မီဂန်မာကယ်ရဲ့ဖခင် တော်ဝင်မင်္ဂလာပွဲအတွက် သာမန်စက်ချုပ်ဆိုင်မှာ ဝတ်စုံပြင်ဆင်နေ

မီဂန်ရဲ့ဖခင်ကြီးဖြစ်တဲ့ အသက်(၇၃)နှစ်အရွယ် သောမက်စ်မာကယ်ဟာ သူနေထိုင်ရာ မက္ကဆီကိုမြို့ နေအိမ်အနီးက နောက်ဖေးလမ်းကြားထဲက မထင်မရှားစက်ချုပ်ဆိုင်လေးမှာ တော်ဝင်မင်္ဂလာပွဲကိုတက်ဖို့ ပွဲတက်ဝတ်စုံပြင်ဆင်နေတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ စက်ချုပ်ဆိုင်က ကောင်လေးတစ်ယောက်က သူရဲ့ကိုယ်တိုင်းကို ယူနေတဲ့ ဓာတ်ပုံလေးတွေပါ။

COLEMAN RAYNER

သောမက်စ်ရဲ့မျက်နှာဟာ ဗြိတိန်တော်ဝင်မိသားစုနဲ့ ရွှေလမ်းငွေလမ်း ခင်းရမယ့်အနေအထားမှာတောင် အရမ်းကြီး တက်တက်ကြွကြွပုံစံမျိုးတော့ ဖြစ်မနေဘဲ တည်ငြိမ်နေပါတယ်။ ဒါကလည်း သူရဲ့ အလွန်ရင့်ကျက်တဲ့ အသက်အရွယ်ကြောင့် ဖြစ်ပါလိမ့်မယ်။ မီဂန်နဲ့ မင်းသားဟယ်ရီတို့ရဲ့ မင်္ဂလာပွဲဟာ မေလ(၁၉)ရက်မှာ ကျင်းပမှာပါ။

COLEMAN RAYNER

ပွဲတော်နာနီး ရက်ပိုင်းအလိုကျမှ သောမက်စ်က ဒီဘက်က ဖိတ်ကြားခံထားရတဲ့ ဆွေမျိုးသားချင်းတွေနဲ့အတူ မက္ကဆီကိုကနေ ဗြိတိန်ကို လိုက်သွားမှာလို့ သိရပါတယ်။ သောမက်စ်ဟာ မီဂန်ကို ဟောလီဝုဒ်လမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့သူဖြစ်ပြီး သူကိုယ်တိုင်က အလင်းအမှောင်ဒါရိုက်တာအဖြစ် နှစ်တော်တော်ကြာအောင် အလုပ်လုပ်ပြီးမှ အနားယူခဲ့သူပါ။

COLEMAN RAYNER

ဒါပေမယ့် ပြီးခဲ့တဲ့ရက်က မီဂန်ရဲ့ အဖေတူမအေကွဲအစ်ကိုဖြစ်တဲ့ သောမက်မာဂယ်ဂျူနီယာက မီဂန်ဟာ ကျေးဇူးကန်းသူဖြစ်ပြီး၊ ဘဝကို ရေပေါ်ဆီလိုနေထိုင်ခဲ့သူဖြစ်ကြောင်း၊ မိဘတွေကိုတောင်မှ မင်္ဂလာပွဲမဖိတ်ခဲ့ကြောင်း စွပ်စွဲကာ မင်းသားဟယ်ရီအနေနဲ့ မင်္ဂလာပွဲကို အမြန်ဆုံးဖျက်သိမ်းပေးဖို့ သူ့ဘက်က တောင်းဆိုခဲ့ပါတယ်။

READ
(၇)နှစ်လုံးလုံး မိခင်ဖြစ်သူကအခန်းထဲပိတ်ကာ အနိုင်ကျင့်နှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေး
COLEMAN RAYNER

သို့သော်လည်း အစ်ကိုဖြစ်သူ ဂျူနီယာသောမက်စ်ရဲ့ စွပ်စွဲချက်အတိုင်း မဟုတ်ဘဲ အခု မီဂန်ရဲ့ဖခင် သောမက်စ်က မီဂန်ရဲ့မိခင်ဖြစ်တဲ့ ဇနီးဟောင်း ဒိုရီယာရက်ဂ်လန်းနဲ့အတူ မင်္ဂလာပွဲကို တက်ရောက်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့လို့ သမီးဖြစ်သူဘက်က ပျက်ကွက်မှုမရှိခဲ့ဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။

COLEMAN RAYNER

မင်္ဂလာပွဲပြီးရင် တော်ဝင်အသိုင်းအဝိုင်းနဲ့ စကားစမြည်တွေ ပြောကြဦးမယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့်တော့ ဘုရင်မကြီးနဲ့ ကြင်ယာတော်မင်းသားကြီး ဖီးလစ်ကို ဖူးမျှော်မှာဖြစ်ပြီး ဒီအခွင့်အရေးကိုတော့ သာမန်ပြည်သူတစ်ဦးကမှ လက်လွှတ်ခံချင်မှာ မဟုတ်ပါဘူး။ ဖခင်ဖြစ်သူ သောမက်စ်ကတော့ တော်ဝင်မင်္ဂလာပွဲအတွက် ဝတ်စုံကိုယ်တိုင်းယူတာ (၁၅)မိနစ်လောက်နဲ့ ပြီးသွားခဲ့ပါတယ်။ သူကတော့ ကနဦးကတည်းက သိပ်ပြီး ဟိတ်တွေဟန်တွေ ရှိတဲ့သူမဟုတ်ပါဘူးတဲ့။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE