Disney documentary မှာနောက်ခံစကားပြောအနေနဲ့ အလုပ်လုပ်တော့မယ့် မီဂန်

twitter/Disney+ instagram/sussexroyal

ဆော့ဆက်စ်မြို့စားကတော်ဖြစ်သူ မီဂန်ဟာ Disney documentary အတွက် နောက်ခံအသံစကားပြောပေးမှာဖြစ်တယ်လို့ skynews သတင်းအရ သိရပါတယ်။ မီဂန်အတွက်တော့ ဒါဟာ တော်ဝင်မိသားစုဝင်အဖြစ်က စွန့်လွှတ်ပြီး ပထမဆုံး လုပ်ကိုင်တဲ့အလုပ်အကိုင်ပဲ ဖြစ်ပါတယ်။ Documentary ရုပ်ရှင်အမည်ကတော့ Elephant လို့ သိရပါတယ်။ ၄င်းရုပ်ရှင်ကို ဧပြီလ (၃) ရက်နေ့ကစပြီး Disney+ မှာ streaming service နဲ့ ပြသတော့မှာ ဖြစ်ပါတယ်။

ယခုသတင်းကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက စတူဒီယိုကနေ တွစ်တာပေါ်တင်ခဲ့တာဖြစ်ပြီး ထို့နောက်မှာတော့ ဘက်ကင်ဟမ်နန်းတော်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ Elephant Documentary ကိုတော့ မီဂန်နဲ့ မင်းသားဟယ်ရီတို့ တော်ဝင်မိသားစုဝင်တွေအဖြစ်မှ တရားဝင်နှုတ်ထွက်ပြီးပြီးချင်း သုံးရက်အကြာမှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ မြို့စားကတော် မီဂန်ဟာ အမေရိကန် တီဗီဆီးရီးတစ်ခုဖြစ်တဲ့ Suits ဇာတ်ကားကနေ အောင်မြင်တဲ့ရုပ်ရှင်မင်းသမီးအဖြစ် လူသိများခဲ့သူ ဖြစ်ပါတယ်။

READ
အသက်(၈၀)ဆိုပေမယ့် အရွယ်နဲ့မလိုက်အောင် နုပျိုသန်စွမ်းနေတဲ့ အမျိုးသမီး

မနှစ်က ဂျူလိုင်လမှာတော့ ဟယ်ရီဟာ လန်ဒန်မှာ ကျင်းပခဲ့တဲ့ Lion King ရုပ်ရှင်အကြိုတင်ဆက်ပွဲထဲ ၄င်းရဲ့ ဇနီးသည်ဟာ Disney ဇာတ်ကားတွေမှာပါဝင်ဖို့ ဆန္ဒရှိကြောင်း ပြောခဲ့ပါသေးတယ်။ ၄င်းနဲ့ပတ်သက်ပြီး ဗီဒီယိုဖိုင်ထွက်ခဲ့ရာမှာ ဗီဒီယိုထဲမှာတော့ မြို့စားနဲ့ မြို့စားကတော်တို့ဟာ ရုပ်ရှင်ဒါရိုက်တာ ဂျွန်ဖာဗရို၊ ဘီယွန်းစေးနဲ့ ၄င်းရဲ့အမျိုးသားဖြစ်သူ ဂျေဇီးတို့နဲ့ စကားပြောနေခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်ဗီဒီယိုတစ်ခုမှာလည်း ဟယ်ရီဟာ Walt Disney ကုမ္ပဏီရဲ့အလုပ်အမှုဆောင်ဥက္ကဌဖြစ်သူ ရောဘတ်အီဂါနဲ့ တွေ့ဆုံခဲ့ပြီး မီဂန်ဟာ ရုပ်ရှင်တွေရဲ့နောက်ခံစကားပြောခန်းတွေမှာ အလုပ်လုပ်ဖို့အတွက် စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြောပြခဲ့တာပါ။ ဒါ့အပြင် The Times မှာလည်း မီဂန်ဟာ Disney နဲ့  အလုပ်တွဲလုပ်ဖို့ သဘောတူညီလိုက်ပြီ ဆိုတဲ့အကြောင်း သတင်းရေးသားခဲ့ပါသေးတယ်။

READ
ခြောက်ထပ်ကြီးဘုရားမှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး KBS တောင်းပန်

လင်းလင်း (ShweMom)

SHARE