စက္ကန့်(၄၀)အတွင်း ပြိုင်ဖက်ကို အနိုင်ထိုးသတ်သွားတဲ့ မက်ဂရီဂေါ်ရဲ့ဗီဒီယို

Twitter / TKSports

MMA ပြိုင်ပွဲရဲ့ တိုက်ခိုက်ရေးသမားတွေထဲမှာ ပရိသတ်အများဆုံးဖြစ်တဲ့ မက်ဂရီဂေါ် နဲ့ အမေရိကန်တိုက်ခိုက်ရေးသမား ကောင်းဘွိုင် စီရိုနီ တို့ရဲ့ ပွဲစဉ်ဟာ ပရိသတ်တွေထင်ထားသလို မဟုတ်ခဲ့ပဲ စက္ကန့်(၄၀)နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

UFC ရဲ့ သမိုင်းတစ်လျှောက်နိုင်ပွဲ အများဆုံးရထားတဲ့ ကောင်းဘွိုင်ဟာ ကြိုးဝိုင်းတွင်းမှာ ဗိုလ်မထားတတ်သူ တစ်ယောက်ဖြစ်တာကြောင့် မက်ဂရီဂေါ်တစ်ယောက် ဒီပွဲမှာ လွယ်မှာမဟုတ်ဘူးလို့ ပရိသတ်တွေ ထင်ထားခဲ့ကြပေမယ့် မက်ဂရီဂေါ်ကတော့ စက္ကန့်(၄၀)အတွင်းမှာတင် ပြိုင်ဖက်ကို အနိုင်ထိုးသတ်နိုင်ခဲ့ပါတယ်။

ဒီပွဲကို ဟောလိဝုဒ်ရဲ့နာမည်ကြီးသရုပ်ဆောင်တွေ၊ အားကစားသမားတွေ၊ အဆိုတော်တွေ စသဖြင့် အမေရိကန်ရဲ့ နာမည်ကြီးတွေ လာရောက်အားပေးခဲ့ကြပြီး မက်ဂရီဂေါ်အနေနဲ့ ဒီပွဲကနေ ဒေါ်လာ သန်း(၈၀)လောက် ရရှိသွားခဲ့တာပါ။

READ
ရည်းစားကောင်မလေးရဲ့ ဖခင်ရှေ့မှာမှ ဖောက်ပြန်မိတဲ့ကောင်လေးရဲ့ ဘဝ

ကောင်းဘွိုင် ဟာ မက်ဂရီဂေါ်ထက် အရပ်ရှည်သူဖြစ်ပြီး ကန်ချက်တွေကောင်းသူ ဖြစ်ပေမယ့် ပွဲအစ စက္ကန့််အနည်းငယ်မှာတင် မက်ဂရီဂေါ်ရဲ့ ကန်ချက်ကနေ မူးမိုက်သွားခဲ့ပြီး ဆက်တိုက်လက်သီးချက်တွေကို ကာကွယ်နိုင်စွမ်းမရှိတော့တာပါ။

ရုပ်သံပြကွက်တွေမှာတော့ ကြိုးဝိုင်းဒိုင်ဟာ မက်ဂရီဂေါ်ရဲ့ လက်သီးချက်တွေ ဆက်တိုက်ကျနေခဲ့ပေမယ့် ကောင်းဘွိုင်ကို ပြန်လည်တုန့်ပြန်ဖို့ မျှော်လင့်နေပြီး နောက်ဆုံး ကောင်းဘွိုင်တစ်ယောက် ဘယ်လိုမှ မတုန့်ပြန်နိုင်တော့တဲ့အချိန်မှာမှ မက်ဂရီဂေါ်ကို အနိုင်ပေးလိုက်တာကို တွေ့ရမှာပါ။

READ
ပေါင် (၅၃၀၀)လောက်အထိ ပေါက်ဈေးရှိနေတဲ့ Pokemon Card အဟောင်းများ

https://twitter.com/i/status/1218894800017076224

Linn

SHARE