ကမ္ဘာ့အကောင်းဆုံးအလုပ်လို့ မှတ်ချက်ပေးနေကြတဲ့ ခရီးသွားမော်ဒယ်မလေးရဲ့အလုပ်

သြစတြေးလျနိုင်ငံ၊ ဘယ်လီနာ မှာနေထိုင်တဲ့ ဆိုရဲလ် အမိုရီ ဆိုသူ မိန်းကလေးကို အားလုံးက ကမ္ဘာ့အကောင်းဆုံးအလုပ်အကိုင် ရရှိထားသူလို့ တင်စားနေကြပါတယ်။ သူမက ဗီဒီယိုရိုက်ကူးသူတစ်ယောက်ဖြစ်ပြီး ခရီးသွားဓာတ်ပုံမော်ဒယ်တစ်ယောက်လို့ လူသိများကြသူလည်းဖြစ်ပါတယ်။

သူမရဲ့ အဓိက အလုပ်ကတော့ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့နေရာတွေကိုသွားပြီး ဓာတ်ပုံရိုက်ကာ အင်စတာဂရမ်၊ တွစ်တာစတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ တင်ဖို့ပါပဲ။

Instagram

အဲဒီအလုပ်အတွက် နာမည်ကြီးခရီးသွားကုမ္ပဏီတွေက သူမကို ကမ်းလှမ်းကြလေ့ရှိပြီး တစ်လကို အနည်းဆုံး ဒေါ်လာ (၁၀,၀၀၀)လောက် ၀င်ငွေရပါတယ်။

ခရီးသွားဖို့အတွက်လည်း သူမရဲ့ပိုက်ဆံတစ်ပြားတစ်ချပ်မှ စိုက်စရာမလိုပဲ သွားလာစရိတ်၊ တည်းခိုစရိတ်၊ စားသောက်စရိတ် စတာတွေကို ကုမ္ပဏီတွေက ကျခံပေးကြတာပါ။

Instagram

အသက် (၂၈)နှစ်အရွယ်သာ ရှိသေးတဲ့ ဆိုရဲလ် ဟာ ကော်စတာရီကာ၊ စကော့တလန်၊ ဘဟားမားစ်၊ စတဲ့နေရာဒေသတွေကို စုံလင်နေအောင် ရောက်ဖူးသူဖြစ်ပြီး အဲဒီဒေသတွေက ကောင်းပေ့ဆိုတဲ့နေရာတွေမှာ တည်းခိုခွင့်ရှိသူပါ။

READ
ကမ္ဘာ့အလှဆုံး သက်တော်စောင့်အဖြစ် ဖော်ပြခြင်းခံထားရတဲ့ တရုတ်ဘော်ဒီဂတ်

သူမအနေနဲ့ (၃)လစာ ခရီးသွားဖို့ အစီအစဉ်ကို ကြိုတင်ပြင်ဆင်ထားရပြီး ဘယ်နေရာတွေကို သွားမယ်ဆိုတဲ့အကြောင်း ကုမ္ပဏီတွေကို အသိပေးရုံပါပဲ။

Instagram

သူမရဲ့ အကြောင်းကို သိလိုက်ရတဲ့ ပရိသတ်တွေ၊ သူမကို သဘောကျနှစ်သက်ကြသူတွေက သူမရဲ့အလုပ်ကိုပါ အားကျခဲ့ကြပြီး ဒါဟာ ကမ္ဘာ့အကောင်းဆုံးအလုပ်တစ်ခုပဲဆိုတာ မငြင်းနိုင်အောင် ဖြစ်မိတယ်လို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Third Home ၀က်ဆိုက်ရဲ့အဆိုအရတော့ ဆိုရဲလ်ဟာ သူမရဲ့ ခရီးသွား ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ရောင်းချရာကနေလည်း ပိုက်ဆံရသေးပြီး ခရီးသွားကုမ္ပဏီတွေဟာ သူတို့ရဲ့ ကြော်ငြာတွေ၊ ခရီးသွားအစီအစဉ်တွေမှာ အသုံးပြုဖို့အတွက် သူမဆီက ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ၀ယ်ကြရတယ်လို့ ဆိုပါတယ်။

Instagram

သူမရဲ့ တွစ်တာအကောင့်နဲ့ အင်စတာဂရမ်အကောင့်မှာ သူမ ခရီးသွားနေတဲ့ ဓာတ်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပြီး အကောင်းဆုံးနေရာ၊ အလှပဆုံးနေရာတွေကို စိတ်ကြိုက်ခရီးသွားနိုင်စွမ်းရှိတဲ့ ဆိုရဲလ်ရဲ့ အလုပ်ဟာ အားလုံးအတွက် အားကျရတဲ့အလုပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

READ
Pleaseနဲ့ Thank youမပြောတဲ့စားသုံးသူတွေကို ငွေပိုတောင်းတဲ့ကော်ဖီဆိုင်
Instagram

Linn

Source : Elitereader

SHARE