ဘုရင်မကြီးက မြေးချွေးမ(၂) ဦးအပေါ် ဆက်ဆံပုံမတူဘူးဆိုပြီး လူတွေ မေးခွန်းထုတ်နေ

ယခုအပတ်ထဲမှာ ဘုရင်မကြီးနဲ့ ကိန်းဘရစ်မြို့စားကတော် ကိတ်မစ်ဒယ်တန်တို့ကို အခြားတော်ဝင်မိသားစုတွေ မပါပဲ ပြည်သူလူထုရှေ့ အတူတွဲထွက်လာတာကို မြင်ခဲ့ရပါတယ်။ ကိတ်ဟာ ၀ီလျံနဲ့ လက်ထပ်ပြီး (၈) နှစ်ကြာတဲ့အခါမှ အခုလို ဘုရင်မကြီးနဲ့ နှစ်ယောက်တည်း အပြင်ထွက်တာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

(Image: PA)

King’s College London ရဲ့ အခမ်းအနားဖွင့်ပွဲကို တက်ရောက်လာတဲ့ တော်ဝင်အမျိုးသမီးနှစ်ဦးကို ကြည့်ရတာတော့ ရင်းနှီးနွေးထွေးတဲ့ပုံပေါ်ပြီး ကားထဲမှာလည်း စောင်တစ်ထည်ထဲကို အတူခြုံထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အခုအကြိမ်ဟာ ပထမဆုံးအကြိမ်အဖြစ် လူကြားသူကြားထဲ ဘုရင်မကြီးနဲ့ ကိတ်နှစ်ယောက်တည်း ထွက်လာတာကို မြင်ရတာကြောင့် တော်ဝင်မိသားစုပရိသတ်တွေအတွက် အံ့သြစရာဖြစ်လာခဲ့ပါတယ်။

(Image: PA)

လူတွေက ဘုရင်ကြီးနဲ့ ကိတ်တို့ဟာ ပွဲတစ်ပွဲကို လူသိရှင်ကြား နှစ်ယောက်တည်း အတူတက်ဖို့ ဘာကြောင့်များ ဒီလောက်အချိန်ယူနေရတာလဲဆိုပြီး ဝေဖန်နေကြပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်တွေအတောအတွင်းမှာ အခမ်းအနားပွဲပေါင်းများစွာကို အတူတက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခမ်းအနားတက်တဲ့အခါတိုင်းမှာ သူတို့နှစ်ယောက်တင်မဟုတ်ပဲ အခြားတော်ဝင်မိသားစုဝင်အချို့ပါ လိုက်ပါလာလေ့ရှိပါတယ်။

READ
တစ်နှစ်ကြာပြီးမှ ခွဲထုတ်နိုင်ခဲ့တဲ့ ဘူတန်နိုင်ငံရဲ့ ပထမဆုံးရင်ချင်းဆက်အမြွှာ
(Image: GC Images)

ကိတ်ဟာ တော်ဝင်မိသားစုဝင်အဖြစ်နဲ့ (၈) နှစ်ကြာပြီးနောက်မှ ဘုရင်မကြီးနဲ့အတူ နှစ်ယောက်တည်း ပွဲတက်ခွင့်ရပေမယ့် မီဂန်မာကယ်ကတော့ တော်ဝင်မင်္ဂလာပွဲကျင်းပအပြီး တစ်လအကြာမှာပဲ ဘုရင်မကြီးနဲ့ နှစ်ယောက်တည်း လူသိရှင်ကြား ပွဲတက်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် လူတွေက မီဂန်ကိုတော့ ဘုရင်မကြီးက ပိုအလေးပေးသလား ဆိုပြီး ဝေဖန်နေကြတာပါ။ တော်ဝင်ရေးရာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးကတော့ ဒါဟာ ပရိသတ်တွေ အလေးအနက်စဉ်းစားရမယ့် အကြောင်းအရာမဟုတ်ပါဘူးလို့ ဆိုလိုက်ပါတယ်။ ကိတ်ဟာ ဘုရင်မကြီး၊ ဖီးလစ်မင်းသားကြီးတို့နဲ့ အတူတူ သွားလေ့လာလေ့ရှိကြောင်းနဲ့ သူမမင်္ဂလာဆောင်ဝတ်စုံရွေးတုန်းကတောင် ဘက်ကင်ဟမ်နန်းတော်မှာ ဘုရင်မကြီးနဲ့အတူ နှစ်ဦးတည်း ရှိနေခဲ့ကြောင်း၊ ဒါပေမယ့် အပြင်လူတွေမတွေ့ရတဲ့ အခမ်းအနားမို့လို့ ပရိသတ်တွေမသိရတာသာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: mirror

SHARE