အနမ်းချင်းဖလှယ်ကာ ရင်းနှီးယောင်ဆောင်နေဟန်ရှိခဲ့တဲ့ တော်ဝင်သမီးယောင်းမနှစ်ယောက်

Westminister Abbey မှာ ပြုလုပ်ခဲ့တဲ့ နှစ် ၇၀ မြောက် Commonwealth Day အခန်းအနားပွဲမှာတော့ ဗြိတိန်ရဲ့ တော်ဝင်မိသားစုတွေ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံး ပြန်လည်စုစည်းဖြစ်တဲ့ရက်လို့ ဆိုနိုင်မှာပါ။ ပွဲကို ဘုရင်မကြီးကိုယ်တိုင် တက်ရောက်တဲ့အပြင် William နဲ့ Kate တို့ ဇနီးမောင်နှံ၊ Harry နဲ့ Meghan တို့ ဇနီးမာင်နှံတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

James Whatling
Richard Pohle

ဘုရင်မကြီးမရောက်လာခင် William နဲ့ Harry တို့ စုံတွဲနှစ်တွဲကအရင်ကြိုရောက်နှင့်နေခဲ့တာပါ။ ထူးထူးဆန်းဆန်းအနေနဲ့ကတော့ အချင်းချင်းလုံးဝမတည့်ကြဘူးလို့ ထင်ရတဲ့ Meghan နဲ့ Kate တို့ အချင်းချင်း ရင်းနှီးစွာ ဖက်လဲတကင်း ပါးချင်းနမ်းရင်း နှုတ်ဆက်ခဲ့ကြတဲ့ အခိုက်အတန့်ပါ။

Richard Pohle

သိကြတဲ့အတိုင်း Harry နဲ့ လက်မထပ်ခင်ကတည်းက Meghan ဟာ Kate နဲ့ အကြီးအကျယ်စကားများဖူးပြီး ကိုယ်ထိလက်ရောက် ရန်ဖြစ်တာတွေအထိပါ ဖြစ်ပျက်ခဲ့ရတယ်ဆိုပြီး သတင်းတွေထွက်နေခဲ့တာပါ။ ဒီအပြင် Meghan ဟာ ဘုရင်မကြီးရဲ့ အပါးတော်အမြဲ အချိန်ပြည့်နေပြီး ရင်းနှီးအောင်ပြုလုပ်ကာ Kate နဲ့ သူမကြားက ကိစ္စကို တိုင်တန်းခဲ့တဲ့အတွက် Kate တစ်ယောက် ဘုရင်မကြီးဆင့်ခေါ်လို့ အရေးပေါ်ကိုယ်တိုင်ကားမောင်းလာခဲ့ရပြီး အဆူခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါသေးတယ်။

READ
ကလေးရဲ့ဆံပင်ကိုဆွဲပြီး ဆုံးမတဲ့ မေတ္တာတရားကင်းမဲ့တဲ့ ဖခင်

ဒီလိုသတင်းတွေကြောင့်ပဲ ၂၀၁၉ နှစ်အစပိုင်းမှာ မီဒီယာတွေရှေ့မှောက်ရောက်တုန်းရောက်ခိုက် သူတို့နှစ်ယောက် မတည့်ကြဘူးဆိုကာ ကောလဟာလတွေလိုမျိုးပုံစံဖမ်းကာ အချင်းချင်းအဆင်ပြေရင်းနှီးကြောင်း ပြခဲ့ကြဟန်တူပါတယ်။

Richard Pohle

သို့သော်လည်း ပွဲမှာ Kate ဟာ လျှပ်တပြတ်ရိုက်ချက်ဓာတ်ပုံတွေ တော်တော်များများထဲ မျက်နှာထားတင်းတင်းနဲ့ စိတ်အလိုမကျဟန်ဖြစ်နေတဲ့အတွက်ကြောင့် ဝေဖန်ခံနေရပါတယ်။ Meghan တစ်ယောက်ကတော့ Kate ကို စကားတွေလိုက်ပြောရင်း ပြုံးရယ်နေတာကြောင့် ပြဿနာက Meghan မဟုတ်ဘဲ Kate ကသာလျှင် ပြန်မတည့်ချင်တာလားဆိုပြီး သို့လောသို့လော ပြောနေကြပါတယ်။

Richard Pohle
Richard Pohle

နှစ် ၇၀ မြောက် Commonwealth Day အခန်းအနားပွဲမှာ Meghan ဟာ ယူရို ၉၀၀၀ တန်တဲ့ Victoria Beckham ရဲ့ အဖြူပေါ်မှာ ဘဲခေါင်းစိမ်းရောင် ချိန်းကြိုးဒီဇိုင်းဂါဝန်နဲ့ နောက်ထပ် ယူရို ၉၀၀၀ တန်လို့ ယူဆရတဲ့ သိုးမွှေးကုတ်အင်္ကျီကိုလည်း ဝတ်ဆင်ထားပါတယ်။ ကိုယ်ဝန် ၇ လကျော်ရှိနေပြီဖြစ်ပြီး ဧပြီလထဲမှာ မီးဖွားမယ့်ရက်ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

READ
ဓါတ်ပုံ ရိုက်ရတာကြိုက်တဲ့ Pose ပေးကောင်းသူ ပန်ဒါဝက်ဝံလေး
James Whatling

Kate ကတော့ သူမဝတ်ဆင်ထားတဲ့ အနီရောင်ကုတ်ဂါဝန်နဲ့ ဦးထုပ်ဟာ ၂၀၁၄ ခုနှစ်တုန်းက New Zealand ကို သွားရောက်လည်ပတ်စဉ်တုန်းက ဝတ်ဆင်ခဲ့ဖူပါသေးတယ်။

James Whatling

နောက်ထပ်သတင်းထူးအနေနဲ့ကတော့ ဘုရင်မကြီးနဲ့ သူမရဲ့ကြင်ယာတော် Charles မင်းသားတို့ဟာ လာမယ့်အပတ်ထဲမှာ နှစ် ၅၀ မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ကို ဆင်နွှဲကြမှာပဲဖြစ်ပါတယ်။

EPA

Source: Daily Mail

Penny

 

 

SHARE