အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ Melania Trump ရဲ့ ထူးခြားတဲ့ အပြုံး

Celebrity's Instagram

အမေရိကန်သမ္မတ Donald Trump ဟာ လက်ရှိဇနီး Melania မတိုင်ခင်တုန်းက တရားဝင်ဇနီးသည်နှစ်ဦးရှိခဲ့ဖူးပါတယ်။ ၁၉၇၇ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိက Ivana Zelníčková နဲ့ ပေါင်းသင်းခဲ့ပြီး အမေရိကန်ရုပ်ရှင်မင်းသမီး Marla Maples နဲ့ကိုတော့ ၁၉၉၃ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ပေါင်းသင်းခဲ့ပါတယ်။ Melania နဲ့ကတော့ ၂၀၀၅ ခုနှစ်မှ တရားဝင်လက်ထပ်ပေါင်းသင်းခဲ့တာဖြစ်ပြီး အခုအချိန်ထိ အတူတူလက်တွဲမြဲနေကြတုန်းပါပဲ။

ပထမအိမ်ထောင်နဲ့ Trump ဟာ ကလေး ၃ ယောက်ထွန်းကားခဲ့ပြီး သူတို့တွေကတော့ Donald Trump Jr. ရယ်၊ Ivana ခေါ် Ivanka ရယ်၊ နောက် Eric ရယ်ပဲဖြစ်ပါတယ်။ ဒုတိယအိမ်ထောင်နဲ့ကိုတော့ Tiffany Ariana ကို မွေးဖွားခဲ့ပါတယ်။ နောက်ဆုံး Melania နဲ့တော့ Barron Trump လေးပေါ့။

 

View this post on Instagram

 

A post shared by Ivanka Trump (@ivankatrump) on

 

 

View this post on Instagram

 

A post shared by First Lady Melania Trump (@flotus) on

Trump အနေနဲ့ သားသမီး ၅ ယောက်လောက်ရှိတဲ့အထဲ လူတိုင်းရဲ့စိတ်ထဲ ပိုဦးစားပေးတယ်လို့ ထင်နေစေတဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။ အဲဒါကတေ့ သူ့ရဲ့သမီးကြီး Ivanka နဲ့ Barron လေးပါပဲ။ Ivanka ကိုတော့ သူမရဲ့ ထက်မြက်မှုနဲ့ ပါးနပ်မှုတွေ၊ လုပ်ရည်ကိုင်ရည်တွေကြောင့် Trump ဟာ အိမ်ဖြူတော်ရဲ့ သမ္မတအကြံပေးအဖြစ်တောင် ခန့်အပ်ထားခဲ့တာပါ။ နောက်မီဒီယာတွေရှေ့မှာလည်း အမြဲတမ်းလိုလို Ivanka ကို ချီးကျူးစကားတွေဆိုခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ အငယ်ဆုံးလေး Barron Trump ပေါ့။ Barron လေးကုတော့ Trump လေးက တော်တော်လေးဂရုစိုက်ပြီးတော့ ကြင်နာတာပါ။

READ
အိမ်ထဲကိုခိုးဝင်၊ ကြောင်စာတွေစားပြီး ကြောင်ယောင်ဆောင်တဲ့ ခွေးတူဝက်တူ

ဒါပေမဲ့ Melania Trump နဲ့ Ivanka နဲ့ကို မတည့်ကြဘူးဆိုပြီး လူတွေကထင်ကြေးပေးနေခဲ့ပါတယ်။ သေတော့မသေချာပေမယ့်လို့ ပြီးခဲ့တဲ့ရက်ပိုင်းလေက်တုန်းကမှ အွန်လိုင်းပေါ်မှာ ပြန့်နှံ့လာခဲ့တဲ့ ဗီဒီယိုတစ်ခုကြောင့် ထင်မြင်ချက်တွေ ပိုခိုင်လုံလာခဲ့ပါတယ်လို့ ပြောနေကြပါတယ်။ အဲဒါကတော့ ဒီဗီဒီယိုပါ။

Twitter- @skynews

ဗီဒီယိုထဲမှာ တော့ Melania နဲ့ Ivanka တို့ နှစ်ယောက လူတွေရှေ့မှာ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ကင်မရာဖက်တွေကို မျက်နှာပေးထားတဲ့ Melania တစ်ယောက် Ivanka စင်ပေါ်လည်းတက်လည်းတက်လာရော ပြုံးပြုံးလေးပဲ နှုတ်ဆက်လိုက်တယ်။ နောက် Ivanka လည်းဟိုဖက်ရောက်သွားရော Melania ရဲ့မျက်နှာထားဟာ ချက်ချင်းကိုပြောင်းလဲသွားခဲ့တာပါ။ မော်ဒယ်လို့မပြောရဘူး၊ fake smile တွေ သိပ်တတ်တယ်။

Twitter- @skynews
Twitter- @skynews

ဒါပေမဲ့တချို့လူတွေရဲ့ ထင်မြင်ချက်ကတော့ Ivanka ဟာ Melania ကို ပြုံးတောင်မပြုံးပြဘဲ ကော့ကော့ကော့ကော့နဲ့ ရှေ့ကသာဖြတ်လျှောက်သွားခဲ့လို့ Melania တစ်ယောက် တော်တော်လေးကို ကတိကအောက်ဖြစ်သွားခဲ့ဟန်တယ်ပါတယ်တဲ့လေ။ ဒါလေးကတော့ ရိုက်မိထားခဲ့တဲ့ ဗီဒီယိုအတိုလေးပါ။

READ
စနိုက်ကြော်တဲ့မိန်းကလေးရဲ့အဝတ်ဗလာပုံကို အွန်လိုင်းပေါ်တင်ပြီးကလဲ့စားချေခဲ့သူ

 

penny

SHARE