ရင်သွေးလေးရှိနေတဲ့အကြောင်း အသိပေးလိုက်တဲ့ Meghan Markle နဲ့ Harry

Meghan Markle နဲ့ မင်းသား ဟယ်ရီတို့ကတော့ သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကို ပိုင်ဆိုင်နေပြီဆိုတဲ့ အေ ကြာင်း ကို အသိပေးကြေညာလိုက်ပါတယ်။သူတို့ရဲ့ စုံတွဲ Royal Tour ပထမဆုံး နေ့မှာပဲ အသိပေး ကြေညာ လိုက်တာပါ။Meghan Markle ကတော့ ဒီပျော်စရာ သတင်းကို အသိပေးကြေညာဖို့ အတွက် အရမ်းကို ကျေနပ် ပျော်ရွှင် နေတယ်လို့ Kensington Palace ကနေ ပြောလိုက်ပါတယ်။သူတို့ရဲ့ ပထမဆုံး ရင်သွေးလေး ကိုတော့ လာမယ့် နွေဦးမှာ မွေးဖွားမယ်လို့ မျှော်လင့်ရပါတယ်။

pinterest

Meghan ကတော့ အသက် (၃၇)နှစ်ဖြစ်ပြီး  Prince Harry ကတော့ (၃၄)ပါ။Meghan တစ်ယောက် သြစတြေး လျခရီးစဉ်မှာ ခရမ်းရောင်ဖိုင်တစ်ခုကို ဗိုက်နားကပ်ပြီး သယ်လာတဲ့ ပုံတွေ ထွက်ပေါ် ခဲ့ပြီးနောက် မင်္ဂလာ သတင်း ထွက် ပေါ် လာခဲ့တာပါ။နန်းတော်ဘက်က ကြေညာချက်အရ ..”  ဆော့ဆက်စ်မြို့စားနဲ့ မြို့ စားကတော် တို့ဟာ (၂၀ ၁၉) နွေဦးမှာ ရင်သွေးလေးကို မွေးဖွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။မေလတုန်းက ကျင်း ပခဲ့တဲ့ တော်ဝင်လက်ထပ်ပွဲမှာတုန်းကလည်း ကမ္ဘာတစ်ဝန်းရဲ့ ဆုတောင်းထောပနာပြုသံတွေကိုလည်း အသိအမှတ်ပြု ကြောင်းနဲ့ ဒီပျော် စရာ မင်္ဂာ သတင်းကိုလည်း လူထုကို မျှဝေပေးတာပါလို့ နန်းတော်က ကြေညာခဲ့ပါတယ်။ ကိုယ်ဝန်သ တင်းကတော့လက်ထပ်ပြီး ငါးလအကြာမှာ ထွက်ပေါ်ခဲ့တာပါ။Meghan နဲ့  Harry တို့ဟာ မေလ (၁၉) ရက်နေ့ တုန်းက Windsor Castle မှာ လက်ထပ်ပွဲဆင်နွှဲခဲ့ကြတာပါ။

READ
#SaveSpiderMan ကန်ပိန်းမှာ အကြံအဖန်တွေ လုပ်နေတယ်လို့ စွပ်စွဲခံနေရတဲ့ Disney
pinterest
mirror

 

သြစတြေးလျ၊ဖီဂျီ၊Tonga  နဲ့  နယူးဇီလန်တို့ကို (၁၆) ရက်ကြာ Royal Tour ကို စတင်ဖို့အတွက် Meghan နဲ့  Harry တို့ဟာ သြစတြေးလျ ဆစ်ဒနီကို ဒီကနေ့ အစောပိုင်းကမှ ရောက်လာခဲ့တာပါ။ဒါဟာ UK နဲ့ အိုင်ယာလန် အပြင်ကိုသွားရောက်လည်ပတ်တဲ့ သူတို့နှစ်ယောက် ရဲ့ ပထမဆုံး စုံတွဲ Tour ပါ။သူတို့ စုံတွဲဟာ သြစတြေး လျခရီးစဉ် မှာတော့  Invictus Games ကို အတူကြည့်ကြမှာဖြစ်သလို ဆစ်ဒနီတိရစ္ဆာန်ဥယျာဉ်နဲ့ သြစတြေးလျ ရဲ့ Royal Flying Doctor Service ကိုလည်း သွားရောက်ကြမှာပါ။တော်ဝင် Tour တွေကတော့ (၁၆)ရက်ကြာမြင့်မှာဖြစ်ပြီး Harry နဲ့ Meghan တို့ဟာ နိုဝင်ဘာ (၁)ရက်နေ့ကျမှ နယူးဇီလန် Auckland မြို့ကနေ လန်ဒန်ကို ပြန်လာကြမှာပါ။

READ
Chopra ကို Mercedes ကားကြီး လက်ဆောင်ပေးခဲ့တဲ့ Nick Jonas

pinterest

Source themirror

SHARE