သုံးဘီးလေးနဲ့ ခရီးသွားရင်း အစွန့်ပစ်ခံခွေးတွေကို ကယ်ဆယ်နေတဲ့ အမျိုးသား

© EdgardoPerros / Facebook

ကြင်နာတတ်သူတွေဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ မက္ကစီကိုနိုင်ငံက ကြင်နာတတ်တဲ့ အမျိုးသားတစ်ယောက်ကိုလည်း အခုလို တွေ့ရပါတယ်။ ထိုသူကတော့ အက်ဒ်ဂါဒိုဖြစ်ပါတယ်။ အက်ဒ်ဂါဒိုဟာ မက္ကစီကိုတစ်နိုင်ငံလုံးကို သူ့ရဲ့ သုံးဘီးစက်ဘီးလေးနဲ့ လည်ပတ်ဖို့ စိတ်ကူးခဲ့ပါတယ်။ သုံးဘီးလေးနဲ့ ခရီးထွက်နေတုန်းမှာပဲ အက်ဒ်ဂါဒိုဟာ လမ်းတစ်လျှောက်က သူတွေ့ခဲ့တဲ့ ခိုကိုးရာမဲ့နေတဲ့ ခွေးလေးတွေကို ကယ်တင်လာခဲ့တဲ့အကြောင်း brightside ကနေတဆင့် သိခဲ့ရတာ ဖြစ်ပါတယ်။

အက်ဒ်ဂါဒိုကို ခွေးများရဲ့ ကယ်တင်ရှင်လို့လည်း ခေါ်ကြပါတယ်။ သူက အသက် (၄၉) နှစ်ရှိပါပြီ။ အက်ဒ်ဂါဒိုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး လမ်းတွေပေါ်မှာတွေ့ရတဲ့ အိမ်ရာမဲ့ခွေးလေးတွေကို ကယ်တင်ခဲ့တာပါ။ ပထမဆုံးခရီးစဉ်အနေနဲ့ သူဟာ မက္ကစီကို ကမ်းရိုးတန်းတွေဘက်ဆီကို ဦးတည်ပြီးထွက်လာခဲ့ပါတယ်။ လမ်းတစ်လျှောက် သူ့အကူအညီကို တောင်းခံနေကြတဲ့ ခွေးလေးတွေကို ခေါ်လာခဲ့ပါတယ်။

© EdgardoPerros / Facebook

အက်ဒ်ဂါဒိုဟာ သူရဲ့ဇာတိဖြစ်တဲ့ နာယာရစ်မြို့ကနေ သုံးဘီးလေးကိုစီးကာ စတင် ခရီးထွက်လာတာပါ။ လမ်းတစ်လျှောက် တိရစ္ဆာန်လေးတွေကို ကယ်တင်ခဲ့တဲ့အပြင် အ၀တ်အစား၊ အစားအသောက်၊ ရေနဲ့ဆေးဝါးကစလို့ သူ့အတွက်ရော သူခေါ်လာတဲ့ခွေးလေးတွေအတွက်ပါ ၀ယ်ခြမ်းခဲ့ပါတယ်။

READ
မထင်မှတ်ပဲ တပည့်တွေဆီကရတဲ့အကူအညီကြောင့် ၀မ်းသာမျက်ရည်ကျခဲ့ရတဲ့ကျောင်းဆရာ
© EdgardoPerros / Facebook

အက်ဒ်ဂါဒိုရဲ့ သုံးဘီးလေးကတော့ သူ့အတွက်ရော၊ သူကယ်လာတဲ့ ခွေးလေးတွေအတွက်ပါ အိမ်လေးတစ်လုံးသဖွယ် ဖြစ်နေပါပြီ။ အက်ဒ်ဂါဒိုဟာ လမ်းမှာ တွေ့ရတဲ့ ဒဏ်ရာရနေတဲ့ ခွေးလေးတွေ၊ ဆေးကုသဖို့ လိုအပ်နေတဲ့ခွေးလေးတွေတွေ့ရင် သူက သူ့ရဲ့သုံးဘီးနဲ့ ခေါ်လာပြီး ဆေးကုပေးပါတယ်။

© EdgardoPerros / Facebook

🇲🇽Ya casi saliendo de Michoacán y a entrar a Colima. Este intenso recorrido de este hombre fenomenal está casi por completarse! No dejes de seguirlo. 🇺🇸Almost out of Michoacán and entering Colima State. This amazing travel from this phenomenal guy is about to culminate! Keep on following him! #SalvaPerros

Posted by Edgardo SalvaPerros on Wednesday, 15 January 2020

သူတို့လေးတွေက မွေးစားခံဖို့ အဆင်သင့်ဖြစ်နေပြီဆိုမှ အက်ဒ်ဂါဒိုက သင့်တော်မယ့်သူက ကမ်းလှမ်းရင် မွေးစားဖို့ ထည့်ပေးတာ ဖြစ်ပါတယ်။ သူ ပြုစုစောင့်ရှောက်ခဲ့တဲ့ ခွေးလေးတွေကို တွေ့တဲ့လူနဲ့ ထည့်ပေးပစ်တာ၊ ရောင်းစားတာမျိုး အက်ဒ်ဂါဒိုက လုံးဝမလုပ်ပါဘူး။  သူ့ရဲ့ လုပ်ရပ်ကိုတော့ တစ်ကမ္ဘာလုံးက လူတွေကချီးကျူးနေခဲ့ကြတာပါ။ သုံးဘီးလေးနဲ့ ခရီးထွက်တဲ့အချိန်အတွင်း တိရစ္ဆာန်လေးတွေကို တစ်ပိုင်တစ်နိုင် ကယ်တင်ဖို့ လုပ်နေတဲ့ သူ့ကို အားလုံးကလည်း ကူညီဖို့ အဆင်သင့်ရှိနေကြတယ်လို့လည်း သိရပါတယ်။

READ
တီဗီရှိုးကြည့်ရင်း ဖခင်ဖြစ်သူနဲ့ စကားလက်ဆုံကျနေတဲ့ ကလေးငယ်လေး
© EdgardoPerros / Facebook

လင်းလင်း (ShweMom)

SHARE