ညတွင်းချင်း အပြီးထွင်းခဲ့တယ်ဆိုတဲ့ ပြင်သစ်က တောင်စောင်းဖြတ်လှေကားထစ်လမ်းလေး

ပြင်သစ်၊ Corsica သို့ရောက်ခဲ့ရင် တောင်စောင်းတစ်လျှောက် အထက်အောက်သို့ မတ်စောက်နေတဲ့ အနေအထားနဲ့ ထွင်းထုထားတဲ့ လှေကားထစ်လမ်းလေးကို သတိထားမိမှာပါ။ Tourist attraction နေရာဖြစ်ပြီး နာမည်ကျော်ကြားတဲ့ နေရာဆိုလည်း မမှားပါဘူး။

ဒီလှေကားထစ်လမ်းလေးကို The Stairway of the King of Aragon လို့ခေါ်ပါတယ်။ လှေခါးထစ်ပေါင်း (၁၈၇) ထစ်ရှိပြီး ကျောက်ဆောင်အထက်မှ အောက်သို့ ကန့်လန့်ဖြတ်အနေအထားနဲ့ ထွင်းထုထားတဲ့အတွက် မတ်စောက်လျက်ရှိပါတယ်။

Flickr

၄၅ ဒီဂရီနီးနီးမတ်စောက်နေပြီး လှေကားထစ်ရဲ့ အလယ်နေရာကပဲဖြစ်ဖြစ် ထိပ်မှပဲဖြစ်ဖြစ် ဘယ်ရှုထောင့်ကမဆို လှပတဲပင်လယ်ကြီးကို ခံစားနိုင်မှာပါ။

Flickr

တမူထူးခြားတဲ့အလှအပကိုခံစားနိုင်ရုံသာမက ဒီလှေကားထစ်ရဲ့သမိုင်းကြောင်းဟာလည်း စိတ်ဝင်စားဖွယ်ပါပဲ။ ဒေသခံတို့ရဲ့ပါးစပ်ရာဇဝင်အရ ဒီလှေကားထစ်လမ်းလေးကို တစ်ညတည်းအတွင်း အပြီး ထွင်းထုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Flickr

သမိုင်းကြောင်းကတော့ ဘုရင် Aragon Alfonso V လက်ထက် ၁၉၄၀ ခုနှစ်လောက်တုန်းက မြို့ကိုအဝိုင်းခံနေရတုန်း ထွက်ပြေးဖို့အတွက် တပ်သားတွေမှ ညတွင်းချင်း လုပ်အားသုံးထွင်းထုခဲ့တာဖြစ်တယ်လို့ ပြောစမှတ်ပြုနေကြပါတယ်။

READ
ကမ္ဘာမြေပေါ်ကို ဘယ်လို ရောက်လာမှန်း မသိသေးတဲ့အရာများ
Flickr

သို့ပေမယ့် ဒါဟာပါးစပ် ရာဇဝန်တစ်ခုအနေနဲ့တည်ရှိနေပြီး တကယ့်သမိုင်းကြောင်းစစ်စစ်မှာတော့ တစ်ညတွင်းအပြီးထွင်းထုခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ Franciscan ဘုန်းတော်ကြီး များမှ မြို့အတွက် ရေချိုလိုအပ်တဲ့အတွက် တောင်ခြေမှာရှိတဲ့ရေချိုကန်သို့သွားရောက်ဖို့အတွက် လှေကားကို ထွင်းခဲ့တာပါ။

Flickr

Source: Elite Readers , amusing planet

Penny

SHARE