Netflix နဲ့ အလုပ်တွဲ လုပ်ဖို့ စာချုပ်ချုပ်လိုက်တဲ့ Harry နဲ့ Meghan

Celebrities's Instagram

ဒီနှစ် ဇန်နဝါရီလထဲမှာ ဗြိတိန်တော်ဝင်မင်းသား Harry နဲ့ ကြင်ယာတော် Meghan တို့ဟာ တော်ဝင်မိသားစုထဲက နှုတ်ထွက်ပြီးခွဲနေတော့မယ်ဆိုတဲ့အကြောင်း ပြတ်ပြတ်သားသားကြေငြာခဲ့ပါတယ်။ ဒီသတင်းဟာ တစ်ကမ္ဘာလုံးကို ပြန့်သွားခဲ့ပါတယ်။ နောက်တော့ သူတို့နှစ်ယောက်သား ကယ်လီဖိုးနီးယားမှာ အခြေချဖို့အတွက် အိမ်ဝယ်ကာ သားလေး Archie နဲ့အတူတူ ပြောင်းရွှေ့လာခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by The Duke and Duchess of Sussex (@sussexroyal) on

နောက်ပိုင်း Meghan ရဲ့ အကြံပေးမှုကြောင့် ဇနီးမောင်နှံနှစ်ဦး media နဲ့ entertainment လောကထဲ ဝင်ရောက်လာခဲ့ကြပါတော့တယ်။ အရင်ကတည်းကလည်း Meghan ဟာ ရုပ်ရှင်မင်းသမီးနဲ့ မော်ဒယ်လုပ်ခဲ့ဖူးတဲ့အတွက် သူမနဲ့တော့ အစိမ်းသက်သက်ဖြစ်မနေခဲ့ပါဘူး။ သူမကိုယ်တိုင်ဟာလည်း စစချင်း Disney ရဲ့ nature documentary တစ်ခုဖြစ်တဲ့ “Elephant” မှာ narrator အဖြစ် တာဝန်ယူနေခဲ့ပြီး မင်းသား Harry ဟာလည်း အင်တာဗျူးအစီအစဉ်တွေနဲ့ documentary အစီအစဉ်တော်တော်များများ ရိုက်ကူးနေခဲ့ပါတယ်။

READ
ထူးခြားမှုတစ်ခုကြောင့် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ခွေးလေး

 

 

View this post on Instagram

 

A post shared by The Duke and Duchess of Sussex (@sussexroyal) on

တလောတုန်းကတောင် Netflix နဲ့လက်တွဲကာ မသန်စွမ်းသူ အိုလံပစ်အားကစားသမားတွေအကြောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ရိုက်ကူးထားတဲ့ documentary show “Raising Phoenix” မှာ အဓိကစကားပြောသူအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

အခု CNN ရဲ့ဖော်ပြချက်အရ Meghan နဲ့ Harry တို့နှစ်ယောက်ဟာ Netflix နဲ့ ထပ်ပြီး သဘောတူညီမှု ပြုလုပ်ခဲ့ပါတယ်တဲ့။ အဲဒါကတော့ Netflix က ရိုက်ကူးမယ့် အထူးရိုက်ကူးရေးတွေမှာ သူတို့နှစ်ယောက်ကို စီစဉ်သူလုပ်ပေးရမှာပါတဲ့။ ဘယ်လိုအထူးရှိုးမျိုးတွေလဲလို့တော့ မသိရသေးပေမယ့် Netflix က အရင်ရိုက်ကူးခဲ့တဲ့ Royal လို စီးရီးတွေလိုမျိုးမှာ စီစဉ်သူတွေလုပ်ပေးရမယ်ဆိုရင်တော့ ဗြိတိန်တော်ဝင်မိသားစုမှာ တကယ်နေပြီး တာဝန်တွေကိုလည်း ထမ်းဆောင်းခဲ့တဲ့နှစ်ယောက်ဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

 

View this post on Instagram

 

A post shared by The Duke and Duchess of Sussex (@sussexroyal) on

 

View this post on Instagram

 

A post shared by The Duke and Duchess of Sussex (@sussexroyal) on

penny

SHARE