တော်ဝင်မိသားစုကို စွန့်ခွာခဲ့တဲ့ မီဂန်ကို အပြာဇာတ်ကား ကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်း

Instagram/SussexRoyals

တော်ဝင်စုံတွဲတစ်တွဲဖြစ်တဲ့ ဟယ်ရီနဲ့မီဂန်မာကယ်တို့ နန်းတော်ရာထူးတွေကနေ နှုတ်ထွက်ပြီး ပြင်ပ သာမန်လူနေမှုဘဝကို ရွေးချယ်ခဲ့တဲ့သတင်းဟာ ပြီးခဲ့တဲ့ ရသတ္တပတ်တော်တော်များများမှာတော့ အတော်လေး ရေပန်းစားခဲ့ပါတယ်။ မတူညီတဲ့ လူတန်းစားနှစ်ရပ်အကြား ကွာဟမှု ဘယ်လောက်ကြီးမားတယ်ဆိုတာ အပြင်လောကကလာတဲ့ မီဂန်ကိုယ်တိုင် သိပေမယ့် ခင်ပွန်းဟယ်ရီကတော့ ကွဲပြားတဲ့ဘဝလူနေမှုကို အခုမှ ကကြီးရေးစ ကမှာဖြစ်ပါတယ်။

တစ်ချို့သတင်းမီဒီယာတွေမှာတော့ မီဂန်ကို ဘုရင်မကြီးက အမျက်တော်ရှခဲ့တာလို့ ဆိုနေကြပေမယ့် ဖြစ်တန်ရာမရှိလောက်ဘူးလို့ ပြောနေတဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ပြင်ပလောကထဲကိုရောက်လာတဲ့ Duchess of Sussex တဖြစ်လဲ မီဂန်ကို အပြာရုပ်ရှင်ကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်ခဲ့ပါတယ်။ ကမ်းလှမ်းတဲ့ ရာထူးကတော့ Director of Special Initiatives ဖြစ်ပါတယ်။

 

ကမ်းလှမ်းတဲ့ကုမ္ပဏီအမည်မှာ ရေပန်းစားလူကြိုက်များတဲ့ YouPorn ဖြစ်ပြီး၊ ဒုတိယဥက္ကဋ္ဌ Charlie Hughes ကိုယ်တိုင် မီဂန်မာကယ်ဆီကို အိတ်ဖွင့်စာ ပေးပို့ခဲ့တာဖြစ်ကြောင်း Metro သတင်းစာက ဖော်ပြခဲ့ပါတယ်။ စာမှာ “ ကျွန်တော်တို့ YouPorn ဟာ ပြန်လည်ပေးဆပ်ရမယ့်အရာတွေကို အမြဲလိုလို ရှာဖွေနေပါတယ် … ဒါပေမယ့် ကျွန်တော်တို့လို လုပ်ငန်းမျိုးတွေရဲ့ ရံပုံငွေကို လက်မခံလိုတဲ့ ကုမ္ပဏီတွေ၊ တစ်ခြားအဖွဲ့အစည်းတွေရဲ့ဝေဖန်မှုတွေကို ပြစ်တင်မှုတွေကို ရင်ဆိုင်နေရပါတယ်”

“သင်ဟာ ခေတ်မမီတော့တဲ့ တွေးခေါ်မှုနည်းလမ်းတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရတာတောင်မှ ဆန်းသစ်တဲ့လုပ်ဆောင်မှုတွေ၊ စိတ်ဝင်စားဖွယ်ရာနည်းလမ်းတွေနဲ့ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီအတွက် အခုရာထူးက သင်နဲ့ လုံးဝသင့်တော်ကြောင်း ပြောပါရစေ။

ကျွန်တော်တို့ YouPorn ဟာ MEGXIT သတင်းများကို နေ့စဉ် အနီးကပ်စောင့်ကြည့်နေပြီး၊ နန်းတော်ရဲ့ပြင်ပမှာ ကိုယ်ပိုင်ဘဝတွေကို ဖန်တီးဖို့ ကြိုးစားခဲ့မှုကို ကျွန်တော်တို့ကို ချီးကျူးချင်ပါတယ်။ သင့်ဆီမှာလည်း စိတ်ဝင်စားဖွယ်ရာ အခွင့်အလမ်းတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ YouPorn က သင့်ကို Director of Special Initiatives ရာထူးနဲ့ကမ်းလှမ်းချင်ပါတယ်-လို့ ရေးသား ဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

at tonight’s dinner for supporters of Sentebale in London Video © SussexRoyal

A post shared by The Duke and Duchess of Sussex (@sussexroyal) on

ဟယ်ရီနဲ့မီဂန်တို့ဟာ သူတို့နှစ်ယောက် အတူတူ အသုံးပြုတဲ့ @sussexroyal ကနေ နန်းတော်တာဝန်များမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ဖို့အတွက် လတော်တော်များများ ဝေဖန်သုံးသပ်ရင်း ဇနီးမောင်နှံနှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလို နန်းတော်ပြင်ပ ရောက်သွားပေမယ့် ဘုရင်မကြီးတော့ အမြဲတမ်း ထောက်ခံအားပေးနေမယ်လို့လည်း ဆိုထားပါတယ်။ အဲဒီနောက်မှာတော့ ဘုရင်မကြီးကလည်း ဟယ်ရီတို့စုံတွဲကို ရာထူးကနေ နှုတ်ထွက်ဖို့ ခွင့်ပြုကြောင်း အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်မိသားစု အကွဲအပြဲဟာ ယူကေ ပြည်သူများအတွက်တော့ စိတ်မချမ်းသာစရာပါ။ ဒီလိုပဲ နန်းတော်တွင်းမှာလည်း အများပြည်သူမသိတဲ့ “အမယ်ဘုတ်ရဲ့ သူ့ချည်ခင်”ပြဿနာတွေလည်း ရှိနေနိုင်ပါတယ်။

လင်းဇော်ကို

SHARE