သမီးရဲ့မင်္ဂလာပွဲအတွက် လန်ဒန်ကို တစ်ယောက်တည်းခရီးထွက်လာတဲ့ မီဂန်ရဲ့ဖခင်

တော်ဝင်မင်းသားဟယ်ရီရဲ့ ဇနီးလောင်းမီဂန်မာကယ်ရဲ့ဖခင်ဖြစ်သူ သောမတ်စ်ဟာ သမီးရဲ့မင်္ဂလာပွဲကိုဆင်နွှဲဖို့ လန်ဒန်ကို ခရီးစတင်ထွက်လာပါပြီ။ အသက်(၇၃)နှစ်ရှိပြီဖြစ်တဲ့ သောမတ်စ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညနေက မက္ကစီကို၊ ရိုဆာရီတိုမှာရှိတဲ့နေအိမ်မှ အမေရိကန်-မက္ကစီကိုနယ်စပ်ဖြစ်တဲ့ ဆန်ရီစ်ဒရိုခရိုင်ဆီကို ခရီးထွက်လာခဲ့တာဖြစ်ပါတယ်။

နယ်စပ်ဖြတ်ပြီးတဲ့အခါ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ထဲမှာပဲ တစ်ညဒေါ်လာ(၇၀)သာပေးရတဲ့ ဈေးချိုတဲ့မိုတယ်တစ်ခုမှာ တည်းခိုခဲ့ပါတယ်။ မကြာခင်မှာပဲ သောမတ်စ်ဟာ မိုတယ်အနီးနားမှာရှိတဲ့7-Eleven ဆိုင်မှာ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဖို့ ထွက်လာနေတာကို အခုလိုတွေ့ခဲ့ရပါတယ်။

လေကြေစေတဲ့ Gas-X ဆေးပြားတွေနဲ့အတူ ဟိုင်နီကန်ဘီယာနဲ့ တခြားပစ္စည်းတွေဝယ်ယူပြီး သောမတ်စ်က ဆိုင်ထဲကထွက်လာခဲ့ပါတယ်။ မေလ(၁၉)ရက်နေ့မှာကျင်းပမယ့် သမီးဖြစ်သူရဲ့မင်္ဂလာပွဲအမှီတက်ရောက်ဖို့ အပြာရောင်ခေါင်းစွပ်အင်္ကျီကို ၀တ်ဆင်ပြီးခရီးထွက်လာတဲ့အဖိုးကြီးဟာ ဆံပင်ညှပ်ခဲ့ပုံလည်း ရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ကန်စင်တန်နန်းတော်ကနေ သောမတ်စ်ဟာ မီဂန်ကိုတွဲပြီး မင်္ဂလာလျောက်လမ်းတစ်လျောက် လမ်းလျောက်လာမှာဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါသေးတယ်။ သောမတ်စ်ရဲ့ ဇနီးဟောင်း မီဂန်ရဲ့မိခင်ဖြစ်သူ အသက်(၆၁)နှစ်အရွယ် ဒိုရီယာရက်ဂ်လန်းဒ်ကတော့ မင်္ဂလာပွဲအတွက် စိန့်ဂျော့ခ်ျဘုရားကျောင်းကို ရောက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

READ
တန် ၃၀၀ ကျော် အလေးချိန်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်

ဘုရင်မကြီး၊ ချားလ်စ်မင်းသား၊ ကိန်းဘရစ်မြို့စားနဲ့ မြို့စားကတော်အပါအ၀င် လူပေါင်း(၆၀၀)လောက်ကို သောမတ်စ်ဟာ နောက်အပတ်မှာကျင်းပမယ့် မင်္ဂလာပွဲမတိုင်ခင် တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းနဲ့သာစကားပြောဖူးပြီး တစ်ခါမှအပြင်မှာမတွေ့ဖူးသေးတဲ့ သားမက်ဖြစ်သူဟယ်ရီကိုလည်း သောမတ်စ်ဟာ ပထမဦးဆုံးအကြိမ်အနေနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

သောမတ်စ်ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက လန်ဒန်သွားခရီးစဉ်အတွက် အလုပ်များနေခဲ့တာပါ။ ပွဲတက်ဝတ်စုံအတွက် ကိုယ်အတိုင်းပေးခဲ့ရပြီး မြို့ထဲမှာရှိတဲ့ဆေးဆိုင်ဆီ ဆေးစစ်သွားရတာတွေလည်း လုပ်ဆောင်ခဲ့ရပါသေးတယ်။ သောမတ်စ်ဟာ တစ်ယောက်တည်းအေးဆေးစွာ နေထိုင်တတ်သူတစ်ဦးလဲဖြစ်ပါတယ်။ သောမတ်စ်ဟာ လော့စ်အင်ဂျလိစ်မှာရှိတဲ့အလုပ်ကနေအနားယူပြီး မက္ကစီကိုဘက်ကို (၂၀၁၁)ခုနှစ်ကတည်းက ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE