Chiba မြို့ကို ကာကွယ်စောင့်ရှောက်နေတဲ့ လက်တွေ့ဘ၀ထဲက စူပါဟီးရိုး

ဂျပန်နိုင်ငံက Chiba ဆိုတဲ့ စီရင်စုနယ်လေး တစ်ခုဟာ စူပါဟီးရိုးတစ်ယောက်ရဲ့ ကာကွယ်မှု စောင့်ရှောက်မှုအောက်မှာ ရှိနေပါတယ်။ အဲ့ဒီ စူပါဟီးရိုးကိုတော့ Chibatman လို့ခေါ်ပါတယ်။ သူအကြောင်းကို ဂျပန်နိုင်ငံရဲ့ မီဒီယာ ခေါင်းကြီးပိုင်းတွေနဲ့ ပြည်ပက သတင်းမီဒီယာတွေမှာ ဖော်ပြနေကြသလို ဒါ ဘယ်ကတည်းကလဲဆိုရင် သူ Chiba က လမ်းမတွေထက် လုံခြုံမှုရှိရေး လှုပ်ရှားမှု စတင်ခဲ့တုန်းကတည်းကလို့ သိရတယ်။

soranews24

မကြာခဏ ဆိုသလို သူရဲ့ ကိုယ်တိုင် တည်ဆောက်ထားတဲ့ Chibatpod ခေါ် Batcycle နဲ့ ပေါ်လာတတ်တယ်၊ တရားဝင်ကျင်းပတဲ့ အခမ်းအနားတွေမှာ စကားမိန့်ခွန်းတွေ ပြောနေဆိုနေတာတွေလည်း တွေ့လာရသလို သူရဲ့ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ Chiba ရဲဌာနရဲ့ တရားဝင် ခွင့်ပြုချက်ကိုတောင် ရရှိထားခဲ့ပြီးပြီလို့ သိရပါတယ်။

soranews24
soranews24

အမြဲတမ်းမှာ Chibatman ဟာ သိုသိုဝှက်ဝှက်ပဲနေပြီးတော့ သူကြောင်းသိတဲ့သူ အများကြီး မရှိဘူး။ သူဟာ (၂၀၁၁) တုန်းက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်အပြီးမှာ အခုလိုတာဝန်ကို ထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ လူတွေ အရင်လို ပြုံးနေ ရယ်နေတာတွေ သိပ်မတွေ့ရတာက သူ့အတွက် Chibatman ဖြစ်လာဖို့ တွန်းအားဖြစ်စေခဲ့တယ်။

soranews24
soranews24

ဘ၀ရပ်တည်ရေးအတွက် သဘောင်္ဆိပ်တစ်ခုမှာ ကွန်တင်နာပြုပြင်တဲ့ သူတစ်ယောက်အဖြစ် လုပ်ကိုင်တယ်။ Chibatman အဖြစ် ဘယ်လိုမျိုး သွားလာလေ့ရှိသလဲလို့ မေးမြန်းကြတဲ့အခါမှာ သူဟာ ဘယ်တော့မဆို အလုပ်သွားတိုင်း ပြန်တိုင်း ၀တ်စုံအပြည့်နဲ့ သွားလေ့ရှိပါသတဲ့… အလုပ်ရောက်မှ အလုပ်ခွင် ၀တ်စုံကို လဲတယ်လို့ ပြောပြပါတယ်။

READ
ငါးမျှားရင်း ရေထဲက တွေ့တဲ့ ပိုက်ဆံအိတ်တစ်လုံးကြောင့် အံ့သြစရာ ကြုံခဲ့ရတဲ့အဖြစ်
soranews24
soranews24

သူ့အတွက် Chibatman ဖြစ်နေရခြင်းရဲ့ အဓိပ္ပာယ်အရှိဆုံး အပိုင်းက သူ့ကိုတွေ့တာနဲ့ လူတွေ ချက်ချင်းပြုံးသွားတာဖြစ်ပြီး ဒါ အရာရာထက်ကို ပိုပါတယ်တဲ့။  ဒီလို ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်းသာရှိရင်း ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတာကိုတောင် မသိသေးပါဘူး။ သူ့အနေနဲ့ ကလေးတွေဆီက ထူးခြားတဲ့ တုန့်ပြန့်မှုတွေရရှိနေတော့လို့တော့ ခံစားမိတယ်လို့ပြောပါတယ်။ ကလေးတွေကို သူ့ကိုမြင်ရင် အနောက်က လိုက်လာတာတွေ ကြုံနေရတာ ဒါကြောင့်ဆိုပြီး နောက်မှ သဘောပေါက်သွားသူပါ။

soranews24

သူရဲ့ လျှို့ဝှက် စခန်းဟာဆိုရင်လည်း အရှေ့မျက်နှာစာမှာ သူရဲ့ စီးတော်ယာဉ်တွေ အကျအနရပ်လို့ ရတဲ့ မျက်ခင်းပြင်လေးရှိတယ်။ အေးအေးလူလူပဲ နေတတ်တဲ့ သူတစ်ယောက်လို့သိရပြီး တခြားသူတွေ ဘယ်လိုတွေးမလဲဆိုတာ ဂရုမစိုက်တဲ့ အေးဆေးမောင်းနှင်းသွားလာလျက်ရှိပါတယ်။

soranews24

Chibatman အနေနဲ့ အပျော်ရဆုံး အချိန်ဆိုတာတစ်ခုထက် ဒီလိုပဲ လှည့်ပတ်သွားလာနေတာနဲ့တင် အကျေနပ်ကြီး ကျေနပ်နေတယ်။ တစ်စုံတစ်ခု အဆိုးဘက်မှာရှိနေလို့ အခုလို Chibatman ဖြစ်လာတာမဟုတ်ဘူးလို့လည်း သိရပါတယ်။

soranews24

အရုပ်တွေ စုဆောင်းရတာကို ၀ါသနာပါတဲ့ သူလည်းဖြစ်တယ်။ သူ့ကို မြင်တာနဲ့ သူရဲ့ အကြိုက်ဆုံး ဟီရိုးက Batman ဆိုတာကို အကျယ်တ၀င့် ရှင်းပြစရာတောင် မလိုပါဘူး။ Batman နဲ့ ပတ်သက်တာ အားလုံးကို နှစ်ခြိုက်တဲ့ သူဖြစ်ပြီတယ်။ အရုပ်ဆိုရင် အကုန် သဘောကျတယ်။ Star Wars နဲ့ Ghost buster ရဲ့ ပရိသတ်လို့လည်း ထင်ရပါတယ်။

READ
ပေ(၅၀)အနက် တွင်းထဲမှာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့တဲ့ ဒုက္ခိတခွေးလေးရဲ့အဖြစ်
soranews24

ဂျပန်နိုင်ငံမှာလည်း စူပါဟီးရိုးတွေရှိပါလျက်နဲ့ Batman က ဘာလို့ သဘောအကျဆုံးဖြစ်နေရတာလဲလို့ မေးကြည့်တာအခါတော့ ကိုယ့်ရဲ့ စိတ်ကျေနပ်မှုအတွက်က မကောင်းမှု ဒုစရိုက်တွေကို သုတ်သင်နေရတာပဲ အဲ့ဒါက ရူးသွပ်ရခြင်း အချက်ဆိုတာကို ပြောပြပါတယ်။

soranews24
soranews24
soranews24

အရင်ကဆို ဒီလို ၀တ်စုံအပြည့်နဲ့ သွားလာနေတာပဲ၊ ရဲတွေဘာတွေကိုလည်း သိပ်မကြည့်ခဲ့ဘူး။ သတိထားမိရင်တောင် ပုံမှန်အတိုင်းပဲ ဆက်မောင်းသွားတယ်။ သူမ အိပ်မက်နောက်တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ Batmobil ကားကို တီထွင်ဖို့ပါပဲ။

soranews24

သူဟာ ဒီလို ၀တ်စုံကို ၀တ်ပြီး များစွားသော ပွဲတွေ၊ အခမ်းအနားတွေကို တက်ရောက်လာခဲ့တာ နှစ်တော်တော်ရှိခဲ့ပြီ။ (၂၀၁၁) တုန်းက ကြုံခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် အဲ့ဒီဒေသတွင်းက လူတွေ မပျော်ရွှင်တော့ကို သူအနေနဲ့ ပျော်အောင်၊ အားတက်အောင် လုပ်ပေးဖို့က သူရဲ့ အဓိက ဆန္ဒပါ။

soranews24
soranews24

ကျောင်း ကစားကွင်းတွေမှာ ဘောလုံးပွဲတွေ ဘာတွေရှိချိန် Chibatman ပေါ်လာတဲ့ အခါမှာဆို ကလေးတွေရော၊ နည်းနည်းကြီးတဲ့ အရွယ်တွေရော လှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်ကြတယ်လို့ သိရတယ်။ နောက်ပြီး သူ့မှာ ဓာတ်ပုံအရိုက်ခံရတာလည်း အလုပ်ကလည်း ခပ်များများရယ်။

soranews24
soranews24

Chibatman မှာ စိတ်ဝင်စား မှင်သက်ဖွယ် ရုပ်ပိုင်ဆိုင်ရာရှိတဲ့အပြင် စိတ်ကောင်း နှလုံးကောင်းရှိပါတယ်။ ဒေသတွင်းက လူတွေကလည်း သူ့ကို သိပ်ချစ်ခင်ကြပြီး ထောက်ခံမှုတွေ ပေးနေကြပါတယ်။ သူဟာ Chiba မြို့ရဲ့ တကယ့် စူပါဟီးရိုးပါပဲ။

Source: Soranews24

Matthew (ShweMOM)
SHARE