကနေ ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့ ကောင်မလေး

North News and Pictures Ltd nort

မက်ဒေါ်နယ်ဆိုင်က အမျိုးသမီးဝန်ထမ်းလေးတစ်ယောက်ဟာ မော်ဒယ်ကုမ္ပဏီတစ်ခုနဲ့ အဆက်အသွယ်ရပြီးတဲ့နောက် ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ သူမက ၀ါရှင်တန်က အသက် (၂၃) နှစ်အရွယ် တန်ယာမက်ဒွန်နဲလ်ဖြစ်ပါတယ်။ အရင်တုန်းက တန်ယာက မက်ဒေါ်နယ်မှာ အလုပ်လုပ်ပြီး တစ်နာရီ (၇) ပေါင်ဝန်းကျင်ပဲ ရပါတယ်။ ဒါပေမယ့် အခုတော့ တန်ယာက မထင်မှတ်ပဲ ဘ၀အလှည့်အပြောင်းနဲ့ ကြုံတွေ့ခဲ့တဲ့ သူမအဖြစ်ကို အခြားသူတွေ စိတ်အားတက်အောင် ပြန်လည်ပြောပြခဲ့တာ ဖြစ်ပါတယ်။

မက်ဒေါ်နယ်မှာ အလုပ်လုပ်တုန်းက တန်ယာဟာ အင်စတာဂရမ်ပေါ်မှာ filter မသုံးပဲ သူမမျက်နှာကို အနီးကပ်ရိုက်ထားတဲ့ ပုံတွေကို တင်လေ့ရှိပါတယ်။ သူမရဲ့ပုံတွေကို မန်ချက်စတာအခြေစိုက်အေဂျင်စီတစ်ခုဖြစ်တဲ့ J’adore Models က မြင်သွားပြီး သူမကို တိုက်ရိုက်ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ သွားတွေ့ပြီးတဲ့အခါ ချက်ခြင်းပဲ တန်ယာကို အလုပ်အပ်ပြီး စာချုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

READ
တီဗီရှိုးကြည့်ရင်း ဖခင်ဖြစ်သူနဲ့ စကားလက်ဆုံကျနေတဲ့ ကလေးငယ်လေး
instagram/Tanya McDonnell

အခုဆိုရင် တန်ယာဟာ ဂျာမနီက MGM Models နဲ့ လန်ဒန်က W Model Management နဲ့ပါ စာချုပ်ချုပ်ထားပါတယ်။ ဒါကြောင့်လည်း တန်ယာက အခြားသူတွေကို မိမိတို့အိပ်မက်တွေကို လက်လျော့မပစ်လိုက်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မအတွက်တော့ လုံးဝအံ့သြစရာပါ။ အိပ်မက်ထဲမှာ နေနေရသလိုမျိုးပဲ။ ကျွန်မအရင်တုန်းက နေခဲ့တဲ့ဘ၀နဲ့ လုံးဝကွာခြားသွားတာပေါ့…”

 

 

View this post on Instagram

 

Wish u were here 💫

A post shared by Tanya Mcdonnell (@tanyaslasagne) on

instagram/Tanya McDonnell

“..ဒါကြောင့် လူတိုင်းကို သိစေချင်တာက ကံအလှည့်အပြောင်းဆိုတာ ပြောလို့မရပါဘူး။ အိပ်မက်တွေဆိုတာ အမှန်တကယ်ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မအရင်တုန်းက မမျှော်လင့်ခဲ့ပါဘူး။ ဘ၀မှာ ကိုယ်တကယ်လိုချင်တဲ့အရာကို ဘယ်တော့မှ မရတော့ဘူးလို့ မထင်လိုက်ပါနဲ့။ ကိုယ် မမျှော်လင့်တဲ့အချိန်မှာ တနည်းနည်းနဲ့ ရလာတတ်ပါတယ်…” လို့လည်း ပြောပြခဲ့ပါတယ်။

READ
ကလေးတွေကို ကျောင်းကားစောင့်ပေးနေတဲ့ ခွေးလေးရဲ့ချစ်စရာဗီဒီယိုဖိုင်
instagram/Tanya McDonnell

လက်ရှိမှာ ငယ်ရွယ်နုနယ်တဲ့ မော်ဒယ်မလေးတန်ယာဟာ ဒူဘိုင်း၊ ဂျာမနီ၊ လန်ဒန်၊ နဲ့ မန်ချက်စတာကို လှည့်လည်ပြီး နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ Superdrug ၊ Public Desire နဲ့ Beauty Bay တို့အတွက် ကိုယ်ဟန်ပြတဲ့အလုပ်ကို လုပ်ပေးနေပါပြီ။ တစ်ပတ်တစ်ပတ်ကို ၀င်ငွေ ပေါင် ထောင်နဲ့ချီပြီး ရှာနိုင်နေပြီဖြစ်တဲ့ တန်ယာကတော့ ငယ်ငယ်တုန်းက ရုပ်ဆိုးလို့ မော်ဒယ်မဖြစ်တော့ဘူးလို့ ထင်ထားခဲ့ပေမယ့် အခြားသူတွေရဲ့ ကိုယ့်ရုပ်ရှည်အပေါ်မြင်တဲ့အမြင်ကို ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE