50 Cent ကို ‘ဇ’ရှိရင် ကြိုးဝိုင်းထဲမှာ တစ်ယောက်ချင်းထိုးဖို့ စိန်ခေါ်လိုက်တဲ့ McGregor

Instagram/50Cent_Instagram/McGregor

McGrregor ကတော့ 50 Centကိုထိုးဖို့ စိန်ခေါ်လိုက်ပါတယ်။ အကြောင်းအရင်းက 50 Cent ရဲ့ Instagram ပို့စ်တစ်ခုမှာ McGregorကို Troll ထားတဲ့ ပုံတစ်ပုံကို တင်ခဲ့လို့ပါတဲ့။

50 Centရဲ့ Instagram ပို့စ်တစ်ခုမှာ McGregor ရဲ့ မျက်နှာကို Britney Spears ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းကာ ဖြတ်ညှပ်ကပ်လုပ်ပြီး Britney Spearsက ထီးနဲ့တစ်ခုခုကို လှမ်းရိုက်နေတဲ့ပုံကို 50 Cent ရဲ့ Instagramမှာ တင်ခဲ့ပါတယ်။ Caption ကလည်း “Is that you Briteny.LOL.”ဆိုပြီး သရော်ခဲ့ပါတယ်။ ဒါကို McGregor ကတွေ့ပြီး ဒေါသူပုန်တွေ ထခဲ့ပါတယ်။

Instagram/50Cent

McGregorက ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာဗျူးတစ်ခုမှာ ” ငါအရင်တုန်းက 50 Centရဲ့ Memes တော်တော်များကို ကြည့်ဖူးတယ်။ တကယ့်ကို မရယ်ရတဲ့ဟာတွေကို အတင်းရယ်ခိုင်းနေသလိုပဲ။ ဒါနဲ့ငါလည်း သူလုပ်တဲ့ Memesတွေဟာ အရမ်းကို ခေတ်နောက်ကျပြီး လူအိုကြီးတစ်ယောက် အင်တာနက်သုံး နေသလိုပဲလို့ ငါ့Instagram မှာ တင်ခဲ့ဖူးတယ်။ငါအဲလိုပြောပြီးနောက်ပိုင်း သူငါ့ကို block သွားတာပဲ။ သူ block သွားလည်း သူဘယ်လို post တွေတင်နေလဲ၊ ငါ့အကြောင်း ဘာပြောနေသလဲဆိုတာ ငါအကုန်သိတယ်။ ငါ့လူတစ်ချို့က သူ့ကို follow လုပ်ထားတော့ သူဘာတင်တင် ငါ့ကိုလာပြကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကိစ္စတွေ ထားပါတော့။ အခုကလဲ ငါ့ဟာငါ အေးအေးဆေးဆေးနေတာကို အလကားသတ်သတ်ကြီး ရန်လိုက်စတာပဲ။ အဲဒီတော့ Social Media ပေါ်ကနေ Memesတွေလုပ်ပြီး တိုက်ခိုက်နေမယ့်အစား အပြင် မှာ လူချင်းတွေ့ပြီး ကြိုးဝိုင်းထဲမှာ ထိုးဖို့ ဆုံးဖြတ်လိုက်တာပဲ။ ကဲ…50 Cent, မင်းဒီ Interview ကို ကြည့်နေမယ်လို့ ငါမျှော်လင့်တယ်။ ငါဒီကနေပြီး မင်းနဲ့ထိုးဖို့ စိန်ခေါ်တယ်။ မင်းဘက်က အကြောင်းပြန်တာကို ငါစောင့်နေမယ်” လို့ ပြောကြားခဲ့ပါတယ်။

 

50 Cent ဟာ Hiphop သီချင်းတွေကိုသာဆိုတဲ့ American Rapper တစ်ယောက်အဖြစ်သာ လူသိများကြပါတယ်။သူ့ boxing skillကို တော်တော်များများသိမှာ မဟုတ်ပါဘူး။ တကယ်တမ်းတော့သူဟာ Boxingမှာလည်း တော်တော်ကို ကျွမ်းတဲ့ ဘဲတစ်ပွေဖြစ်ရုံသာမက ၂၀၁၈ အရှေ့ပိုင်းတောက်လျှောက် Mayweatherရဲ့ ဘော်ဒါအရင်းကြီးဖြစ်ပါတယ်။၂၀၁၈ နောက်ပိုင်းမှာမှ Mayweatherနဲ့ 50 Cent တို့ သူငယ်ချင်းနှစ်ဦးဟာ စီးပွားရေးကိစ္စတစ်ခုနဲ့ ပတ်သတ်ပြီး ဘဘောထား ကွဲလွဲခဲ့ပါတယ်။ ဒီပွဲသာ တကယ်ဖြစ်လာခဲ့ရင်တော့ အတော်ကိုကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်မှာကျိန်းသေပါတယ်။

Pyi Hein Kyaw

SHARE