Busan ASEAN Film Week မှာ “မီ” ပြသခွင့်ရလို့ ခင်ပွန်းအတွက် ဂုဏ်ယူနေတဲ့ သုသု


ပိုင်ဖြိုးသုကတော့ သူမရဲ့ ချစ်ခင်ပွန်းအတွက် ဂုဏ်ယူတဲ့ Post တစ်ခုကို သူမရဲ့ အကောင့်မှာ နိုဝင်ဘာ (၁၄)ရက်နေ့က တင်လိုက်ပါတယ်။ရည်းစားသက်တမ်းငါးနှစ် ၊အိမ်ထောင်သက် တစ်နှစ်နီးပါးမှာ ခင်ပွန်းအတွက် appreciation post  ကို တင်တာ ဒါပထမဆုံးလို့လဲ ပိုင်ဖြိုးသုက ပြောခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ အကယ်ဒမီဆု ပေးပွဲမှာတော့ မီ  ရုပ်ရှင် ဇာတ်ကားက အောင်မြင်မှု မရခဲ့ပေမယ့် နိုင်ငံတကာမှာတော့ အောင်မြင်မှု ရခဲ့ပါတယ်။အခုဆို ရင်တော့ မီ ဇာတ်ကားဟာ Busan ASEAN Film Week မှာပါ ပြသခွင့်ရခဲ့ပါတယ်။


ဒါရိုက်တာ ဏကြီး အတွက်ကေ တော့ မီ က သူ့ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးပါ။ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား ကြီးက အခုလိုမျိုး Busan ASEAN Film Week မှာ ပြသခွင့်ရခဲ့တာပါ။ကိုရီးယားကို သွားရတဲ့ နေ့မှာ ဇနီးသည် သူ့ အတွက် အလုပ်ပျက်၊အလုပ်ရှုပ်မှာကို ပူပန်ပေးတဲ့ ခင်ပွန်း အတွက်လည်း ပိုင်ဖြိုးသုက ကျေးဇူးလည်း တင် အချစ်လည်း ပိုနေရတဲ့ အကြောင်းကိုလည်း သူမရဲ့ Post မှာ အခုလို ရေးခဲ့ပါတယ်။


“Bon Voyage ဦးရခေဲ ❤️

ဒီနေ့သူ့ရဲ့ ရုပ်ရှင် Busan ASEAN film weekမှာပြခွင့်ရလို့ သူကိုရီးယားကိုသွားရတဲ့နေ့
မြန်မာဒါရိုက်တာတစ်ယောက်အနေနဲ့ သူရဲ့ပွဲဦးထွက်ရုပ်ရှင်ကားကြီးကို Busan ASEAN film weekလိုမျိုးမှာပြခွင့်ရတာ သူဂုဏ်ယူရှာမှာပေါ့….
အဲဒါကို မနေ့က congratulations boo bear ဆိုပြီး post လေးတစ်ခုတင်ခဲ့တာကလွဲလို့ ကိုယ်အဲဒီပွဲအကြောင်းလည်းသူ့ကိုသေချာမမေးခဲ့မိဘူး….
ဒီမနက်လည်းသူက ကိုယ့်ရဲ့တစ်နေ့တာ plan ကိုမေးတဲ့အခါ မနက်မှာနောက်ရိုက်မဲ့ကားအတွက်ကန်တော့ပွဲသွားရမယ် ညနေမှာကြော်ငြာဓါတ်ပုံရိုက်ရှိတယ်လို့ပဲ လွန်ခဲ့တဲ့၃/၄ရက်ကတည်းကသူ့ကိုပြောပြထားတဲ့အတိုင်းပြန်ဖြေခဲ့တယ်….
သူက”နေ့လယ်ဝတုတ်လူဆိုးအား‌လောက်တဲ့အချိန်ကျွန်တော် ဖုန်းဆက်မယ်နော်” ဆိုတော့ကိုယ့်မှာဖုန်းဆက်တာဘာဆန်းလို့လဲမသိဘူးဆိုပြီးကြောင်တောင်တောင်နဲ့ “အင်း ဆက်လေ” လို့ပဲပြန်ဖြေခဲ့တာ….
ကန်တော့ပွဲရောက်မှ media တွေက Busan မှာသူ့ရုပ်ရှင်ပြခွင့်ရတဲ့အကြောင်းဝိုင်းမေးကြတာရော သူ့သူငယ်ချင်း မိတ်ဆွေတွေကသူ့အတွက်တခုတ်တရတင်ပေးကြတဲ့ post တွေကိုပါမြင်မှ it’s a big deal for him ဆိုတာကို သတိထားမိတဲ့အဖြစ်….

Image:fb/Paing Phyoe Thu

ကန်တော့ပွဲပြီးပြီးချင်း သူ့ကိုဖုန်းလှမ်းဆက်ပြီး သုသုနေ့လယ်အားသွားပြီ ညနေမှကြော်ငြာရိုက်ရှိတာ(အမှန်တော့ ပွဲတက်တွေအတွက် fitting ချစရာရှိတာတွေကို နည်းနည်းရွှေ့လိုက်တာ) ဘာပြောချင်လို့လဲဆိုတော့ “အားသွားပြီဆိုရင် ကျွန်တော်ဟိုမှာဝတ်ဖို့နည်းနည်းထူတဲ့အနွေးထည်သွားဝယ်တာ လိုက်ကြည့်ပေးမလား” တဲ့….
အမှန်တော့ ပြီးရင်လည်းသူကြိုက်တာပဲသူဝယ်မှာဆိုပေမယ့် သူ့မိန်းမကဂရုတစိုက်လိုက်ဝယ်ပေးတယ်ဆိုတာလေးကိုသူလိုချင်ရှာတာပေါ့နော် ❤️
“ပြီးတော့ ကျွန်တော့် လေယာဉ်ပျံချိန်က ည၁၁:၃၀မှ ဝတုတ်လူဆိုးကြော်ငြာရိုက်ဘယ်အချိန်ပြီးမှာလဲ”တဲ့…
အမှန်ဆိုလေဆိပ်လိုက်ပို့ပေးလို့ပြောရင်ရတာပဲကို….
ကြော်ငြာရိုက်ချိတ်ဖို့လုပ်နေကတည်းကအဲ့နေ့ကျွန်တော့် ကို လေဆိပ်လိုက်ပို့ပေး အလုပ်ကိုတခြားနေ့ချိတ်လို့ပြောလို့ရတာကို….

READ
ပုံအလန်းလေးတွေနဲ့ ဆွဲဆောင်လိုက်ပြန်တဲ့ လုလုအောင်

ဦးရေခဲဟာလေ အမြဲတမ်းသုသုရဲ့ career ကိုသူ့ကြောင့်ထိခိုက်မှာအမြဲစိုးရိမ်‌ပေးခဲ့တယ်….
သူ့ရဲ့အိမ်ရှင်မဆိုတဲ့နေရာကိုယူလိုက်လို့ သုသုချစ်တဲ့အလုပ်လေးမှာထိခိုက်သွားတာမျိုးဘယ်တော့မှမဖြစ်ရအောင်သုသုကိုဦးစားပေးခဲ့တယ်….
အိမ်ထောင်ကျပြီးကတည်းက အိမ်မှာ၁ပတ်ပြည့်အောင်ဆက်တိုက်မနေဖူးပဲအမြဲနယ်လှည့်ကားရိုက်နေတဲ့သူ့မိန်းမကိုတစ်စက်ကလေးမှမငြိုငြင်ခဲ့ဘူး…
သုသုရဲ့ပျက်ကွက်မှုတွေအားလုံးကို အစွမ်းကုန်နားလည်ပေးတဲ့အတွက်ကျေးဇူးပါ ဦးရေခဲရယ်….
အတ္တကင်းစွာနဲ့ ရှင့်ရဲ့ဝတုတ်လူဆိုးကိုချစ်ပေးတာ ကျေးဇူးပါ
ဘာရယ်မဟုတ် ကံကောင်းထောက်မစွာ shooting စောစောပြီးသွားလို့ ဦးရေခဲကိုလေဆိပ်လိုက်ပို့ပေးဖြစ်လို့ သူတန်းစီနေတာကိုကြည့်ရင်း ဒီစာကိုစိတ်ကူးပေါက်ပြီးတင်လိုက်တာ….
ရည်းစားသက်တမ်း၅နှစ် အိမ်ထောင်သက်၁နှစ်နီးပါးမှာတစ်ခါမှသူ့အတွက် appreciation post မတင်ဖူးလို့ post အရှည်ကြီးနဲ့ appreciate လုပ်လိုက်သည် ❤️❤️❤️
I love you so much Boo Bear …” ဆိုပြီး ပိုင်ဖြိုးသု က  သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။

Image:fb/ASEAN Culture House – 아세안문화원

Source:Paing Phyoe Thu

SHARE