ချစ်သူက Babe လို့ အမြတ်တနိုး ခေါ်ရခြင်းရဲ့ အဓိပ္ပာယ်များ

Image by StockSnap from Pixabay

Babe ဆိုတာကတော့ အာလုပ်စကားလေးပေါ့။ ချစ်ခင်ကြင်နာရသူကို အမြတ်တနိုးနဲ့ ခေါ်တဲ့ စကားပါဘဲ။ ဒါပေမယ့် အားလုံးသော အမျိုးသမီးတိုင်း Babe အခေါ်ရမယ်လို့ ကံသေကံမ ပြောလို့မရပါဘူး။ များသောအားဖြင့် သက်ဆိုင်တဲ့ အမျိုးသားဖြစ်သူထက် အသက်ငယ်တဲ့ ကောင်မလေးတွေ၊ အသက်တန်းတူ ကောင်မလေးတွေကို ခေါ်လေ့ရှိပါတယ်။ Babe ရဲ့ နောက်ကွယ်မှာ သီးခြားဆိုလိုတဲ့ အဓိပ္ပါယ်တွေဟာ အခြေအနေအရ ရှိနေတယ်ဆိုတဲ့အကြောင်း Shwemom က ဖော်ပြလိုက်ပါတယ်။

(၁) စွဲဆောင်မှုရှိတယ်လို့ ထင်မြင်ယူဆခံရလို့

Babe လို့ အခေါ်ခံရသူတွေဟာ သာမန်အားဖြင့်တော့ ရုပ်ရည်ရူပကာ ငယ်ရွယ်နုပျိုသူတွေ စွဲဆောင်မှုရှိသူတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဥရောပဘက်မှာတော့ အသက် 60 ကျော် အိမ်ထောင်သည်တွေက ဒီစကား ကို ရေလဲသုံးကြပါတယ်။ အဲဒီလိုအရွယ်မှာတော့ စွဲဆောင်မှုရှိတယ်လို့ ဆိုလို့မရတော့ဘဲ ဒီစကားက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတယ်လို့ ဆိုရမှာပါ။

READ
အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့သူကို လုံးဝအဖက်မလုပ်ဖို့ ၀ီလျံကို သတိပေးလိုက်တဲ့ ကိတ်

(၂) ကြင်နာတတ်ခြင်းရဲ့ သင်္ကေတ

ဒီလို Babe ဆိုတဲ့ စကားအနုအလှလေး ထွက်ဖို့ ကာယကံရှင်အမျိုးသားကိုယ်တိုင်က စိတ်ထားနူးညံ့သူ ကြင်နာတတ်
သူလို့ ဆိုလို့ရပါတယ်။ တစ်ခါတလေမှာ အမျိုးသမီးတွေက Babe လို့ ပြန်ခေါ်တာမျိုး ရှိတတ်ပါတယ်။ အခြေအနေအရ တော့ အသက်ငယ်ငယ်ကောင်လေးနဲ့ အသက်ကြီးကြီး အမျိုးသမီးတို့ရဲ့ အချစ်ရေးလို့ တွက်ဆလို့ ရပါတယ်။

Image by reaklop2 from Pixabay

(၃) ချော့မြူကျီစယ်ဖို့ အချိန်

ဒီလို Babe လို့ ခေါ်လိုက်တဲ့ အခိုက်အတန့်နောက်ပိုင်းမှာ သူဟာ ချစ်သူကို ချော့မြူကျီဆယ်လိုတဲ့ သဘောလည်း ပါဝင်ပါတယ်။ နှစ်ယောက်တည်း ရှိချိန်မှာဆိုရင်တော့ ဒီစကားလေးဟာ ချစ်ခြင်းရဲ့ အထွဋ်အထိပ် ဘုံဌာနတစ်ခုဆီအထိ ပို့ဆောင်ပေးနိုင်တယ်လို့ ဆိုရမှာပါ။

(၄) အများရှေ့မှာ သူချစ်တာ ပေါ်လွင်စေချင်လို့

အများရဲ့ရှေ့မှာ ဒီစကားလေး သုံးတယ်ဆိုရင် သူဟာ သင့်ကို ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက် မြတ်နိုး ကြောင်း သူ့ဘော်ဒါ အပေါင်းအသင်းတွေကို ကြွားလုံးထုတ်လိုက်ခြင်းပါဘဲ။

READ
ရန်သူတွေ အလိုလို လက်နက်ချစေမယ့် အလှတရားကို ပိုင်ဆိုင်ထားတဲ့ စစ်သမီးပျိုလေးများ
Image by Karen Warfel from Pixabay

(၅) ချစ်စရာကောင်းတဲ့သူ ဖြစ်လို့

ဒီစကားလေးသုံးရခြင်းရဲ့ အဓိက လိုရင်းကတော့ အခေါ်ခဲ့ရသူဟာ သူ့အတွက်တော့ ချစ်စရာ အကောင်းဆုံးသူ ဖြစ်လို့
ပါဘဲ။ တစ်ခြားအဓိပ္ပါယ်တွေ မပါဝင်ခဲ့ဘူးဆိုရင်တောင် ဒီစကားလေးဟာ “အချစ်ရေ … အသည်းရေ “လို့ ကိုယ်စားပြုပါ
တယ်။ ချစ်သူတွေကြားမှာတော့ အတော်လေး ခေါ်ရတာ စိမ့်တဲ့ စကားလုံးလေးပါဘဲ။

နတ်စည်တော် (Shwemom)

source : herinterest.com

SHARE