တတိယ မြောက် ရင်သွေးလေးကို ပထမဆုံးအကြိမ် ထုတ်ပြလိုက်တဲ့ Enrique Iglesias

Image:IG/Enrique Iglesias & Anna

Hero သီချင်းရဲ့ အဆိုတော် Enrique Iglesias ကတော့ သမီးလေးရဲ့ ပုံကို ပထမဆုံး အကြိမ် Instagram မှာ တင်လိုက်ပါတယ်။တင်းနစ်မယ် မော်ဒယ်  Anna Kournikova ကတော့ Enrique Iglesias နဲ့ သူမရဲ့ ရင်သွေး လေးကို မွေးထားတာ သိပ်မကြာ သေးပါဘူး။လွန်ခဲ့တဲ့ နှစ်ပတ်က မှ မွေးထားတာပါ။

Image:IG/celeb_babies_kids_

အသက် (၄၄)နှစ်ရှိနေပြီဖြစ်တဲ့ Enrique Iglesias  ကတော့ ခွဲစိတ်ခန်းကို ၀င်တဲ့ အခါ ၀တ်တဲ့ အစိမ်းရောင်ဝတ်စုံနဲ့ နှာခေါင်းစည်းကို တပ်ထားပြီး မွေးခါ စ သမီးလေးကို ထွေးပွေ့ ထားတဲ့ ပုံကို တင်ခဲ့တာပါ။ Anna ကတော့ အသက် (၃၈)နှစ်ဖြစ်ပြီး ကလေးလေးယောက်ရဲ့ မေမေ ပါ။ Enrique တင်ပြီး သိပ်မကြာခင် မိနစ်ပိုင်းလောက်မှာပဲ Anna ကလည်း  ဆေးရုံက ပုံတွေ ကို တင်ခဲ့ပါတယ်။

READ
အသက်(၂၀) ပြည့်မှ သူမပုံတွေကို ကြည့်ပါဆိုတဲ့ နန်းသီရိမောင်
Image:IG/Enrique Iglesias

သမီးလေးကိုတော့ (၂၀၂၀) ဇန်န၀ါရီ (၃၀) ရက်နေ့က မွေးခဲ့တာပါ။သမီးလေးမွေးတဲ့ ရက်ကိုပါ “: ‘My Sunshine 01.30.2020.’ ဆိုပြီး Caption မှာ ရေးတင်ထားပါတယ်။ဖခင်တစ်ယောက်ဖြစ်လာတဲ့ ခံစားချက်ကိုတော့ Enrique က အခုလို ရင်ဖွင့်ခဲ့ဖူးပါတယ်။” ကမ္ဘာ့ပေါ် မှာ ခံစားလို့ အကောင်းဆုံး Feeling တွေ ထဲက တစ်ခုပါ။ပိုပြီး တာဝန်ကြီးလာတယ်။ကျတော် တစ်ခုခုကို မိုက်မိုက်မဲမဲ လုပ်တော့ မယ်ဆိုရင် မလုပ်ချင် အချိန်ယူစဉ်းစားတတ်လာတယ်။ ဖခင်ကောင်းတစ်ယောက် ဖြစ်လာဖို့ ကျ တော် မျှော်လင့် ပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။

Image:IG/Enrique Iglesias

 

 

View this post on Instagram

 

⚡️⚡️⚡️

A post shared by Enrique Iglesias (@enriqueiglesias) on

တင်းနစ်မယ် ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ Anna ကတော့ Lucy နဲ့ Nicholas  ဆိုတဲ့ အမြွှာလေး မွေးခဲ့ဖူးပြီး အခုသမီးလေးက တော့ တတိယမြောက် ရင်သွေးလေးပါ။ Enrique နဲ့ Anna က တော့ ကလေး (၃)ယောက်ရှိနေပေမယ့် အခုထိ တော့ လက်မထပ် ရ သေးပါဘူး။သူတို့နှစ်ယောက်ကတော့  Escape  MV မှာ  စ တွေ့ခဲ့ပြီးနောက်  (၂၀၀၁)တည်းက ချစ်ဇာတ်လမ်းစခဲ့ ကြတာပါ။

 

View this post on Instagram

 

My Sunshine 01.30.2020

A post shared by Anna Kournikova Iglesias (@annakournikova) on

Source:Dailymail/IG/Enrique Iglesias & Anna

SHARE