မီရှီဂန်ထရွိုင်မြို့ရဲစခန်းမှာ ဒိုးနပ်အမည်ရတဲ့ ကြောင်ကလေးတစ်ကောင် ရှိပါတယ်။ ထရွိုင်ရဲစခန်းက မီးခိုးရောင်ကြောင်ကလေးတစ်ကောင်ရဲ့ အိပ်ပျော်နေတဲ့ဓာတ်ပုံကို အွန်လိုင်းမှာတင်ခဲ့ရာကနေ တွစ်တာပေါ်မှာ ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။ ရဲစခန်းရဲ့ တရားဝင်တွစ်တာအကောင့်မှာ “ရဲအရာရှိလေး ဒိုးနပ်နဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲစခန်းက တရားဝင် ခန့်အပ်ထားတဲ့ ရဲအရာရှိလေးပါ။” လို့ ရေးသားထားပါတယ်။
ထိုအချိန်ကတည်းကစပြီး ရဲဌာနဟာ ကြောင်ကလေးရဲ့ အဆင်မြင့်လေ့ကျင့်ရေးသင်တန်းဆင်းနေတဲ့ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုလေးတွေကို မျှဝေခဲ့ပါတယ်။ ဗီဒီိယိုတစ်ခုမှာဆိုရင် ကြောင်ကလေးဒိုးနပ်ဟာ ထရွိုင်မြို့ရဲ့လမ်းတွေပေါ်မှာ နေ့ရောညပါ ကင်းလှည့်နေကြောင်း စနောက်ထားပါသေးတယ်။
မီရှီဂန်ဒေသသတင်းတစ်ခုအရ ကြောင်ကလေးဟာ တရားသူကြီးနှစ်ဦးနဲ့အတူ ကျမ်းသစ္စာဆိုထားပြီး ဒီလအစောပိုင်းလည်း ဆုတံဆိပ်တစ်ခု ရရှိခဲ့ကြောင်းသိရပါတယ်။ ထရွိုင်ရဲစခန်းဟာ မတ်လကမှစတင်ပြီး ရဲစခန်းအတွက် ကြောင်လေးတစ်ကောင်ကို ရှာဖွေခဲ့တာဖြစ်ပါတယ်။
ဒိုးနပ်ရောက်မလာခင် ရဲစခန်းမှာ ရဲအမှုထမ်းကြောင်ကလေး ဘတ်ဂျက်ဆိုတာ ရှိပါသေးတယ်။ ဒါပေမယ့် ဘတ်ဂျက်ဟာ ကြောင်သွေးကင်ဆာနဲ့ နာမကျန်းဖြစ်ခဲ့ပါတယ်။ အခုအသစ်ရောက်လာတဲ့ ဒိုးနပ်ကိုတော့ စခန်းက ကာကွယ်ဆေးထိုးစရာရှိတဲ့ ကိစ္စတွေအားလုံးကိုပါ ဆောင်ရွက်ပေးခဲ့ပြီးပါပြီ။
More skill testing for pawfficer candidates… pic.twitter.com/MGkPmIfXZ5
— Troy Police Dept. (@TroyMI_Police) May 11, 2018
ကြောင်ကလေးဟာ နက်ရှိုင်းပြီးရှုပ်ထွေးတဲ့ ရဲအလုပ်တွေကြားက တောက်ပတဲ့မျှော်လင့်ချက်လေး ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ဒိုးနပ်ဟာ ရဲစခန်းအတွက် လိုအပ်တဲ့ရန်ပုံငွေရှာဖွေဖို့လည်း အကူအညီပေးပါတယ်။ Purrtect and serve ကြောင်ရုပ်ပါ ရှပ်အင်္ကျီလေးတွေကို ရောင်းချခဲ့ပါတယ်။ စခန်းကတော့ အခုလို ဒိုးနပ်ကိုမွေးမြူရတာက ရပ်ကွက်ထဲမှာ ဥပဒေသက်ရောက်မှုခိုင်မာအောင် တိရစ္ဆာန်လေးတွေကို သံတမန်အနေနဲ့အသုံးချခြင်းဖြစ်တယ်လို့ သိရပါတယ်။
လင်းလင်း (ShweMom)
Ref: usmagazine