တော်ဝင်မိသားစုဝင်သစ်အဖြစ် လူ့လောကထဲရောက်လာတဲ့ ဒိုင်ယာနာရဲ့မြေးငယ်လေး

Meghan Markle ဟာ ဟောလိဝုဒ်ရဲ့တောက်ပနေတဲ့ အနုပညာငွေကြယ်ပွင့်တွေထဲက တစ်ပွင့်ပဲဖြစ်ပါတယ်။ ဒီလိုလင်းလက်တောက်ပနေရင်းကမှ ဗြိတိန်ရဲ့တော်ဝင်မင်းသားငယ်ဖြစ်တဲ့ ဒိုင်ယာနာရဲ့သားငယ်လေး Harry နဲ့ ထိမ်းမြားလက်ထပ်လိုက်ကာ တော်ဝင်မိသားစုထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ တော်ဝင်မိသားစုရဲ့စည်းမျဉ်းအတိုင်း သူမရဲ့နေပုံထိုင်ပုံတွေနဲ့အတူတူ ဝါသနာပါလွန်းပြီး အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခဲ့တဲ့ မော်ဒယ်သရုပ်ဆောင်အလုပ်ကိုပါ စွန့်လွှတ်ခဲ့ပြီးကာမှ တော်ဝင်မင်းသားရဲ့ကြင်ယာတော်၊ Sussex မြို့စားကတော်ဆိုတဲ့ ကြီးမြတ်လှတဲ့ဂုဏ်ပုဒ်တွေကို ခံယူခဲ့ရတာပါ။

AFP-or-Licensors

သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ဆိုသလို တော်ဝင်မင်းသား Harry နဲ့ ကြင်ယာတော် Meghan တို့ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလရဲ့ သြစတြေးလျ၊ဖီဂျီ၊Tonga  နဲ့  နယူးဇီလန်တို့ကို တော်ဝင်တိုင်းခန်းလှည့်လည်ရေးခရီးစဉ်တစ်ခုမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ကြပါတယ်။ ဒီအတွက် ကာယကံရှင်ဖြစ်တဲ့ အကြင်လင်မယားသာမကဘဲ သူတို့ကိုချစ်တဲ့ပြည်သူတွေပါ ဒီသတင်းကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအတိဖြစ်သွားခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ ရင်သွေးလေးကို ၂၀၁၉ ခုနှစ်ရဲ့ နွေဦးကာလလောက်မှာ ဖွားမြင်မယ်လို့လည်း ခန့်မှန်းပြောသွားခဲ့ပါသေးတယ်။

splash news

ဒီကြားထဲ Meghan တစ်ယောက်အတွက် ကိုယ်ဝန်လွယ်ရင်း ကြင်ယာတော်တစ်ယောက်၊ မြို့စားကတော်တစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း တာဝန်လစ်ဟင်းမှုမရှိစေရန် ကြိုးစားလုပ်ဆောင်နေခဲ့တာပါ။ ဒီအပြင် အဖွားယောက္ခမတော်စက်တဲ့ ဗြိတိန်ဘုရင်မကြီး Elizabeth နဲ့လည်း ယခင်ကထက် ရင်းနှီးမှုတွေပိုလာခဲ့ပတာပါ။ ဒါပေမဲ့လည်း ဒီကြားထဲ Meghan ရဲ့ ဓာတ်ပုံအသစ်တွေ ထွက်လာတိုင်းလိုလို ဒေါက်ဖိနပ်စီးထားတဲ့အတွက် ကိုယ်ဝန်သည်တစ်ယောက်ရဲ့ ဝတ်ပုံစားပုံနဲ့ မလျော်ညီဘူးလို့ဆိုကာ အဝေဖန်ခံခဲ့ရပါသေးတယ်။

READ
သူမရဲ့ရင်သားကြောင့်မီလျှံနာဖြစ်လာတဲ့ ကမ္ဘာ့ရင်သားအကြီးဆုံးအမျိုးသမီး
Wire Image

ရင်သွေးလေးဟာ နွေဦးကာလမှာ မွေးဖွားမယ်လို့ ခန့်မှန်ထားတဲ့အတွက် ဘုရင်မကြီးရဲ့ မွေးနေ့နဲ့များ တူမလား၊ ဒါမှမဟုတ် တစ်လထဲမှာများ မွေးဖွားလာမလားဆိုပြီး တော်တော်များများကခန့်မှန်းကာ ကြိုတင်ရင်ခုန်နေခဲ့ကြဖူးပါတယ်။ ဘုရင်မကြိးရဲ့ မွေးနေ့ကတော့ ဧပြီလ ၂၁ ရက်နေ့ဖြစ်တာကြောင့် နွေဦးရဲ့အချိန်ကောင်းဖြစ်ပြီး Meghan ကိုယ်ဝန်စရှိတဲ့ အချိန်နဲ့တွက်မယ်ဆိုရင် ဒီရက်မှာ မွေးဖွားဖို့ဆိုတာ သေချာသလောက်ရှိနေခဲ့တာပါ။

သို့ပေမယ့်လည်း Sussex မြို့စားကတော် Meghan ကတော့ ခင်ပွန်း Harry နဲ့ သူမတို့ရဲ့ ပထမဆုံးသားဦးရင်သွေးလေးကို မေလ ၆ ရက်နေ့ မနက် ၅ နာရီနဲ့ ၂၆ မိနစ်တိတိမှာ မွေးဖွားခဲ့ပါတယ်။ Meghan တစ်ယောက် ရင်သွေးလေးမွေးဖို့အတွက် အားထုတ်နေတုန်း မင်းသား Harry ဟာလည်း တစ်လျှောက်လုံး ဘေးမှာ လက်ကလေးကိုင်ပြီးရှိနေပေးခဲ့တယ်လို့ သတင်းရရှိထားပါတယ်။ ကလေးလေးမွေးဖို့လက္ခဏာတွေမပြခင်ကတည်းက Meghan ဟာ လန်ဒန်ရဲ့ Portland ဆေးရုံမှာ ဆေးရုံကြိုတက်ကာ အနားယူနေတယ်လို့သိရပြီး အဲဒီဆေးရုံဟာ တော်ဝင်မင်းသမီးတွေဖြစ်တဲ့ Beatrice တို့ Eugenie တို့ မွေးဖွားခဲ့တဲ့ ဆေးရုံလည်းဖြစ်ပါတယ်။

READ
Gay မူစလင်တစ်ဦးရဲ့ ပထမဆုံး မင်္ဂလာပွဲဖြစ်ဖို့ရှိတဲ့ ဗြိတိန်က လိင်တူလက်ထပ်ပွဲ
REX
REX

အမှန်တော့ ကိုယ်ဝန်တွက်ကိန်းအရဆိုရင်တော့ Meghan ဟာ ဧပြီလ ၂၀ ရက်နေ့နောက်ပိုင်းမှာ ကလေးမွေးရမှာဖြစ်ပေမယ့် တစ်ပတ်တိတိနောက်ကျပြီးကာမှ မီးဖွားခဲ့တာပါ။ ဒါကြောင့်လည်း သူတို့ရဲ့အိမ်တော်ကြီးမှာပဲ မီးဖွားမယ်လို့ စီစဉ်ထားခဲ့တဲ့ Meghan တစ်ယောက် ယခုလိုဆေးရုံကို ကြိုတက်ကာ ဆေးရုံမှာပဲမီးဖွားဖြစ်သွားခဲ့တာပါပဲ။ ဒီအပြင် အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ မိခင်တစ်ယောက်ဖို့က အနည်းငယ်အန္တရာယ်များပါသေးတယ်။

REX
Instagram

Meghan ကတော့ ရင်သွေးလေးနဲ့ပတ်သက်ပြီး ကောင်းချီးပေးပြီးဆုတောင်းစကားတွေအတွက် ကျေးဇူးအထူးတင်ရှိပေမယ့် ရင်သွေးလေးရဲ့ ပုံစံကိုတော့ လူရှေ့မှာဖော်ပြဖို့အတွက် လုံးဝမစဉ်းစားသေးဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။ ပြည်သူတွေနဲ့ Harry-Meghan တို့စုံတွဲကို ချစ်ခင်ကြတဲ့ မင်းမှုထမ်းတွေကတော့ သူတို့နှစ်ယောက်ရဲ့ပထမဆုံးသားဦးလေးအတွက် အရမ်းကိုပျော်မဆုံးမဖြစ်နေပြီး နန်းတော်အရှေ့မှာ ချီးကျိုးထောပနာပြုကာ ပျော်ရွှင်ရင်းဂုဏ်ပြုပေးနေခဲ့ကြပါတယ်။ ဒီအပြင် လန်ဒန်မှ BT တာဝါအဆောက်အအုံမှလည်း ယခုလိုပဲ ဂုဏ်ပြုစာတွေကို ဖော်နေခဲ့တာပါ။

AP
AFP

Penny

SHARE