ဒေါင်းဝေဒနာရှင်ဖြစ်ပေမယ့် အကခေါင်းဆောင်ဖြစ်ဖို့ လက်မလျော့ခဲ့သူအမျိုးသမီး

DanceSyndrome အဖွဲ့ဟာ ဒါရိုက်တာဖြစ်သူ ဂျန်ဘလက်ခ်ဝဲလ်ရဲ့ စိတ်ကူးနဲ့ဖွဲ့စည်းခဲ့တဲ့ အကအဖွဲ့လေးဖြစ်ပါတယ်။ ဂျန်က အက၀ါသနာပါသူဖြစ်ပြီး အကခေါင်းဆောင်တစ်ဦးဖြစ်ဖို့က သူမရဲ့ အိပ်မက်တစ်ခုပါ။ ဒါပေမယ့် ဂျန်မှာ ဒေါင်းရောဂါရှိပါတယ်။ ရောဂါရှိနေပေမယ့် ရောဂါကြောင့် ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ဂျန်က အပျက်စီးမခံခဲ့ပါဘူး။

သူမအမြင်ကတော့ ရိုးရှင်းပါတယ်။ ပညာသင်ကြားလို့မရပဲ ချို့ယွင်းချက်ရှိနေတဲ့လူတွေကို အက,ကပြီး ပျော်ရွှင်စေဖို့ပါ။ (၂၀၀၉)ခုနှစ်ထဲက တည်ထောင်ထားတဲ့ ဂျန်ရဲ့အကအဖွဲ့လေးက ဒေါင်းဝေဒနာရှင်တွေအတွက်ချည်းပဲ သီးသန့်ဖွင့်ထားတာတော့မဟုတ်ပါဘူး။ ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။

ဒေါင်းရောဂါဝေဒနာရှင်တွေဟာ အပြင်သင်တန်းတွေမှာလို ခွဲခြားဆက်ဆံခံရမှာကို ကြောက်စရာမလိုပဲ လွတ်လွတ်လပ်လပ်နဲ့ အားကစားပြုလုပ်နိုင်ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။ DanceSyndrome အဖွဲ့ကတော့ ချို့ယွင်းချက်ရှိသူဖြစ်ဖြစ်၊ မရှိသူပဲဖြစ်ဖြစ် လူမှန်ရင်ကိုယ်စိတ်ပါဝင်စားရာ အရာတိုင်းကိုလုပ်ဖို့ အခွင့်အရေးရှိရမယ်လို့ဆိုပါတယ်။

သင်တန်းမှာ သင်ပေးတဲ့အကလေ့ကျင့်ခန်းတွေကလည်း သင်ယူနိုင်စွမ်းအားနည်းသူတွေ လိုက်နိုင်အောင်လို့စီစဉ်ထားပါတယ်။ ဂျန်က “သင်တန်းမှာ သင်ယူနိုင်စွမ်းချို့တဲ့သူအချိုးနဲ့ သင်ယူနိုင်စွမ်းရှိတဲ့လူအချိုးက အတူတူပါပဲ။ ချို့ယွင်းချက်ရှိတယ်ဆိုတဲ့အကြောင်းက ဘ၀ကိုအပြည့်အ၀ရှင်သန်ခွင့်ရဖို့ အတားအဆီးမဖြစ်သင့်ပါဘူး။” လို့ဆိုပါတယ်။

READ
ကြင်နာတတ်တဲ့ သူငယ်ချင်းကြောင့် ၀မ်းသာမျက်ရည်ကျတဲ့အထိပျော်ခဲ့တဲ့ ကျောင်းသားလေး

ဒါ့အပြင် လန်ကာရှိုင်းယားတစ်ဝိုက်မှာလည်း အပတ်စဉ်နဲ့ သီးခြားတစ်နေ့တာ အလုပ်ရုံပွဲလေးတွေကျင်းပပြီး တစ်ဦး(၃)ပေါင်လောက်သာကုန်ကျမယ့် အကလှုပ်ရှားမှုတွေပြုလုပ်လျက် ရှိပါတယ်။  DanceSyndrome အကအဖွဲ့ဟာ ရပ်ကွက်လုံးဆိုင်ရာပွဲတော်တွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေက ကျင်းပတဲ့ လူမှုရေးဆိုင်ရာလှုပ်ရှားမှုတွေမှာ ပါဝင်လျက်ရှိနေကြောင်းလည်းသိရပါတယ်။

လင်းလင်း (ShweMom)

Source: Metro

SHARE