လူနာတွေနဲ့ တူတူကခုန်ပြီး နေ့ရက်တွေကို ရွှင်လန်းစေတဲ့ နှလုံးလှဆရာဝန်

Tony Adkins ဆိုသူဟာ ကယ်လီဖိုးနီးယား ပြည်နယ် Orange ကောင်တီရဲ့ ကလေးဆေးရုံမှ ဦးနှောက်နဲ့ အာရုံကြောဌာနက လက်ထောက် ဆရာဝန်တစ်ယောက်ဖြစ်တယ်။ သူကိုဆို ကတဲ့ဆရာဝန် ဆိုပြီး မသိတဲ့သူမရှိပါဘူး။

Kevin Sullivan, Orange County Register/SCNG

ပြီးခဲ့တဲ့ တစ်လလောက်က သူရဲ့ လူနာနဲ့ Pharrell Williams ရဲ့ ‘Happy’ သီချင်းနဲ့ တူကခုန်ခဲ့ကြတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ ပျံနှံ့သွားတဲ့နောက် အခုလိုပဲ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေ့တုန်းက Adkins က သူရဲ့ နာမည်တူတဲ့ ကျောရိုးနာဗ်ကြောခွဲစိပ်ထားတဲ့ လူနာ Tony Sarkis ဆိုတဲ့ကလေးဆီကို သွားရောက်စစ်ဆေးပါတယ်။ အဲ့ဒီနောက် “Tony, မင်းကဖို့ အသင့်ပဲလား” လို့မေးပြီး ဖုန်းကိုထုတ် ဘယ်သီချင်းဖွင့်ရကောင်းမလဲဆိုပြီး ရှာပါတော့တယ်။

Kevin Sullivan, Orange County Register/SCNG

အဲ့ဒီနောက် Happy သီချင်းကို ရွေးလိုက်ကြပြီး လမ်းကောင်းကောင်းမလျှောက်နိုင်သေးတဲ့ Tony လေးက ထောက်လှည်းကို အားပြုပြီး ဆရာဝန်နဲ့ အတူကခုန်ကြပါတော့တယ်။ အရင်နေ့တွေကလို မဟုတ်ဘဲ ဒီနေ့မှ သားဖြစ်သူ ရယ်တာကို တွေ့ရတယ်လို့ မိခင်က ပြောပြပါတယ်။

ကပြီးသွားတော့ Tony လေးက လမ်းလျှောက်နိုင်ကြောင်း ပြပြန်တော့လည်း အားလုံးဝမ်းသားခဲ့ရတယ်။ ဒေါက်တာ Tony နဲ့ ကခုန်ရထက် တခြား ဘယ်အရာကမှ တက်ကြွလှုံဆော်မှုမရှိဘူးလို့ လူနာရဲ့ မိခင်က ပြောပါတယ်။ ဒေါက်တာတိုနီက သူအတွက် ဆေးစွမ်းကောင်း တစ်လက်လိုပါပဲ။

READ
လူမည်းဆန့်ကျင်ရေး ဂိုဏ်းသားတွေနဲ့ မိတ်ဆွေဖြစ်အောင်ကြိုးစားခဲ့တဲ့ လူမည်းအမျိုးသား
Kevin Sullivan, Orange County Register/SCNG

 

ဒေါက်တာ Tony ဟာ လူနာတွေနဲ့ အတူကခုန်ပြီး အားပေးတာ အခုမှမဟုတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေထဲက လူနာတွေရဲ့ အချစ်တော်ဆရာဝန်ဖြစ်ခဲ့တာပါ။ အခုဆို တချို့သော မိဘတွေ၊ လူနာတွေက သက်သက် တောင်းဆိုလာတာတွေတောင်ရှိပါတယ်။ သူကြောင့် မပျော်ရွှင်တဲ့ ကလေးဆိုတာလည်း မရှိပါဘူး။

Kevin Sullivan, Orange County Register/SCNG

Tony Adkins ဟာ Los Angeles တောင်ပိုင်းမှာ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ အမေတစ်ခု သားတစ်ခုကြီးပြင်ခဲ့တာဖြစ်တယ်။ အစ်ကို အကြီး နှစ်ယောက်လုံးက ဂိုဏ်းသားတွေဖြစ်ပြီး ငယ်ငယ်ကတည်းက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မစိမ်းတဲ့သူဖြစ်တယ်။ ကျောင်းပြီးသွားတော့ စစ်တပ်ထဲဝင်တယ်။ စစ်မှုထမ်းနေရင်းနဲ့ တစ်ရက်မှာတော့ “ငါ့ဘ၀မှာ ငါလုပ်ချင်တာ ဘာဖြစ်မလဲ” ဆိုပြီးတွေးခဲ့မိတယ်။ အဲ့ဒီအချိန်ကစပြီး လူတွေကို ကယ်တင်ချင်တဲ့ ဆရာဝန်ဖြစ်ဖို့ ဆုံးဖြတ်ချက် ချမိခဲ့ တာပါ။

စစ်တပ်က ပြန်ထွက်လာတော့လည်း ပညာရေမှာ အခြေခံမကောင်းခဲ့တဲ့ Tony ဟာ ဓာတု၊ ဇီဝ၊ သချာင်္ဘာသာရပ်တွေကို သူများထက် (၂)ဆပိုပြီး တင်လေ့လာ ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ UC Riverside တက္ကသိုလ်မှ အာရုံကြောအထူးပြုနဲ့ ဘွဲ့ရခဲ့တယ်။ Loma Linda University နဲ့ လက်ရှိလက်ထောက် အဖြစ်လုပ်နေတဲ့ Univeristy of Washington ကျန်းမာရေးသိပ္ပံမှာ မာစတာဘွဲ့ယူထားပါတယ်။ ကကွက်တွေကလည်း ခန္ဓာကိုယ် တစ်ခုလုံးက အကြောအချဉ်တွေ ဖြေလျှော့ဖို့အတွက် ရည်ရွယ်ပြီး ဒေါက်တာ Tony ကိုယ်တိုင် တီထွင်ထားတာပါ။

READ
မွေးရပ်မြေကို ကျေးဇူးဆပ်ချင်လို့ တစ်ရွာလုံးကို တိုက်ဆောက်ပေးလိုက်တဲ့ သူဌေးကြီး
Kevin Sullivan, Orange County Register/SCNG

သူဟာ ကလေးတွေကို ချစ်တဲ့သူဖြစ်ပြီး အမြဲတမ်း ကူညီထောက်ပံ့ပေးလိုစိတ်ရှိသူဖြစ်တယ်။ ကိုယ့်အတွက်ကိုယ်ထက် ပိုကောင်းတဲ့ ဘ၀တွေကို ပျိုးထောင်ပေးချင်စိတ် အပြည့်ရှိသူဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

This doctor's making sick children smile with his amazing dance moves! ❤️

This doctor's making sick children smile with his amazing dance moves! ❤️

Posted by Daily Mail on Wednesday, September 12, 2018

 

Source: Orange County Register

Matthew (ShweMOM)
SHARE