ဂိုးသွင်းပြီးတိုင်း Antoine Griezmannဘာ့ကြောင့် ဒီလိုပုံစံအာင်ပွဲခံတာလဲ?

ဒီနှစ်ကတော့ အန်တိုနီဂရိဇ်မန်းရဲ့နှစ်လို့တောင်ပြောလို့ရပါတယ်။ အသလက်တီကိုကို ဖိုင်နယ်ပို့ပေးခဲ့တယ်။ ပြင်သစ်ကို
ဖိုင်နယ်ပို့တဲ့နေရာမှာလည်း ခရာကျခဲ့တယ်။ ယူရိုမှာ ၆ဂိုးသွင်းထားပြီးထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေတယ်။ ဂျာမနီနဲ့ဆီမီး
ဖိုင်နယ်မှာ ၂ဂိုးသွင်းခဲ့တယ်။

 

သူဂိုးသွင်းပြီးတိုင်း လက်နှစ်ဖက်နဲ့ ဖုန်းဆက်တဲ့ပုံစံလေးလုပ်လေ့ရှိပါတယ်။ တကယ်တော့ဒါဟာ Drakeရဲ့ Hot Line
Blingထဲက အကဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲရအစမှာတော့ ဒီလိုပုံစံအောင်ပွဲခံခဲ့ခြင်းမရှိခဲ့ပါဘူး။ အိုက်ယာလန်နဲ့ပွဲအပြီးမှာ
တော့ ဒီပုံစံပြန်ပြီးအောင်ပွဲခံလာခဲ့တာဖြစ်ပါတယ်။

2

“‘အဲ့ဒါ Drakeရဲ့Hotline Blingထဲက အကဗျ။ ကျွန်တော်အသလက်တီကိုအတွက် ဂိုးတွေသွင်းတိုင်းလုပ်လေ့ရှိခဲ့
ပါတယ်။ အယ်ဘေးနီးယားနဲ့ပွဲတုန်းက အရမ်းပျော်ပြီး မေ့သွားခဲ့တယ်ဗျ။ အိုက်ယာလန်နဲ့ပွဲမှာတော့ ဒုတိယဂိုးမှာကျွန်
တော် ပြန်သတိရခဲ့တာပါ”လို့ဆိုခဲ့ပါတယ်။

၁၉၈၄ခုနှစ်မှာ မိုက်ကယ်ပလာတီနီသွင်းခဲ့တဲ့ ၆ဂိုးနောက်ပိုင်း ယူရိုမှာ ၆ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့
ပါတယ်။ ဖိုင်နယ်မှာတွေ့မယ့် ပေါ်တူဂီအသင်းဟာ နောက်ဆုံး၁၀ပွဲဆက်တိုက်ပြင်သစ်ကိုအနိုင်ရဖူးခြင်းမရှိကြောင်းသိရ
ပါတယ်။

Source: thesun

READ
မန်စီးတီးနဲ့ပွဲမှာပြန်လာပါဝင်ဖို့ အသင့်ဖြစ်နေတဲ့စီရော်နယ်လ်ဒို

မောင်ရွှေရိုး (Shwemom)

SHARE