ပုရိသတွေကြားထဲ ရေပန်းစားနေတဲ့ အမေရိကန်ဒုသမ္မတရဲ့တူမလေး Meena Harris

Instagram- @meena

လက်ရှိအမေရိကန်သမ္မတဟာ Joe Biden အဖြစ် ရွေးမြှောက်ခံခဲ့ရအပြီးမှာတော့ Kamala Harris ကတော့ ဒုသမ္မတဖြစ်လာခဲ့ပါတယ်။ US ရဲ့ ပထမဆုံးသော အမျိုးသမီး ဒုသမ္မတဆိုတဲ့ရာထူးကို Kamala Harris တစ်ယောက်သူမနဲ့လိုက်ဖက်တယ်ဆိုတာ မဲစွယ်ကာလမှာကတည်းကိုက သက်သေပြလာခဲ့တာပါ။

လူတွေက တစ်စုံတစ်ယောက်နာမည်ကြီးတာနဲ့ သူတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေကိုပါ လိုက်ပြီး စပ်စုတတ်ကြတာ သဘာဝပါပဲ။ အခုလည်း Kamala Harris တစ်ယောက် သူမရဲ့ တူမလေးကြောင့် မျက်နှာပန်းလှနေခဲ့ပြန်ပါပြီ။ Kamala ရဲ့ညီမဖြစ်သူ Maya ဟာ လူ့အခွင့်အရေးအတွက် ရှေ့နေတစ်ဦးဖြစ်ပြီးတော့ နိုင်ငံရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေမှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။ အခု တူမလေးဆိုသူကတော့ Maya ရဲ့ သမီးလေးပါ။

 

View this post on Instagram

 

A post shared by Meena Harris (@meena)

သူမနာမည်ကတော့ Meena Harris ပါတဲ့။ ကြည့်ရတာ Harris မိသားစုက အမျိုးသမီးတွေက အရမ်းကို ထူးချွန်ပြောင်မြောက်ကြတယ်နဲ့တူတယ်။ အခုလည်း Meena ဟာ အသက် ၃၆ နှစ်ရွယ်သာရှိသေးပေမယ့်လို့ သူမရဲ့ ပန်းတိုင်တွေဟာ တကယ့်ကို သာမန်အမျိုးသမီးတစ်ယောက် အကုန်လုံးလိုက်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။

 

View this post on Instagram

 

A post shared by Meena Harris (@meena)

သမီးနှစ်ယောက်နဲ့ single mother ဘဝကို ဂုဏ်ရှိရှိခံယူထားခဲ့ပြီးတော့ ဟားဗတ်ကျောင်းဆင်း ရှေ့နေတစ်ဦးဖြစ်ကာ အမျိုးသမီးတက်ကြွလှုပ်ရှားမှုတွေမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်ပါဝင်လှုပ်ရှားနေခဲ့ပါတယ်။ Phenomenal ဆိုတဲ့ အမျိုးသမီးတွေကို ဖက်ပေါင်းစုံက ကာကွယ်စောင့်ရှောက်ခွင့်ရ အဖွဲ့အစည်းရဲ့ CEO တစ်ယောက်လည်ဖြစ်တဲ့အပြင်ကိုမှ ကလေးတွေအတွက်ကိုလည်း ခွန်အားဖြစ်စေမယ့် စာမျိုးတွေရေးတဲ့ စာရေးဆရာမတစ်ဦးဖြစ်ပါတယ်။ 

“ကျွန်မငယ်ငယ်လေးကတည်းကိုက ဆွေမျိုးထဲရှိသမျှ အမျိုးသမီးတွေက အရမ်း strong ဖြစ်တယ်၊ နောက်ပြီး မတတ်တဲ့အရာမရှိဘဲ တစ်ခုခုမှာ အရမ်းကို အောင်မြင်တဲ့အမျိုးသမီးတွေကြားထဲမှာပဲ ကြီးပြင်းလာခဲ့တာဆိုတော့ တခြားကလေးတွေနဲ့ ကွာတယ်” လို့ Meena ကပြောလာခဲ့ပါတယ်။ အခုလည်း သူမရဲ့ သမီးလေးနှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ်လျှောက်လှမ်းနိုင်ပြီး Harris အမျိုးသမီးတွေရဲ့ ခြေရာထက် ကျော်အောင် လမ်းပြပေးသွားမှာပါလို့ ပြောလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Meena Harris (@meena)

penny

SHARE