သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ဖွင့်ပြောလာခဲ့တဲ့ Megan Fox နဲ့ MGK

[email protected] machinegunkelly [email protected]

လက်တလော Hollywodd ပူပူနွေးနွေးစုံတွဲလေးဖြစ်တဲ့ Mgean Fox နဲ့ MGK(Machine Gun Kelly) တို့အတွဲကိုတော့ တော်တော်များများသိကြမှာပါ။ Megan Fox ကတော့ Hollywood လောကမှာ နာမည်ကြီးတဲ့ မင်းသမီးတစ်ဦးဖြစ်သလို MGK ကလည်း Hiphop လောကမှာ နာမည်ကြီးတဲ့ ရက်ပ်ပါတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်နေကြပြီး မကြာခင်အချိန်က Eonline သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာလည်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ကိုယ်စီကိုယ်စီ ဖွင့်ပြောကြခဲ့ကြောင်း သိရှိရပါတယ်။

https://www.instagram.com/p/BroYIYCFqFw/

https://www.instagram.com/p/B_DzWTqJGpB/

Megan Fox နဲ့ MGK တို့နှစ်ဦးဟာ Midnight in the Switchgrass ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းမှာ ပထမဦးဆုံး အတူတူ ဆုံခဲ့ကြပြီး ချစ်သူဖြစ်ခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ MGK ရဲ့ MTV မှာလည်း Megan Fox က ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီ MTV ထဲမှာတော့ နှစ်ယောက်သားဟာ အနမ်းတွေပေးလိုက်၊ ပလူးပလဲနေလိုက်နဲ့ တစ်ကယ့်ကို မိုးမမြင်လေမမြင် ဖြစ်နေကြတဲ့ ချစ်သူနှစ်ဦးပုံစံလိုပါပဲ။

READ
အချစ်ဒီဂရီတွေ အမြင့်ဆုံးရောက်နေတဲ့ Selena နဲ့ The Weeknd

https://www.instagram.com/p/CAatlODpiFW/

အမှန်တစ်ကယ်ကတော့ သူတို့နှစ်ဦးဟာ Midnight in the Switchgrass ဇာတ်ကားရိုက်နေကတည်းက တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာပဲ ဖြစ်ပါတယ်။ “မှတ်မှတ်ရရ ကျွန်တော် သူနဲ့ ပထမဦးဆုံး စတွေ့ကတည်းက သူ့မျက်လုံးကို ကျွန်တော် ကောင်းကောင်းကြီး သတိထားမိတယ်ဗျ။ အရည်လဲ့နေတဲ့ မျက်ဝန်းလေးတစ်စုံနဲ့ ကျွန်တော့်ကို စူးစမ်းသလို ပုံစံလေး ငေးကြည့်နေတာ။ ရင်ထဲမှာ တစ်မျိုးပဲဗျ။ အဲဒီနောက်သူနဲ့ ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြတယ်။ အဲဒီနေ့က ရိုက်ကွင်းမှာ တော်တော် အလှုပ်ရှုပ်နေတော့ စကားတောင် သေသေချာချာ မပြောဖြစ်လိုက်ပါဘူး” လို့ MGK က ပြောကြားခဲ့ပါတယ်။

“ဒုတိယအကြိမ်ထပ်ဆုံတော့ သူမကျွန်မကို Hello လာလုပ်တယ်။ သူ့မျက်ဝန်းက တစ်မျိုးပဲ။ ကျိန်းသေတာကတော့ နှစ်ယောက်သား စကားသေချာမပြောဖြစ်ပေမယ့် မျက်လုံးနဲ့ စကားတွေ တော်တော်ပြောခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ Dinner Date ကြတယ်။ သူလည်း သူ့စိတ်ထဲမှာ ရှိတာကို ပွင့်ပွင့်လင်းလင်းပြောခဲ့သလို ကျွန်မလည်း ကျွန်မစိတ်ထဲမှာ ရှိတဲ့အရာအကြောင်း သူ့ကို သေချာပြောပြဖြစ်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်မ ချစ်သူတွေ ဖြစ်လာခဲ့ကြတာပါ” လို့ Megan Fox က ပြောကြားခဲ့ပါတယ်။

READ
K-Pop လောကရဲ့ အချောဆုံး အိုပါးများ

Pyi Hein Kyaw

SHARE