အသက် (၁၅) နှစ်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး တစ်လ မြန်မာငွေ (၁၅) နီးပါး ၀င်ငွေရှိသူလေး

လွန်ခဲ့တဲ့ (၉) လ လောက်ကမှ ကိတ်မုန့် လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပြီး တစ်လကို မြန်မာငွေ (၁၅) သိန်းလောက် ရှာနိုင်နေတဲ့ အသက် (၁၅) နှစ်အရွယ် ကောင်မလေးတစ်ယောက် အကြောင်း ဖော်ပြပေးချင်ပါတယ်။

သူမရဲ့ နာမည်ကိုတော့ Kea Walsh လို့ခေါ်ပြီး သြစတေးလျနိုင်ငံ Gold Coast မြို့ ကဖြစ်တယ်။ သူမဟာ ကိုယ်ပိုင် စီးပွားရေးကို A Piece of Cake ဆိုတဲ့ နာမည်နဲ့ အွန်လိုင်းက တဆင့် စတင်ခဲ့တယ်။ ကျောင်းကတစ်ဖက် မုန့်ဖုတ် သင်တန်းကတစ်ဖက်နဲ့ လက်ရှိမှာ တစ်ပတ်ကို ကိတ်မုန့် (၄) လုံးသာ ပြုလုပ် ရောင်းချနေပါတယ်။

Nine
A Piece of Cake by Kea/Instagram

သူမဟာ အစားအသောက်ကို နှစ်သက်ခုံမင်သူဖြစ်ပြီး စိန်ခေါ်မှုတွေကို နှစ်သက်တယ်။ ဒီ အထက်တန်းကျောင်းသူလေးက သူငယ်ချင်းအတွက် မွေးနေ့ကိတ်လုပ်ပေးဖို့ တောင်းဆိုခံခဲ့ရပြီးတဲ့နောက်မှာ စီးပွားရေးကို စတင်လုပ်ခဲ့ပါတယ်။ အခုဆို Gold Coast တစ်မြို့လုံးက အော်ဒါတွေကို လက်ခံနေရပြီ ဖြစ်တယ်။

READ
မိဘခြေရာကို တစ်ထပ်တည်းတူအောင် နင်းနိုင်ခဲ့ကြတဲ့ သားသမီးတို့ရဲ့ဂုဏ်ယူဖွယ်ပုံရိပ်များ
A Piece of Cake by Kea/Instagram
A Piece of Cake by Kea/Instagram

အစကတော့ ခင်တဲ့ သူတွေအတွက်ပဲ လုပ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာမှ တခြားသူတွေကပါ တောင်းဆိုလာခဲ့ကြတယ်လို့ သိရတယ်။ မွေးနေ့ကိတ်တွေကို လုပ်ပေးရတာများပြီး မင်္ဂလာဆောင် ကိတ်ကိုတော့ တစ်ခါလုပ်ဖူးတယ်လို့ သူမရဲ့ အဆိုရသိရပါတယ်။

ကိတ်တစ်လုံးရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ (၁၁၀) ကနေ (၁၅၀) အတွင်းရှိပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူ က သူမ ကျောင်းစာနဲ့ အလုပ်သင် ကာလအတွက် အချိန်ပေးနိုင်ဖို့ တစ်ပတ်ကို ကိတ်မုန့် (၄) လုံးသာ အော်ဒါလက်ခံရမယ်လို့ ကန့်သတ်ထားပါတယ်။

A Piece of Cake by Kea/Instagram

Ms Walsh က သူမရဲ့ စီးပွားရေးလုပ်ငန်းကို တိုးတက်စေချင်တယ်၊ ဒါမှ သူမအနေနဲ့ အချိန်ပြည့် ကိတ်မုန့်တွေကို ဖန်တီး ပြင်ဆင်နိုင်တဲ့ သူဖြစ်လာနိုင်မယ်။ နောက်နှစ်ထဲမှာ ပြင်သစ်ကို သွားပြီး ကမ္ဘာပေါ်က မုန့်ဖုတ် ကျွမ်းကျင်သူတွေဆီက ပညာတွေကို လေ့လာဖို့ စီစဉ်ထားကြောင်း သိရတယ်။

READ
မိဘတွေကို ကျေးဇူးဆပ်ချင်တဲ့ သားလိမ္မာ​ ဆန္ဒပြည့်တဲ့နေ့

သူမအနေနဲ့ ဖြစ်နိုင်မယ်ဆို နာမည်ကြီး ဆယ်လီ စာဖိုးမှူး Adriano Zumbo ဆီမှာ လေ့လာဆည်းပူလိုနေပါတယ်။ မုန့်လုပ်တဲ့ အလုပ်ဟာ သူမရဲ့ စိတ်ထက်သန်ရာပဲဆိုတာကို မိခင်ဖြစ်သူ Anahera Walsh က ပြောပြပါတယ်။

A Piece of Cake by Kea/Instagram

သမီးအတွက်ကတော့ သူ မြတ်နိုးရာကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်စေချင်တယ်။ ဒီနေရာမှာ ထူးချွန်လာနိုင်ပေမယ့် သူမစိတ်ကို ပြောင်းဖို့ဆုံးဖြတ်ခဲ့သည်ရှိသော် အရံ အစီအစဉ်တွေလည်းရှိကြောင်း မိခင်ကပြောပြပါတယ်။ ကောင်မလေးရဲ့ အဘိုးအဘွားတွေကလည်း ကိတ်မုန့် ပြုလုပ်သူတွေပဲလို့ သိရတယ်။ အစားအသောက်တွေကို ပြုလုပ်ဖန်တီးရာမှာ အဓိပ္ပာယ်တစ်ချို့ရှိပြီး စိုက်ထုတ်လိုက်ရတဲ့ အားထုတ်မှုတွေကိုလည်း ကျေနပ်အားရမှုရှိကြောင်းပြောပြပါတယ်။

Source: Daily Mail

Matthew (ShweMOM)
SHARE