မျက်နှာမှာအကြိတ်ပါပေမယ့် အွန်လိုင်းပေါ်မှာစတားဖြစ်နေတဲ့အမျိုးသမီး

Marimar Quiora အမည်ရတဲ့ အမျိုးသမီးဟာ မျက်နှာပေါ်မှာ အလွန်ရုပ်ဆိုးလှတဲ့ အကြိတ်ကြီး ရှိနေခဲ့လို့ လမ်းတစ်ခုမှာ အရိုက်အနှက် ခံခဲ့ရပါသေးတယ်။ သူမဟာ မွေးရာပါရောဂါဖြစ်တဲ့ Cystic Hygroma ကြောင့် မျက်နှာပေါ်မှာ အကြိတ်ဖြစ်နေပြီး စကားလည်း ကောင်းကောင်းမပြောနိုင်လို့ သင်္ကေတပြဘာသာစကားကိုသာ သုံးခဲ့ရပါတယ်။

Marimar ဟာ ဘလော့ဂါတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပြီး ကျောင်းလည်း တက်ရောက်နေတယ်လို့ သိရပါတယ်။ သူမရဲ့ မျက်နှာအကြိတ်ကြောင့် ပါးစပ်က မျောက်ဝံပါးစပ်ကဲ့သို့ ဖြစ်နေပေမယ့် သူမဟာ ကိုယ့်
ကိုယ်ကို ဘယ်တုန်းကမှ ရုပ်ဆိုးတယ်လို့ မတွေးခဲ့ဖူးဘူးလို့ ဆိုပါတယ်။

Marimar ဟာ သူမရဲ့ အတွေးအခေါ် အသစ်အဆန်းတွေကြောင့် Follower တစ်သိန်းကျော်အထိ ရရှိထားပါတယ်။ သူမက တစ်ကယ့်အလှအပဆိုတာ မျက်နှာနဲ့ ဦးခေါင်းပေါ်မှာ တည်ရှိတာ မဟုတ်ပါဘူး … မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းပါဘဲ-လို့ ဆိုပါတယ်။

READ
စပါးကြီးမြွေကို သုံးပြီး လည်ပင်းကို နှိပ်ပေးတဲ့ ဂျာမန်ဆံပင်ညှပ်ဆိုင်

အလှအပနဲ့ပတ်သက်ပြီး Marimar က ” ကျွန်မအတွက်တော့  … အလှအပဆိုတာ ကိုယ့်ကိုကိုယ် လက်ခံခြင်းပါဘဲ … တစ်ခြားသူတွေ ဘာပြောပြော မသိကျိုးကျွန်ပြုနိုင်ရင် ကိုယ့်ကိုကိုယ် လက်ခံဖို့ မခက်ပါဘူုး “လို့ ပြောခဲ့ပါတယ်။ သူမက ဆက်လက်ပြီး ” ရှင်တို့အတွက်ကတော့ အလှအပဆိုတာ ဒါပဲဆိုပြီး ပြစရာရှိပါတယ် … ဒါဟာ ကိုယ့်ရုပ်ရည်ကို လက်ခံ
ခြင်းမဟုတ်ဘဲ … ကိုယ့်ကိုကိုယ် လက်ခံခြင်းကြောင့် ဖြစ်တာပါ … အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် လက်ခံဖို့ပါဘဲ “လို့ သူမက ထပ်လောင်း ပြောကြားပါတယ်။

Marimar ဟာ ကိုယ်ပိုင်ဗွီဒီယိုတွေ၊ အတွေးအမြင်ဆောင်းပါးတွေ၊ ဓာတ်ပုံတွေကို ကယ်လီဖိုးနီးယားမှာရှိတဲ့ သူမရဲ့
အိမ်ကနေ လွှင့်တင်လေ့ရှိပါတယ်။ သူမလွှင့်တင်သမျှတွေဟာ အားပေးမှုအမြောက်အများလည်း ရခဲ့ပါတယ်။ ယခင်က အကြိတ်ကို ခွဲစိပ်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် အခုအခါမှာတော့ သူမက ကိုယ့်ကိုကိုယ် ပြန်လည်ပွေ့ဖက်နိုင်ခဲ့ပြီလို့ ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

READ
မြို့ဝန်အဖြစ် ရွေးကောက်တင်မြှောက် ခံလိုက်ရပြီဖြစ်တဲ့ WWE ကြယ်ပွင့် Kane

အခုအချိန်မှာတော့ သူမရဲ့ ဘလော့ကနေတစ်ဆင့် YouTube ကို လွှင့်တင်ထားတဲ့ ဗွီဒီယိုတွေကို သန်းနဲ့ချီ ၀င်ရောက်
ကြည့်ရှုနေကြပြီး သူမကလည်း စတားတစ်ယောက်အဖြစ် ရောက်ရှိခဲ့ပါတယ်။ ဒီလို ဖြစ်လိမ့်မယ်လို့လည်း သူမ ဘယ်
တုန်းကမှ မစဉ်းစားမိခဲ့ဘူုးလို့လည်း ဆိုပါတယ်။

Marimar ဟာ Zumba ကာယအလှသင်တန်းမှာလည်း ဆရာမတစ်ယောက်အဖြစ် ထမ်းဆောင်နေပြီး စာတွေရေး၊ ဗွီဒီယိုတွေကိုလည်း ထုတ်လွှင့်နေဆဲ ဖြစ်ပါတယ်။ သူမရဲ့ လူသိများတဲ့ ပြောစကားကတော့ ” ကျွန်မအတွက်တော့  … အလှ
အပဆိုတာ ကိုယ့်ကိုကိုယ် လက်ခံခြင်းပါဘဲ … တစ်ခြားသူတွေ ဘာပြောပြော မသိကျိုးကျွန်ပြုနိုင်ရင် ကိုယ့်ကိုကိုယ်
လက်ခံဖို့ မခက်ပါဘူုး … ဒါက အဓိကအချက်ဖြစ်ပါတယ် … ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

မဒီလေး (Shwemom)

source : thesun.co.uk

 

SHARE