နန်းတော်ကနေခွာပြီး ကယ်လီဖိုးနီးယားမှာ နေဖို့အိမ်ရှာနေတဲ့ မီဂန်နဲ့ ဟယ်ရီ

မီဂန်မာကယ်နဲ့ မင်းသားဟယ်ရီတို့ဟာ သူတို့မိသားစုနေထိုင်ဖို့ နောက်ထပ်အိမ်တစ်လုံးရှာနေတယ်လို့ သိရပါတယ်။ သတင်းဌာနတွေအရ ၄င်းတော်ဝင်စုံတွဲဟာ မီဂန်ရဲ့ မိခင်ဖြစ်သူ ဒိုရီယာရက်ဂ်လန်းဒ်နဲ့ နီးနီးကပ်ကပ်နေလိုတာကြောင့် အိမ်ပြောင်းချင်တာလို့ ဆိုပါတယ်။ မီဂန်ဟာ လော့စ်အင်ဂျလိစ်မှာ နေထိုင်ချင်ပြီး လော့စ်အင်ဂျလိစ်ရဲ့ ရာသီဥတုနဲ့  လူနေမှုဘ၀ကို နှစ်ခြိုက်ကြောင်းသိရပါတယ်။ အမေရိကန်ကို ပြောင်းနေရင်တော့ မီဂန်အနေနဲ့ ပိုပြီး အသက်ရှူချောင်လိမ့်မယ်လို့လည်း ယူဆနေကြပါတယ်။

wire image

တော်ဝင်စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးကလေးကို မွေးဖွားတော့မှာဖြစ်ပြီး မကြာသေးခင်ကမှ ၀င်ဆာမှာရှိတဲ့ ဖရော့ဂ်မိုးရ်အိမ်ကို ပေါင်(၃) သန်းအကုန်ကျခံ ပြင်ဆင်မွမ်းမံပြီးနောက်မှာ ရွှေ့ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြားရတဲ့သတင်းတွေအရတော့ သူတို့စုံတွဲဟာ ကယ်လီဖိုးနီးယားမှာ နောက်ထပ်အိမ်တစ်လုံးဝယ်ဖို့ မျှော်လင့်နေတယ်လို့ ခန့်မှန်းရပါတယ်။ ကယ်လီဖိုးနီးယားမှာတော့ ဒိုရီယာလည်း နေထိုင်တာကြောင့် အယ်လ်အေမှာ နေဖို့ အိမ်ရွေးနေကြတယ်လို့လည်း သတင်းတွေထွက်လာပါတယ်။

wire image

မီဂန်ဟာ တိုရန်တိုမြို့ကို ပြောင်းမလာခင် အယ်လ်အေမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ မင်းသားဟယ်ရီနဲ့ တွေ့ဆုံခဲ့တာပါ။ မီဂန်အနေနဲ့ အယ်လ်အေကို ပြောင်းလာခဲ့ရင် ပိုပြီးအနေအထိုင် လွတ်လပ်မှာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ “တကယ်လို့ မီဂန်က အယ်လ်အေမှာ သွားနေရင် နန်းတော်ကနေရော၊ သတင်းမီဒီယာတွေလက်ကပါ  လွတ်လပ်လိမ့်မယ်။ အဲဒီမှာတော့ မိသားစုကို သူမအနေနဲ့ စိတ်ကြိုက်စီမံနိုင်မှာပေါ့လေ။ အင်္ဂလန်မှာတော့ မြို့စားကတော်ဖြစ်ပေမယ့် အယ်လ်အေမှာတော့ ဘုရင်မဖြစ်မှာပေါ့..”

READ
ဆီးနှင်းတွေကြားမှာကိုယ်ဝန်သည်ကိုထမ်းပြီး ၆မိုင်အကွာကဆေးရုံကိုပို့ခဲ့တဲ့ရဲသားများ
shutterstock

မီဂန်နဲ့ဟယ်ရီတို့ဟာ သူတို့ရဲ့ကလေးကို ထိန်းချုပ်မှုနည်းပြီး လွတ်လပ်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းစေလိုတယ်လို့ သိရပါတယ်။ အထူးသဖြင့် မီဂန်ဟာလည်း လွတ်လပ်စွာနဲ့ သူမဘ၀ကိုယ် သူမ ထိန်းကျောင်းပြီး ကြီးပြင်းလာခဲ့တာပါ။ မီဂန်ရဲ့ မိခင်ဖြစ်တဲ့ ဒိုရီယာကတော့ ကယ်လီဖိုးနီးယားက ဘန်ဂလိုအိမ်ရိုးရိုးလေးတစ်လုံးမှာ နေထိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မီဂန်နဲ့ ဟယ်ရီတို့ဟာ ဖရော့ဂ်မိုးရ်အိမ်ကို ပြောင်းလာတာ မကြာသေးတဲ့အပြင် ကလေးမွေးဖို့ကလည်း စောင့်ဆိုင်းနေတုန်းဖြစ်တာကြောင့် မွေးပြီးတဲ့အခါ ဘယ်မှာ အတည်တကျနေမလဲ မပြောတတ်ပါဘူး။ မီဂန်ကတော့ ဧပြီလကုန်မှာ ကလေးမွေးမယ်လို့ ရက်သတ်မှတ်ထားရာက အခုဆိုရင် တစ်ပတ်တောင် ကျော်နေပြီဖြစ်ပေမယ့် ကလေးမမွေးသေးဘူးလို့တော့ သိရပါတယ်။

EPA

လင်းလင်း (ShweMom)

Ref: dailymail

SHARE