ဖခင်ဖြစ်သူကို လွမ်းဆွတ် တမ်းတနေတဲ့ Meadow Walker

Image:IG/ Meadow Walker

The Fast and the Furious ဇာတ်ကားရဲ့ မင်းသားကြီး Paul Walker တစ်ယောက် သေဆုံးသွားတာ ဟာ အခုဆိုရင် (၆)နှစ်ပြည့်တော့မှာပါ။သူချစ်တဲ့ မိသားစုကိုရော ပရိသတ်တွေကိုပါ ရုတ်တရက်ကြီး နှုတ်ဆက် ထွက် ခွာ သွားခဲ့တာပါ။သူ့အသက် (၄၀) လောက်မှာ ကားအက်စီးဒင့်ကြောင့် သေဆုံး ခဲ့ရတာပါ။Paul Walker မရှိတော့ ပေမယ့်လည်း သူ့ရဲ့ သမီးလေး Meadow  Walker ကိုလည်း ပရိသတ်တွေက ချစ်ခင် အားပေးနေတုန်းပါ။ငယ်ငယ် လေးနဲ့ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ Meadow ကတော့ သူမရဲ့ IG မှာ ဖခင်ဖြစ်သူကို လွမ်းဆွတ် တမ်းတတဲ့ Post တစ်ခု တင်လိုက်ပါတယ်။

Image:IG/ Meadow Walker
Image:IG/ Meadow Walker

ပြီးခဲ့တဲ့ စနေနေ့ သြဂုတ် (၁၇)ရက်နေ့က သူမရဲ့ IG မှာတော့ ဖခင်ဖြစ်သူနဲ့ ပတ်သက်ပြီး Post တင်ခဲ့ပါတယ်။ဘယ်သူ မှ မမြင် ဘူး သေသးတဲ့  Paul Walker  ရဲ့ ပုံအသစ်လေးတွေပါ။ရေထဲမှာ ၀က်တစ်ကောင်နဲ့ အတူတူ ရှိနေတဲ့ ပုံပါ။ပုံထဲမှာတော့ အရမ်းကို သဘောကျပြီး ပြုံးရယ်နေတဲ့ Paul Walker  ကို တွေ့ရမှာပါ။“Thinking of you xx,”  လို့ Meadow  Walker က Caption ရေးထားပါတယ်။

READ
ရုပ်ရှင်ဂုဏ်ပြုဆု ရရှိခဲ့တဲ့ အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ ပိုင်ဖြိုးသု

(

 

View this post on Instagram

 

thinking of you xx

A post shared by Meadow Walker (@meadowwalker) on

)

သူမရဲ့ IG မှာတော့ တင်ထားတဲ့ ပုံက (၁၂) ပုံပဲ ရှိပါတယ်။အဲ့ဒီအထဲကမှ သုံးပုံက သူ့ အဖေရဲ့ ပုံတွေပါ။သူ့ အဖေ ရဲ့ မွေးနေ့ တုန်းကလည်း အမှတ် တရ အဖြစ် ဖခင်ဖြစ်သူနဲ့ အတူတူ တွဲက နေတဲ့ ပုံလေးကို တင်ခဲ့ဖူးပါတယ်။Meadow  Walker  ဟာ ကွယ်လွန်သွားတဲ့ ဖခင်အတွက် ရည်စူးပြီး Paul Walker Foundation  ကိုလည်း ထူထောင်ထားပါတယ်။

READ
မင်းသား Keanu Reeves ခေတ်အဆက်ဆက်အသက်ရှင်နေခဲ့တယ်ဆိုတဲ့ ထူးဆန်းသီအိုရီများ
Image:IG/ Meadow Walker
Image:IG/ Meadow Walker

ဒီအဖွဲ့အစည်းကတော့ သမုဒ္ဒရာနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးတွေကို လုပ်ဆောင်တာတွေကို ပံ့ပိုး ကူညီပေးတဲ့ အဖွဲ့ အစည်းပါ။”ဒီကနေ့မှာ ကျရောက်တဲ့ အဖေ့ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကောင်းတဲ့ အရာ လေးတွေကို လုပ်ဖို့ Challenge လုပ်နေပါတယ်…” ဆိုပြီး လွန်ခဲ့တဲ့ နှစ်နှစ်က သူမတင်တဲ့ Post မှာ အဲ့ဒီလို Caption ရေးပြီး တင်ထားပါသေးတယ်။Meadow  ကတော့ (၂၀၁၅)ခုနှစ်တုန်းက Paul Walker Foundation ကို ထူထောငခဲ့တာပါ။ Paul Walker ကွယ်လွန်ပြီး နှစ်နှစ်အကြာမှာ ထူထောင်ခဲ့တာပါ။

Image:IG/ Meadow Walker

Source : teenvogue

SHARE