မာရသွန်အပြေးသမားနဲ့ တွေ့ပြီးမှ ဘ၀ပြောင်းလဲသွားတဲ့ ကြောင်ဖက်တီးပုတ်ကြီး

instagram/spcaofwakecounty

အောက်မှာတော့ ချစ်စရာကောင်းပြီး ၀၀ဖိုင့်ဖိုင့်နဲ့ လိမ္မော်ရောင် ကြောင်ဝတုတ်လေး ဘာဇူကာကို တွေ့ရမှာပါ။ ဘာဇူကာက အသက် (၅) နှစ်ရှိပါပြီ။ သူ့သခင်က လူကြီးရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက် ဘာဇူကာက ကြောင်ဂေဟာတစ်ခုကို ရောက်လာတာပါ။ ဘာဇူကာရဲ့သခင်က မှတ်ဥာဏ်ချို့တဲ့ပါတယ်။ ကြောင်ကို အစာကျွေးပြီးလား၊ မကျွေးရသေးဘူးလားဆိုတာ အမြဲမေ့နေတတ်ပါတယ်။ ကြောင်စာခွက်ထဲမှာ ဘာမှမတွေ့ရရင် ဘာဇူကာအတွက် ကြောင်စာတွေ အမြဲအပြည့်ဖြည့်ထားလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဘာဇူကာက အ၀လွန်နေတာပါ။

instagram/spcaofwakecounty

နောက်ပိုင်း သခင်သေလို့ ဘာဇူကာက ဂေဟာလည်းရောက်လာရော သူ့ကို ဆေးကုပေးဖို့ အတော်လေးလိုအပ်နေတာကို တွေ့လိုက်ရပါတယ်။ မကြာခင်မှာတော့ ဘာဇူကာကိုပိန်အောင် လေ့ကျင့်ပေးဖို့ဆိုပြီး မိသားစုတစ်စုက မွေးစားဖို့ ခေါ်ယူခဲ့ပါတယ်။

ဗီဒီယိုတစ်ခုမှာတော့ လှေကားတက်ဖို့တောင် အနိုင်နိုင် ကြိုးစားနေရတဲ့ ဘာဇူကာကို တွေ့ရမှာပါ။ အရင်တုန်းက ဖက်တီးပုတ်ကြီးဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ဖြည်းဖြည်းချင်းစီ ၀ိတ်ကျလာတဲ့ ဘာဇူကာကို တွေ့ရမှာပါ။ ၀ိတ်ကျလာတာနဲ့အတူ ဘာဇူကာရဲ့ ကျန်းမာရေးကလည်း ပိုပြီးကောင်းမွန်လာပါတယ်။

READ
ဖခင်ရဲ့လက်တစ်ကမ်းမှာတင် ကလေးငယ်ကို ပြန်ပေးဆွဲသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု
instagram/spcaofwakecounty

ဘာဇူကာကို လက်ရှိသူ့ရဲ့ အိမ်ရှင်က နာမည်အသစ်ပေးထားပါတယ်။ သြဂတ်စတပ်ဘုရင်ကြီး ဆိုပြီးတော့ပါ။ Boredpanda ကတော့ သြဂတ်စတပ်ဘုရင်ကြီးရဲ့ အကြောင်းကို ၄င်းရဲ့ပိုင်ရှင် ရော်ဘင်ဆီ အင်တာဗျူးသွားမေးခဲ့ပါသေးတယ်။ ရော်ဘင်ကတော့ သြဂတ်စတပ်နဲ့ပတ်သက်ပြီး အခက်ခဲဆုံးက ကြောင်ကြီးကို ချီလို့မနိုင်ဘူးလို့ ပြောပြပါတယ်။

instagram/spcaofwakecounty

ရော်ဘင်ဟာ သူမကိုယ်တိုင်က အားကစားလိုက်စားတဲ့သူဖြစ်တဲ့အတွက် သြဂတ်စတပ်ကိုလည်း  သူမလိုမျိုး ဖြစ်ဖို့ မျှော်လင့်နေပါတယ်။ ရော်ဘင်ဟာ တာဝေးပြေးတဲ့ မာရသွန်သမားတစ်ယောက်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်တုန်းက ရော်ဘင်ဟာ သူမမှာ ဆီးချိုရှိနေမှန်း သိရပြီးတဲ့နောက် ကိုယ်အလေးချိန်လျော့ချဖို့ ပြင်ဆင်ခဲ့တာပါ။ သူမဟာ တစ်ပတ်ကို နှစ်ကြိမ်လောက် မနက် (၄) နာရီခွဲမှာထပြီး (၄-၅) မိုင်လောက် အပြေးလေ့ကျင့်လေ့ရှိပါတယ်။ စနေတနင်္ဂနွေလို နေ့မျိုးတွေမှာတော့ ရော်ဘင်က (၈-၁၆) မိုင်လောက်ထိ အပြေးလေ့ကျင့်တတ်ပါတယ်။ ရော်ဘင်ကတော့ သူမဟာ သြဂတ်စတပ်ကို ၀ိတ်ကျပြီး ကျန်းမာအောင် ထရိန်နင်တွေ လုပ်ပေးမယ်လို့ ပြောပြပါတယ်။

ဒါကတော့ အိမ်အသစ်မှာ ၀ိတ်လျော့ဖို့ ကြိုးစားနေတဲ့ သြဂတ်စတပ် ဘုရင်ကြီးပဲ ဖြစ်ပါတယ်။

View this post on Instagram

Bazooka Joe isn’t wasting any time getting to his exercise routine in his foster home! Bazooka arrived at the SPCA from one of our valued shelter transfer partners. His owner recently passed away, and suffered from dementia. It is likely that when his owner saw his bowl was empty, he’d fill it up again, without realizing the implications. But it’s clear he is very much loved! Because of your donations, SPCA Wake is happy to play a role in finding his new home, and starting his weight loss routine in foster. He gets to go to his new family on Monday! #bodypawsitive #raleighnc #bazookathecat #weightlossjourney #raleigh #petsofinstagram #chonkycat #chonky #chonkycats #savinglives #bazookajoe #spcawake #spcaofwakecounty

A post shared by SPCA of Wake County (@spcaofwakecounty) on

လင်းလင်း (ShweMom)

SHARE