အင်စတာဂရမ်ပရိသတ် (၃.၆) သန်းပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အလန်းဆုံး သူနာပြုဆရာမ

အမေရိကန်၊ ဖလော်ရီဒါသူလေးတစ်ယောက်ဖြစ်တဲ့ Lauren Drain အမည်ရ အသက် (၃၁)နှစ်အရွယ် သူနုာပြုဆရာမလေးကတော့ သူမရဲ့ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်၊ အဆီပိုတွေ မရှိ၊ အဖောင်းအဖိအလှတရားနဲ့ ပြည့်စုံနေတဲ့ သွင်ပြင်တွေကြောင့် အင်စတာဂရမ် ပရိသတ် (၃.၆)သန်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။

Lauren Drain

Lauren ကို The Sun ကတော့ ကမ္ဘာ့အဟော့ဆုံး/အလန်းဆုံး သူနာပြုဆရာမလို့တောင် တင်စားထားပါတယ်။ သူမဟာ အသက် (၁၆)နှစ်အရွယ်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုမှာ အသက်မွေးဝမ်းကြောင်းမှု စတင်ခဲ့ပြီး၊ အသက် (၂၃)နှစ်မှာပဲ သူနာပြုလက်မှတ်ရရှိကာ ကျွမ်းကျင်သူနာပြုဘ၀ကို ရယူနိုင်ခဲ့ပါတယ်။

Lauren Drain

Lauren ဟာ ကျန်းမာရေးကိုလည်း အထူးလိုက်စားပြီး သူမကိုယ်တိုင်က အသက်ရှည်ရှည် ကျန်းကျန်းမာမာနေဖို့အတွက် တက်တက်ကြွကြွနေခြင်းဟာ၊ လူ့ဘ၀ရဲ့ လာဘ်ကြီးတစ်ပါးဖြစ်တဲ့ ကျန်းမာခြင်းကို ဖြည့်ဆည်းရာရောက်တယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် သူမဟာ သူနာပြုအလုပ်တွေ အားလပ်ပြီဆိုတာနဲ့ လေ့ကျင့်ခန်းလုပ်ပါတယ်။

Lauren Drain

တစ်ခါတလေမှာ အများပြည်သူလည်း လိုက်လံလုပ်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်နေတဲ့ ဗွီဒီယိုတွေလည်း သူမရဲ့ အင်စတာဂရမ်အကောင့်ကနေ တင်လေ့ရှိပြီး၊ ပရိသတ်တော်တော်များများကလည်း သဘောကျ နှစ်သက်နေကြပါတယ်။ သူမက သူမရဲ့ ထင်မြင်ယူဆချက်ကိုလည်း ပြောခဲ့ပါသေးတယ်။

READ
အပြင်မှာ တကယ်ဖိုက်ခဲ့တဲ့ ဂန္ထ၀င်ဘရုစ်လီရဲ့ ရှားပါးဗွီဒီယို ထွက်ပေါ်လာခဲ့
Lauren Drain

Lauren က ” သူနာပြုဘ၀နဲ့ ရှစ်နှစ်ကြာ ဖြတ်သန်းပြီးနောက်မှာတော့ တက်ကြွတဲ့၊ ဖျက်လတ်တဲ့ ဘ၀နေထိုင်မှုကလည်း ရောဂါတွေကို တိုက်ဖျက်ပေးပြီး သက်ရှည်ကျန်းမာခြင်းကို ပေးစွမ်းကြောင်း ရိပ်မိသိရှိခဲ့ပါတယ် … ကျွန်မကလည်း ကျွန်မဘ၀ကို ပြောင်းလဲဖို့ ကြိုးစားနေသလို၊ ကျန်းမာရေး အညံ့ပိုင်းကို ရောက်နေသူတွေကိုလည်း ကူညီပေးချင်ပါတယ် “လို့ ပြောခဲ့ပါတယ်။

Lauren Drain

ကနဦးတုန်းကတော့ ဒီလို တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်ကို ရယူနိုင်ဖို့ မျှော်လင့်ချက်မထားခဲ့ပေမယ့်၊ သူမအနေနဲ့လည်း ကိုယ့်ကျန်းမာရေးအတွက် လုပ်ဆောင်သင့်တယ်ဆိုတာကို ရိပ်မိပြီး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ Lauren ဟာ Caveman diet ကို ယုံကြည်စွာ ကျင့်သုံးနေသူလို့လည်း ဆိုပါတယ်။

Lauren Drain

Caveman style diet ကို Paleo Diet သို့မဟုတ် ဂူအောင်းလူသားတို့ အစားစားတဲ့စနစ်လို့ ခေါ်ဆိုပြီး အဓိကအားဖြင့်တော့ ဘာမှမရှောင်ဘဲ စားချင်တာစား၊ ဒါပေမယ့် လေ့ကျင့်ခန်းလည်း မဖြစ်မနေလုပ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဂူအောင်းလူတွေဟာ သူတို့စားချင်ရာ အကုန်စားကြပါတယ်။

READ
နောက်ဆုံးမိနစ်မှာ ပြိုင်ဘက်အသင်းကို နောက်ပြန်ကန်ချက်နဲ့ ဂိုးတက်သွင်းတဲ့ ဂိုးသမား
Lauren Drain

အစာအတွက်လည်း မဖြစ်မနေ အားကြိုးမာန်တက် သားကောင်လိုက်ဖမ်းရခြင်းဟာ အရေးပါတဲ့ အားကစားကိုလုပ်နေတာနဲ့ တူတယ်လို့ ဆိုလိုပါတယ်။ ဒါပေမယ့် ခရင်မ်တွေ၊ ပီဇာတွေ၊ ဆီကြော်အစားအစာတွေကိုတော့ မစားရပါဘူး။ အကြောင်းကတော့ ကျောက်ခေတ်/ဂူခေတ်တုန်းက ဒီအစားအစာတွေ မပေါ်သေးလို့ပါ။ ဒီတော့ စားချင်တာလည်းစား၊ ကျန်းမာရေးလည်းလိုက်စားရင် ဘ၀က ကျန်းမာသက်ရှည် ပျော်ရွှင်မှာ အသေအချာပါလို့ Lauren က ဆိုပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE