လာမယ့်(၁၀)နှစ်အတွင်း ဒေါ်လာဘီလီယံချီပြီးတိုးတက်လာမယ့် အစားအစာဈေးကွက်

rblfmr/Shutterstock

လူတွေဟာ နေ့စဉ်လုပ်ငန်းခွင်တာဝန်တွေများလာတာနဲ့အမျှအချိန်မကုန် လူသက်သာတဲ့ အသင့်စားအစားအစာတွေကိုပိုမိုစားသုံးလာကြပါတယ်။

Beyond Meat နဲ့Burger Kingတို့လို ဘာဂါကုမ္ပဏီတွေရဲ့ နိုင်ငံတစ်ဝန်း ရောင်းအားစစ်တမ်းတွေအရ အသီးအရွက်နဲ့အသားအခြေခံထုတ်လုပ်တဲ့ အစားအစာဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်က တစ်ဟုန်ထိုးအောင်မြင် လာခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံရေးဘဏ်ပညာရှင်တွေရဲ့သုံးသပ်ချက်အရ အဆိုပါဈေးကွက်ဟာ တစ်နှစ်ကို(၂၈)ရာခိုင်နှုန်းတိုးတက်လာပြီး (၂၀၁၈)မှာ (၄.၆)ဘီလီယံကနေ (၂၀၃၀)မှာ(၈၅) ဘီလီယံအထိရှိလာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။

rblfmr/Shutterstock

စားသုံးသူတွေဟာ နို့ထွက်ပစ္စည်း၊ဥအမျိုးမျိုး၊အသားနဲ့အသီးအရွက်တွေလို ကျန်းမာရေးနဲ့ညီညွတ်ပြီး ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေကိုပိုပြီး ရွေးချယ်စားသုံးလာပါတယ်။

Beyond Meat နဲ့ Impossible Foodsလို နာမည်ကြီးဘာဂါဘရန်းတွေက အသင့်စား အစားအစာနယ်ပယ်မှာ နေရာယူထားကြတာပါ။ Beyond Meatဟာဆိုရင် မေလက စတင်ဖွင့်လှစ်ပြီးနောက်ပိုင်း ရှယ်ယာဈေးဟာ (၁၅၀)ရာခိုင်နှုန်းထိမြင့်တက်သွားခဲ့တယ်လို့ Insider.com က ဖော်ပြသွားခဲ့ပါတယ်။

အပင်ကနေအခြေခံပြီးရရှိတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ဥအမျိုးမျိုးကို တိရစ္ဆာန်တွေမှရရှိတဲ့ ကုန်ပစ္စည်းတွေအစား အသုံးပြုလာပြီး အကျိုးသက်ရောက်မှုကောင်းတွေရှိနေပါတယ်။ အပင်မှအခြေခံရရှိတဲ့နို့တွေဟာ Alpro နဲ့Oatlyတို့လိုနာမည်ရ အမှတ်တံဆိပ်တွေနဲ့အတူအမေရိကန်အရောင်းဈေးကွက်မှာ ၆ရာခိုင်နှုန်းနီးပါးတိုးတက်လာခဲ့ပါတယ်။

Savvapanf Photo/Shutterstock

ဥအမျိုးမျိုးကလည်း 38%မြင့်တက်လာခဲ့သလို၊ အပင်အခြေခံနို့ထွက်ပစ္စည်းဈေးကွက် ဟာ ၂၀၂၅ခုနှစ်မှာအမေရိကန်ဒေါ်လာ(၃၇.၅)ဘီလီယံအထိတက်လာလိမ့်မယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။

အားလုံးကိုခြုံငုံကြည့်မယ်ဆိုရင် အစားအစာဆိုင်ရာတီထွင်ထုတ်လုပ်ရေးဈေးကွက်ဟာ (၂၀၃၀)မှာ အမေရိကန်ဒေါ်လာ(700)ဘီလီယံရရှိလာနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ အမေရိကန် ဦးဆောင်တဲ့နည်းပညာတိုးတက်မှုတွေ၊အစားအစာနဲ့ပတ်သက်တဲ့တီထွင်မှုနဲ့လယ်ယာလုပ်ငန်းတိုးမြှင့်လုပ်ကိုင်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်လာကြမယ်လို့လည်းပညာရှင်တွေက မျှော်မှန်းထားကြပါတယ်။

rblfmr/Shutterstock

Khaing

SHARE