အနီးကပ်ဝန်ထမ်း (၁၅)ဦးကို အလုပ်တာဝန်တွေကနေ အပြီးရပ်စဲလိုက်တဲ့ ဟယ်ရီမီဂန် စုံတွဲ

Instagram/SussexRoyal

ဟယ်ရီနဲ့ မီဂန်မာကယ်တို့ဟာ တော်ဝင်နန်းတော်ရဲ့ စီနီယာဝန်ထမ်းတွေဘဝကနေ နှုတ်ထွက်ပြီးနောက် ရေခြားမြေခြားမှာ ဘဝသစ်တစ်ခု စတင်နေပြီဖြစ်ပါတယ်။ သူတို့ဟာ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ဘက်ကင်ဟမ်နန်းတော်က ၎င်းတို့အတွက် စီမံထားတဲ့ ရုံးခန်းကိုလည်း အပြီးပိတ်သိမ်းခဲ့ပြီး၊ ယူကေဝန်ထမ်း (၁၅)ဦးကို ရာထူးတာဝန်တွေကနေ အပြီးရပ်နားခဲ့ပါတယ်။

ဒီအချင်းအရာကို ထောက်ဆခြင်းအားဖြင့် သူတို့ဟာ ဘယ်တော့မှ ဗြိတိန်ကို ပြန်မလာတော့ဘူးဆိုတဲ့သဘောလို့ ယူဆရပါတယ်။ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက မျက်နှာစုံညီအစည်းအဝေးမှာ ရာထူးတာဝန်တွေကနေ အပြီတိုင်ရပ်စဲလိုက်ကြောင်း ကြေညာခဲ့တာလို့ သိရပါတယ်။

 

 

View this post on Instagram

 

A post shared by The Duke and Duchess of Sussex (@sussexroyal) on

အခုတော့ ဟယ်ရီတို့စုံတွဲဟာ ကနေဒါနိုင်ငံ၊ Vancouver ကျွန်းက ပေါင် (၁၁)သန်းတန် စံအိမ်ကြီးမှာ နေထိုင်နေကြပါပြီ။ သူတိုနဲ့အနီးကပ်နေခဲ့တဲ့ ဝန်ထမ်းတွေအဖို့တော့ နန်းတော်ရဲ့တစ်ခြားကဏ္ဍတွေမှာ ထပ်ပြီး အလုပ်သစ်တွေ ရှာဖို့ရှိနေပါတယ်။ နောက်ပြီး သူတို့ကို အလုပ်ကနေ ထုတ်ပယ်လိုက်ခြင်းအတွက် နစ်နာကြေးကိုတော့ ညှိနှိုင်းနေဆဲလို့ သိရပါတယ်။

နန်းတော်ရဲ့ စီနီယာတွေဖြစ်ကြတဲ့ ဘုရင်မကြီး၊ ချားလ်စ်မင်းသားကြီးနဲ့ မင်းသားဝီလီယံတို့ဘက်ကလည်း ဟယ်ရီစုံတွဲရဲ့ ရုံးခန်းပိတ်လိုက်ခြင်းနဲ့ ဝန်ထမ်းတွေကို ရာထူးတွေကနေ ထုတ်ပယ်လိုက်ခြင်းကို သိရှိကြောင်းဆုပါတယ်။ နန်းတော်နဲ့ နီးစပ်တဲ့ရင်းမြစ်မှာတော့ သူတို့တစ်တွေ တာဝန်ကနေ နှုတ်ထွက်ပြီးနောက် သူတို့ရဲ့ရုံးခန်းဆိုတာ ရှိနေဖို့ မလိုအပ်တော့ဘူးလို့ ဆိုပါတယ်။

 

နန်းတော် လုပ်ငန်းတာဝန်များကို စနစ်တကျဖြစ်ပြီး ပြန်လည်စီမံမှုတွေ ရှိနေချိန်မျိုးမှာ၊ အခုလို တာဝန်ကနေ ကံမကောင်းစွာ ရပ်စဲခံနေရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ထုတ်ပယ်ခံရသူတွေထဲမှာ လူမှုဆက်ဆံရေးအရာရှိ Sara Latham လည်း ပါဝင်ပါတယ်။ Sara ဟာ သမ္မတအိုဘားမားနဲ့လည်း အလုပ်လုပ်ခဲ့ဖူးသူပါ။

ယင်းနောက် အသစ်ခန့်အပ်ထားတဲ့ ကိုယ်ရေးအရာရှိ Fiona Mcilwham၊ လက်ထောက် လူမှုဆက်ဆံရေးအရာရှိ Marnie Gaffney နဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ရေးအစီအစဉ် Heads Together မှာ အလုပ်လုပ်နေတဲ့ Julie Burley၊ မင်းသားဟယ်ရီနဲ့ ပတ်သက်တဲ့ ကိစ္စရေးရာတွေမှာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ Clara Loughran တို့လည်း ထုတ်ပယ်ခံရသူတွေထဲမှာ ပါဝင်ပါတယ်။

 

 

View this post on Instagram

 

This morning, The Duke and Duchess of Sussex’s son, Archie Harrison Mountbatten-Windsor was christened in the Private Chapel at Windsor Castle at an intimate service officiated by the Archbishop of Canterbury, Justin Welby. The Duke and Duchess of Sussex are so happy to share the joy of this day with members of the public who have been incredibly supportive since the birth of their son. They thank you for your kindness in welcoming their first born and celebrating this special moment. Their Royal Highnesses feel fortunate to have enjoyed this day with family and the godparents of Archie. Their son, Archie, was baptised wearing the handmade replica of the royal christening gown which has been worn by royal infants for the last 11 years. The original Royal Christening Robe, made of fine Honiton lace lined with white satin, was commissioned by Queen Victoria in 1841 and first worn by her eldest daughter. It was subsequently worn for generations of Royal christenings, including The Queen, her children and her grandchildren until 2004, when The Queen commissioned this handmade replica, in order for the fragile historic outfit to be preserved, and for the tradition to continue. Photo credit: Chris Allerton ©️SussexRoyal

A post shared by The Duke and Duchess of Sussex (@sussexroyal) on

ယင်းနောက် ဆိုရှယ်မီဒီယာကျွမ်းကျင်ပညာရှင် David Watkins လည်း ထုတ်ပယ်ခံရတဲ့ ဝန်ထမ်း(၁၅)ဦးထဲမှာ ပါဝင်ပါတယ်။ အတွင်းသတင်းတွေအရ မင်းသားဟယ်ရီဟာ နန်းတော်နဲ့ ကင်းကွာသွားချိန်မှာ ပိုပြီးပျော်ရွှင်တဲ့ လူမှုဘဝကို ပိုင်ဆိုင်နေရတယ်လို့ ဆိုနေကြပါတယ်။ ဒါကြောင့် သူဟာ နန်းတော်က ထွက်ခဲ့ရလို့ နောင်တရတာမျိုး မရှိဘူးလို့ သိရပါတယ်။

မီဂန်မာကယ်ကလည်း ဟယ်ရီကဲ့သို့ပဲ အဆောင်အယောင်တွေ၊ ရာထူးဂုဏ်သိမ်တွေကို စွန့်ခွာလိုက်ရလို့ နည်းနည်းလေးမှ မနှမြောဘူးဆိုတဲ့ သတင်းတွေကိုလည်း ကြားနေရပါတယ်။ တော်ဝင်နန်းတော်အသိုင်းအဝိုင်းကလည်း ဟယ်ရီအနေနနဲ့ မိသားစုကို အကာအကွယ်ပေးနိုင်ဖို့အတွက် နန်းတော်တာဝန်တွေကနေ အနားယူလိုက်တာလို့ ဆိုပါတယ်။

လင်းသူရိန်

SHARE