မင်္ဂလာပွဲတုန်းက ဘုရားကျောင်းမှာမွှေးနံ့သာမဖြန်းရလို့စိတ်ခုခဲ့တဲ့ Meghan Markle

PA

သတို့သမီးတိုင်းလိုလိုဟာ သူတို့ရဲ့မင်္ဂလာပွဲနေ့မှာ သူတိုရဲ့စိတ်တိုင်းကျ ဟာကွက်မရှိရလေအောင် အရာရာခပ်သိမ်းစီစဉ်ချင်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ်လက်ထပ်မယ့်သတို့သားဟာ သာမန်မိသားစုထဲကမဟုတ်ဘဲ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ တော်ဝင်မိသားစုထဲကဖြစ်မယ်ဆိုရင်တော့ အရေးကြီးလှတဲ့ မင်္ဂလာပွဲနေ့မှာ ကိုယ့်ဖြစ်ချင်စောထက် မိသားစုဝင်ဖြစ်လာမယ့်တော်ဝင်မိသားစုရဲ့ စည်းကမ်းတွေကို စတင်လိုက်နာဖို့ လိုအပ်လာပါပြီ။

Meghan Markle ဟာ သာမန်အနုပညာရှင်ဘဝကနေ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒိုင်ယာနာမင်းသမီးရဲ့ သားအငယ်ဖြစ်သူ မင်းသား Harry နဲ့ ချစ်ကြိုက်ကာ ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့တုန်းက တိုင်းသိပြည်သိလက်ထပ်ခဲ့ပါတယ်။

PA

တော်ဝင်မိသားစုရဲ့ထုံးတမ်းစဉ်လာအတိုင်း လက်ထပ်ပွဲကိုတော့ အားလုံးလည်းကျင်းပခဲ့ကြတဲ့ Windsor နန်းတော်ထဲက St Geroge’s Chapel မှာပဲ ကျင်းပခဲ့ပါတယ်။ ဘုရားကျောင်းဟာ ၁၅ ရာစုနှစ်လောက်ကကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး တော်ဝင်မိသားစုရဲ့သမိုင်းတစ်လျှောက် တန်ဖိုးထားအလေးထားရဆုံး မြင့်မြတ်တဲ့နေရာလည်းဖြစ်ပါတယ်။

PA

သမိုင်းဝင်အဆောက်အအုံဖြစ်တာနဲ့အညီ အဆောက်အဦးကိုတည်ဆောက်ရာမှာ အသုံးပြုထားတဲ့ အခြေခံပစ္စည်းများကြောင့် ဟောင်းအနံ့ကတော့ ရနေမှာပါ။ ဒီအနံ့ကြောင့်ပဲ ဘုရားကျောင်းဟာ တကယ့်ကိုရှေးဟောင်းအမွေအနှစ်စစ်မှန်ကြောင်း သက်သေပြနေသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ ကြင်ယာတော် Meghan Markle ကတော့ မွှေးကြိုင်ခြင်းမရှိဘဲ ထိုင်းထိုင်းမှိုင်းမှိုင်းအနံ့ကြီးနဲ့ သူမမင်္ဂလာပွဲကို ဆင်နွှဲချင်ပုံမပေါ်ပါဘူး။

READ
"မြွေအနမ်းရှင်"လို့ နာမည်ကြီးခဲ့သူ၊ တောကြီးမြွေဟောက်ကိုက်လို့ သေဆုံး

ဧည့်သည်တွေမလာခင် ဘုရားကျောင်းတစ်ခုလုံးကို အမွှေးအကြိုင် ဖြန်းပေးဖို့တောင်းဆိုခဲ့တယ်လို့ အတွင်းသိသူများရဲ့ပြောကြားချက်အရ သိခဲ့ရပါတယ်။ ၁၄၇၅ ခုနှစ်မှာ စတည်ခဲ့တဲ့ ဘုရားကျောင်းဟာ  တော်ဝင်ရဲ့ အရင့်အရင်မိသားစုတွေနဲ့ ဘုရင်မကြီးကိုယ်တိုင်ကလည်း ငယ်ကတည်းက St. George’s မှာပဲ ဝတ်ပြုခြင်းနဲ့ မင်္ဂလာဆောင်ပွဲတွေ ကျင်းပခဲ့တာပါ။ လူတိုင်းနဲ့အသားကျနေပြီဖြစ်တဲ့ ဘုရားကျောင်းထဲ Meghan နဲ့ကျမှ အမွှေးနံ့သာတွေဖြန်းဖို့ ဘုရားကျောင်းမှ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။ တာဝန်ရှိသူတွေကတော့ ဘုရားကျောင်းတည်ဆောက်ထားတဲ့ ပစ္စည်းတွေကို ထိခိုက်ယိုယွင်းမှုတွေ ဖြစ်လာမှာဆိုးတဲ့အတွက် Meghan ရဲ့ တောင်းဆိုမှုကို ငြင်းပစ်ခဲ့ပါတယ်။

PA

Meghan ဟာ တစ်ကြိမ်ငြင်းလိုက်တဲ့အပေါ် အားလျှော့ခြင်းမရှိဘဲ ထပ်ခါထပ်ခါ တောင်းဆိုနေတဲ့အတွက် ဘုရားကျောင်းမှ တာဝန်ရှိသူတွေဟာ ဘုရင်မကြီးထံသို့ တိုက်ရိုက်တင်ပြခဲ့ပြီး ဘုရင်မကြီးကိုယ်တိုင် တားမြစ်လိုက်တော့မှ တောင်းဆိုမှုရပ်တန့်သွားခဲ့တယ်လို့ သိခဲ့ရပါတယ်။

READ
ကားတိုက်ပြီးလူသေမှုဖြစ်ခဲ့ပေမယ့်ထာ ထောင်ဒဏ်ကင်းလွတ်ခွင့်ရသူအမျိုးသမီး
PA

ဒီသတင်းပြင်ပကိုပေါက်ကြားသွားတဲ့အချိန်မှာတော့ Meghan ဟာ တော်ဝင်မိသားစုဝင်တစ်ယောက်ကို လက်ထပ်ယူထားတဲ့ သာမန်ပြည်သူဖြစ်ပြီး တော်ဝင်မိသားစုတွေအပြင် ဘုရင်မကြီးကိုယ်တိုင်းကပါ ဘုရားကျောင်းရဲ့အနံ့အသက်ကို ခံနိုင်သေးတာကို သူကဘာကြောင့် အခုလို အထွန့်တက်ရတာလဲဆိုပြီး အပြစ်တင်ဝေဖန် ခံနေရပါတယ်။

Source: Daily Mail

Penny

SHARE