Megan Fox ကိုယ်တိုင်ပါဝင်သရုပ်ထားတဲ့ MGK ရဲ့ Music Video အသစ်ထွက်ရှိ

Youtube-Machine Gun Kelly - Bloody Valentine [Official Video]

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ Megan Fox နဲ့ MGK တို့ကို လူမြင်ကွင်းထဲမှာ တွဲတွဲတွေ့နေရတဲ့ ပုံတွေတက်လာပြီးနောက်ပိုင်း သူတို့နှစ်ယောက်ဟာ လူသိရှင်ကြားမတွဲပဲနဲ့ တိတ်တိတ်ပုန်းတွဲနေကြောင်း သတင်းတွေ ထွက်ပေါ်လာတာကိုတော့ တော်တော်များများ သတိထားမိကြမှာပါ။ ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့ညဖက်လောက်မှာပဲ MGK ရဲ့ Bloody Valentine ဆိုတဲ့ သီချင်းထွက်ပေါ်လာပြီး အဲဒီ MTV ထဲမှာ Megan Fox ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

Music Video ထဲမှာတော့ တွေ့မြင်ရတဲ့အတိုင်း Megan Fox နဲ့ MGK တိုနှစ်ယောက် ခုတင်ပေါ်က ဇာတ်လမ်းတွေပဲ တွေ့နိုင်သလို တစ်ချို့အခန်းတွေမှာဆို ပါးစပ်တိတ်ကပ်ထားတဲ့ MGK ကို Megan Fox က နမ်းရှုံ့နေတဲ့ အခန်းတွေပါ ပါဝင်ပါတယ်။ နောက်ဆုံးမှာတော့ Megan Fox က MGK ရှိနေတဲ့ ရေချိုးဇလုံထဲကို ပန်းရောင် Hair Dryer ကို နှစ်ချလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ MTV ကြောင့်ပဲ သူတို့နှစ်ဦးကို ပရိသတ်တွေက တကယ်တွဲနေပြီလို့ ပိုမိုယုံကြည်သွားခဲ့ပါတယ်။

Youtube-Machine Gun Kelly – Bloody Valentine [Official Video]
တစ်ဖက်မှာလည်း Megan Fox ရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ Austin Green က Megan နဲ့ သူတဟာ တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ကလဲ ဒီ MTV မထွက်လာခင် တစ်ရက်အလိုကပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိသတ်အများစုကတော့ ဒီ MTV ဟာ Megan Fox ရဲ့ တရားဝင်ကွာရှင်းချက်ထုတ်ပြန်ပြီးမှ အချိန်ကိုက်တမင်ထွက်လာတာလို့တောင် ထင်ကြေးပေးခဲ့ကြပါတယ်။

“ လက်ရှိမှာတော့ ကျွန်တော်နဲ့ Megan ရဲ့ (၁၅) နှစ်ကြာတည်ဆောက်လာခဲ့တဲ့ အိမ်ထောင်ရေးဟာ အဆုံးသတ်သွားပါပြီ။ ဒီလိုပုံစံမျိုးဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ပရိသတ်တွေကို အနူးအညွတ်တောင်းပန်ပါတယ်။ တစ်ဖက်မှာလည်း တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ MGK နဲ့ Megan တို့ကိုလည်း အပြစ်မတင်ကြပါနဲ့။ သူတို့နှစ်ယောက်စလုံး ဗီလိန်မဟုတ်သလို ကျွန်တော်လည်း ဓားစာခံမဟုတ်ပါဘူး။ အရာအားလုံးကောင်းဖို့ ဖြစ်လာတာချည်းပါပဲ။ Megan ဟာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ခဲ့သလို ကျွန်တော်အချစ်ဆုံးမိန်းမတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်သူ့ကို ချစ်နေဆဲပါပဲ” လို့ Austin က ပြောကြားခဲ့ပါတယ်။ နှစ်ယောက်တွဲနေတဲ့အပေါ် မေးမြန်းဖို့ Insider သတင်းဌာနက MGK နဲ့ Megan Fox တို့ကို ဆက်သွယ်ခဲ့ရာမှာတော့ နှစ်ဦးစလုံးက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

READ
စင်္ကာပူမှာ နှစ်(၂၀) ပြည့်အမှတ်တရ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့တဲ့ Westlife

Pyi Hein Kyaw

SHARE