မူလတန်းအရွယ်မှာတင်ကိုယ်ပိုင်ဝင်ငွေရှာနိုင်ပြီဖြစ်တဲ့ စင်ကာပူက ကလေး(၅)ယောက်

Ella Teo / Facebook

ကလေးတွေအတွက် ကျောင်းပြင်ပမှာ ဘ၀ကျွမ်းကျင်မှုလေ့လာသင်ယူစရာတွေအများကြီးရှိပါတယ်။ အမျိုးမျိုးသောလုပ်ငန်းတွေနဲ့စီမံကိန်းတွေကနေ သူတို့သင်ယူလေ့လာနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ဖို့အတွက်လည်း ကြိုးစားနိုင်ပါတယ်။  

စင်ကာပူနိုင်ငံမှာရှိတဲ့ကျောင်းတွေမှာ ကလေးတွေတက်ရောက်သင်ကြားနိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ဖို့တိုက်တွန်းတဲ့သင်တန်းတွေထားရှိပါတယ်။

ဒီသင်တန်းမှာ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေ သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ပစ္စည်းတွေကို ရောင်းချနိုင်ဖို့ အတွက် သင်ယူလေ့လာနိုင်တဲ့ အမျိုးမျိုးသောသင်ခန်းစာတွေမရေတွက်နိုင်လောက်အောင်ရှိပါတယ်။ အဲ့ဒီလိုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာအသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ စင်ကာပူနိုင်ငံက ကလေး(၅)ယောက်အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

အသက်ငယ်ငယ်နဲ့စီးပွားရေးလုပ်ငန်းထဲမှာခြေချနေပြီဖြစ်တဲ့ စင်ကာပူနိုင်ငံက ကလေး(၅)ယောက်က သူတို့ရဲ့စီးပွားရေးအိုင်ဒီယာတွေဘယ်လိုရှိလဲ၊ သူတို့ပိုက်ဆံကိုဘယ်လိုရှာလဲ၊ အများနဲ့မတူ တမူထူးခြားတဲ့ ထုတ်ကုန်တွေကို ဘယ်လိုထုတ်လုပ်လဲဆိုတာကို ပြောပြခဲ့ပါတယ်။

https://mumsatworksg3.wixsite.com/kidpreneur2019

 

အသက်(၉)နှစ်အရွယ်ထဲကိုရောက်နေပြီဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်လေး Ayden၊အသက်(၇)နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်လေး Marissa တို့ဟာ မူလတန်းကျောင်းစတင်တက်ရောက်နေတဲ့အရွယ်လေးတွေဖြစ်ပါတယ်။ Ayden ဟာ ပုံဆွဲရတာကိုသဘောကျတဲ့အပြင် စာအုပ်တွေဖတ်တယ်၊ lego နဲ့ကစားတဲ့အပြင် ကွန်ပျူတာဂိမ်း တွေကိုလည်းဆော့တဲ့ကလေးတစ်ယောက်ပါ။သူရဲ့ညီမလေး Marissa နဲ့အတူပေါင်းပြီး အရုပ်တွေနဲ့ကစား၊ ဂိမ်းတွေလည်းအမြဲဆော့လေ့ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့ (၂၀၁၉)ကလေးဈေးရောင်းပွဲတော်မှာ သူတို့မောင်နှမတွေဟာ အနုမြူအရုပ်ကလေးတွေ၊ ဓာတုဆေးဝါးမပါတဲ့လက်သည်းနီဆိုးဆေးတွေနဲ့အခြားပစ္စည်းလေးတွေကိုရောင်းချခဲ့ပါတယ်။သူတို့မောင်နှမနှစ်ယောက်ဟာ ကလေးတွေအတွက်ထုတ်ထားတဲ့ စီးပွားရေးအကြံပေးလမ်းညွှန်စာအုပ်ကိုဖတ်ပြီး အခုလိုကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက်အိုင်ဒီယာကိုရရှိခဲ့ကြတာပါ။

အသက်(၁၁)နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်လေး Xander ဟာ မူလတန်းနောက်ဆုံးအဆင့်မှာတက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။သူဟာ ပုံဆွဲတာနဲ့စာဖတ်တာကိုဝါသနာပါတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူဖတ်ထားတဲ့ပုံပြင်စာအုပ်အဟောင်းတွေကိုစုစည်းပြီး ဒီကလေးဈေးရောင်းပွဲတော်မှာ ပြန်လည်ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

https://mumsatworksg3.wixsite.com/kidpreneur2019

နောက်ထပ်စီးပွားရေးလုပ်ငန်းရှင်လေး(၂)ယောက်ကတော့ အသက်(၈)နှစ်အရွယ် Charlotte နဲ့ အသက်(၆)နှစ် အရွယ် Ella တို့ပဲဖြစ်ပါတယ်။သူတို့ဟာ စင်ကာပူတရုတ်မိန်းကလေးစာသင်ကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသူလေး တွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ စာကိုအတူတူပူးပေါင်းဖတ်ကြပေမယ့် ၀ါသနာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ Ella ကပန်းချီဆွဲတာ၊ ကျွမ်းဘားကစားတာနဲ့ကရတာကိုဝါသနာပါပေမယ့် Charlotte ကတော့ တယောအကြီးထိုးရတာကိုဝါသနာပါတဲ့အပြင် စာရေးတဲ့အလုပ်ကိုလည်းဝါသနာပါ,ပါတယ်။

မကြာခင်ရောက်လာတော့မယ့် ဈေးရောင်းပွဲတော်မှာ Ella ဟာ သူကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ ပုံနှိပ်စာအုပ်ထုတ်ဝေမှာ ဖြစ်ပြီး အဲ့ဒီစာအုပ်ထဲမှာ Charlotte ရေးထားတဲ့ My Universe ဆိုတဲ့ကဗျာကိုထည့်သွင်းပုံနှိပ်ပြီးရောင်းချမှာ ဖြစ်ပါတယ်။

Ella Teo / Facebook

သူတို့တွေဟာ သူတို့ရဲ့စာအုပ်တွေကိုရောင်းချတော့မှာဖြစ်တယ်လို့ ဖေ့ဘုတ်ပေါ်တင်ပြီး စတင်ကြေညာနေပါပြီ။ စာအုပ်ရဲ့(၂၃)ရာခိုင်နှုန်းလောက်ဟာရောင်းထွက်သွားပြီဖြစ်တယ်လို့လည်းသိရပါတယ်။

TS

READ
ကားနဲ့တည့်တည့်ဝင်တိုက်တာတောင်မှ ဒဏ်ရာသာရခဲ့တဲ့ကလေးငယ်

Source : asiaone.com , dollarsandsense.sg

SHARE